စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများ အစည်းအဝေး နေပြည်တော်တွင် ကျင်းပခဲ့ပြီး ဘင်္ဂလားပင်လယ်အော်ဒေသအတွင်း လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် အတူတကွ ပေါင်းစည်းဖြေရှင်းနိုင်ရေးကိစ္စရပ်များ ဆွေးနွေး

စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများ အစည်းအဝေး နေပြည်တော်တွင် ကျင်းပခဲ့ပြီး ဘင်္ဂလားပင်လယ်အော်ဒေသအတွင်း လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် အတူတကွ ပေါင်းစည်းဖြေရှင်းနိုင်ရေးကိစ္စရပ်များ ဆွေးနွေး
Published 27 July 2024

စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေးကို နေပြည်တော်တွင် ဇူလိုင် ၂၆ ရက်က ကျင်းပခဲ့ပြီး ဘင်္ဂလားပင်လယ် အော်ဒေသအတွင်း လုံခြုံရေးဆိုင်ရာ စိန်ခေါ် မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် အတူတကွ ပေါင်းစည်းဖြေရှင်းနိုင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသည့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲ များ အစည်းအဝေးကို ဇူလိုင်လ ၂၆ ရက်က နေပြည်တော်ရှိ M-Gallery ဟိုတယ်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးသို့ အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများ အစည်းအဝေး သဘာပတိ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးဂ္ဂိုလ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ ဖြစ်ကြသည့် အိန္ဒိယနိုင်ငံမှ H.E. Shri Ajit Doval၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Ambassador Abdul Motaleb Sarker၊ ဘူတန်နိုင်ငံမှ Mr. Sonam Wangyel၊ နီပေါနိုင်ငံမှ H.E. Mr. Harishchandra Ghimire၊ သီရိလင်္ကာနိုင်ငံမှ General Kamal Gunaratne(Retd) WWV RWP RSP USP Ndc psc MPhil၊ ထိုင်းနိုင်ငံမှ H.E. Mr. Ruchakorn NAPAPORNPIPAT၊ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey၊ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများ အစည်းအဝေးတွင် သဘာပတိဖြစ်သူ အမျိုး သားလုံခြုံရေးဆိုင်ရာ အကြံပေးဂ္ဂိုလ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန် ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် ကြီး မိုးအောင်က အဖွင့်အမှာစကား ပြော ကြားခဲ့သည်။

ထို့နောက် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံ များဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ က ဘင်္ဂလားပင်လယ်အော် ဒေသအတွင်း လုံခြုံရေးဆိုင်ရာ သမားရိုကျ စိန်ခေါ်မှုများနှင့် သမာရိုကျ မဟုတ်သော စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် အတူတကွ ပေါင်း စည်းဖြေရှင်းနိုင်ရေးနှင့်စပ်လျဉ်းသည့် ကြေ ညာချက်ကို နိုင်ငံအလိုက် ရှင်းလင်းပြောကြား ခဲ့သည်။

ယင်းနောက်တွင် အိမ်ရှင် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်တစ်ဦးက ဇူလိုင် ၂၅ ရက်က ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် ဘင်းမ် စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအ ကဲများ အစည်းအဝေးအတွက် အကြိုညှိနှိုင်း အစည်းအဝေးမှ ထွက်ပေါ်လာသည့် တင်ပြ ချက်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဘင်းမ်စတက် အတွင်းရေးမှူးချုပ်က အကြမ်း ဖက်မှုနှိမ်နှင်းရေးနှင့် နိုင်ငံဖြတ်ကျော်မှုခင်း ဆိုင်ရာကဏ္ဍခွဲနှင့် အမျိုးသားလုံခြုံရေးနှင့်သက်ဆိုင်သည့် ကဏ္ဍများအလိုက် တိုးတက်မှု အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း သုံးသပ်ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ဘင်းမ်စတက် အမျိုးသား လုံခြုံရေးဆိုင်ရာ အကြီးအကဲများက အကြမ်း ဖက်မှုတိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါး တိုက် ဖျက်ရေး လုပ်ငန်းစဉ်များ၊ ရေကြောင်းလုံခြုံ ရေးဆိုင်ရာများနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ၊ သက်ဆိုင်ရာလုံခြုံရေးကဏ္ဍများအလိုက် ထိရောက်သည့် သတင်းအချက် အလက်များ ပိုမိုပူးပေါင်းမျှဝေနိုင်ရေး၊ ဒေသ တွင်း လက်ရှိဖြစ်ပေါ်နေသည့် လုံခြုံရေးဆိုင် ရာ အခြေအနေ၊ ကြုံတွေ့လာနိုင်သည့် လုံခြုံ ရေးဆိုင်ရာစိန်ခေါ်မှုများအတွက် ကြိုတင်ပြင် ဆင်ထားရှိရမည့် အခြေအနေနှင့် အကောင် အထည်ဖော် ဆောင်ရွက်ကြရမည့် နည်းလမ်း များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းနောက် ဆွေးနွေးချက်များအပေါ် အစည်းအဝေး သဘာပတိ ပြည်ထောင်စုဝန် ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်က ဒေသတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ဦးစားပေး အကောင်အထည်ဖော်ရမည့် အ ချက်များနှင့် အနာဂတ်တွင် အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း ပိုမိုထိတွေ့ ပူးပေါင်းဆောင်ရွက်ရ မည့် အချက်များကို ပြန်လည်သုံးသပ်ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ထို့နောက် အစည်းအဝေး သဘာပတိ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင် က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ဘင်းမ်းစတက်နိုင်ငံများ၏ လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုများအတွင်း နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုက်တွန်း ချက်ဖြစ်သည့် ဒေသတွင်း စားရေရိက္ခာ ဖူလုံ ရေးနှင့် စွမ်းအင်လုံခြုံမှုတို့အတွက် နိုင်ငံအ ချင်းချင်း ပူးပေါင်းဆောင်ရွက်မှုမှသည် ပြည် သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေးအထိ အထောက်အပံ့ဖြစ်စေရေး ပူး ပေါင်းဆောင်ရွက်ကြရန်အတွက် ပြောကြားခဲ့ ကြောင်း သိရသည်။

 

Most Read

Most Recent