တေလာဆွစ်၏ ဖျော်ဖြေပွဲတွင် အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်သူသည် လူပေါင်းများစွာကို သတ်ဖြတ်ရန်စီစဉ်ထားဟု CIA ပြောကြား

တေလာဆွစ်၏ ဖျော်ဖြေပွဲတွင် အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်သူသည် လူပေါင်းများစွာကို သတ်ဖြတ်ရန်စီစဉ်ထားဟု CIA ပြောကြား
Published 31 August 2024

ဗီယင်နာတွင် တေလာဆွစ်၏ဖျော်ဖြေပွဲ၌ အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်သူဟု သံသယရှိသူများသည် ပွဲသို့ လာရောက်သည့် လူပေါင်းများစွာကို သေစေလိုကြောင်း အမေ ရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီCIA ကပြောကြားခဲ့သည်။

သြစတြီးယားအာဏာပိုင်များသို့ CIA က ပေးပို့သော ထောက်လှမ်းရေးသတင်းအ ချက်အလက်များတွင် ၎င်းတို့သည် အကြမ်း ဖက်တိုက်ခိုက်မည့်အကြံအစည်ကို ဟန့်တား နိုင်ခဲ့ကာ လူ့အသက်ပေါင်းများစွာကိုကယ် တင်ခဲ့ကြောင်း CIA ၏ လက်ထောက်ညွှန် ကြားရေးမှူး ဒေးဗစ်ကိုဟန်က ဆိုသည်။

“ဒီဖျော်ဖြေပွဲမှာ လူပေါင်းသိန်းချီရှိပါ တယ်။အမေရိကန်နိုင်ငံသားများစွာပါနေ လိမ့်မယ်လို့ ကျွန်တော်ကျိန်းသေပြောနိုုင်ပါ တယ်” ဟု ကိုဟန်ကဆိုသည်။

သံသယရှိသူများ၏ အစီအစဉ်သည်အဆင့်မြင့်ကြောင်း ၎င်းင်းကပြောကြားခဲ့သည်။

တိုက်ခိုက်ရန်အကြံအစည်နှင့် ဆက်နွှယ်၍ ဆယ်ကျော်သက်သံသယရှိသူအမျိုး သားသုံးဦးကို ဖမ်းဆီးခဲ့ကာ IS အဖွဲ့၏လှုံ့ ဆော်မှု၏ ယူဆထားသည်။

၀ါရှင်တန်ဒီစီမြို့တော်အပြင်ဘက်ရှိ နှစ်စဉ်ပြုလုပ်နေကြ ထောက်လှမ်းရေးညီလာခံ၌ ကိုဟန်က သံသယရှိသူများကိုဖမ်းဆီးရမိခြင်းသည် CIA အတွက်သာမက ဆွစ်၏ ပရိသတ်များအတွက် ကောင်းမွန်သည့်နေ့ တစ်နေ့ဖြစ်ကြောင်းပြောကြားခဲ့သည်။

“အေဂျင်စီနဲ့ ထောက်လှမ်းရေးအသိုင်း အဝိုင်းက ဒီကြံစည်မှုဟာ ISIS နဲ့ဆက်နွှယ် နေတယ်ဆိုတဲ့သတင်းအချက်အလက်တွေ ကြောင့်သြစတြီးယားအစိုးရကသံသယရှိသူ တွေကို ဖမ်းဆီးနိုင်ခဲ့ပါတယ်” ဟုကိုဟန်ကဆို သည်။

၎င်း၏အေဂျင်စီက အကြမ်းဖက်တိုက် ခိုက်ရန်ကြံစည်မှုအကြောင်း မည်သို့သိရှိခဲ့ ခြင်းကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။

Most Read

Most Recent