အဂတိလိုက်စားမှုစွဲချက်ဖြင့် တိုင်ပေမြို့တော်ဝန်ဟောင်း ဖမ်းဆီးခံရ

အဂတိလိုက်စားမှုစွဲချက်ဖြင့် တိုင်ပေမြို့တော်ဝန်ဟောင်း ဖမ်းဆီးခံရ
Published 31 August 2024

ထိုင်ဝမ်၏ အတိုက်အခံပါတီတစ်ခုကို ဦးဆောင်သည့် တိုင်ပေမြို့တော်ဝန်ဟောင်း ကိုဝမ်ကျီသည် တိုင်ပေမြို့တော်၏ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွင် အဂတိလိုက်စားမှုစွဲချက်ဖြင့် ဩဂုတ် ၃၁ ရက်က ဖမ်းဆီးခံခဲ့ရသည်။

၂၀၁၄ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ တိုင်ပေမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ကို ၏နေအိမ်နှင့် ပါတီဌာနချုပ်ကို ဩဂုတ် ၃၀ ရက်တွင် စုံစမ်းစစ်ဆေးရေးအရာရှိများက ဝင်ရောက်စီးနင်းခဲ့ပြီး စစ်ဆေးမေးမြန်းများပြုလုပ်ခဲ့ကာ ဩဂုတ် ၃၁ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ၎င်း၏ Taiwan People ပါတီ (TPP)က ထုတ်ပြန်ခဲ့သည်။

ကိုသည် မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ချိန်က အိမ်ခြံမြေစီမံကိန်းတစ်ခုအတွက် အတည်ပြုချက်များပေးခဲ့မှုနှင့်ပတ်သက်ပြီး မည်သည့်အမှားအယွင်းမျှ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

၎င်း၏ ပါတီကလည်း ကိုအား ရုံးတင်စစ်ဆေးစဉ်ကာလအတွင်း ဖမ်းဆီးသည့်လုပ်ထုံးလုပ်နည်းသည် တရားဝင်မှု ရှိ၊ မရှိ ဂရုတစိုက် စစ်ဆေးပေးရန်နှင့် ပါတီဥက္ကဋ္ဌဖြစ်သူ ကိုဝမ်ကျီအတွက် တရားမျှတမှုဆောင်ကြဉ်းပေးရန် တရားရုံးကို တိုက်တွန်းခဲ့သည်။

Most Read

Most Recent