AA အဖွဲ့၏ တိုက်ခိုက်မှုကြောင့် ဘင်္ဂါလီ ၂၀၀၀ ကျော် သေဆုံးခဲ့ကြောင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ကျူးလွန်ပါက AA အဖွဲ့အား နိုင်ငံတကာက ပိတ်ဆို့အရေးယူများချမှတ်မှုကို စဉ်းစားရန် ဘင်္ဂါလီအရေးလှုပ်ရှားသည့် ၂၈ ဖွဲ့နှင့် အရပ်ဖက်အဖွဲ့အစည်း ၁၁၅ ဖွဲ့က သဘောထားထုတ်ပြန်

AA အဖွဲ့၏ တိုက်ခိုက်မှုကြောင့် ဘင်္ဂါလီ ၂၀၀၀ ကျော် သေဆုံးခဲ့ကြောင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ကျူးလွန်ပါက AA အဖွဲ့အား နိုင်ငံတကာက ပိတ်ဆို့အရေးယူများချမှတ်မှုကို စဉ်းစားရန် ဘင်္ဂါလီအရေးလှုပ်ရှားသည့် ၂၈ ဖွဲ့နှင့် အရပ်ဖက်အဖွဲ့အစည်း ၁၁၅ ဖွဲ့က သဘောထားထုတ်ပြန်
Published 24 August 2024

AA အဖွဲ့၏ တိုက်ခိုက်မှုကြောင့် ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား) ၂၀၀၀ ကျော် သေဆုံးခဲ့ကြောင်းနှင့် ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား) များအပေါ်  လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ကျူးလွန်ပါက နိုင်ငံတကာအနေဖြင့် AA အဖွဲ့အား ပိတ်ဆို့အရေးယူများ ချမှတ်မှုကို စဉ်းစားရန် ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား) အရေးလှုပ်ရှားသည့် ၂၈ ဖွဲ့နှင့် အရပ်ဖက်အဖွဲ့အစည်း ၁၁၅ ဖွဲ့က သြဂုတ် ၂၃ ရက်တွင် သဘောထားထုတ်ပြန်သည်။

ယခုထုတ်ပြန်ချက်တွင်ပါဝင်သည့် အရပ်ဖက်အဖွဲ့အစည်း ၁၁၅ တွင် ၅၉ ဖွဲ့သည် အမည်များဖော်ပြထားသော်လည်း ကျန် ၅၆ ဖွဲ့မှာ လုံခြုံရေးအခြေအနေကြောင့် အမည်ဖော်ပြထားခြင်းမရှိကြောင်း ဖော်ပြထားသည်ကိုတွေ့ရသည်။

ထို့အတူ ထုတ်ပြန်ချက်တွင် AA အဖွဲ့အပေါ် စွပ်စွဲထားချက်များအပါဝင် မြန်မာ့တပ်မတော်နှင့်ပတ်သက်၍ စွပ်စွဲဖော်ပြထားချက်အချို့ ပါဝင်သည်။

အဆိုပါကြေညာချက်တွင် AA အဖွဲ့သည် မောင်တောမြို့သို့ တိုက်စစ်ဆင်နေစဉ် ပြင်းထန်သော တိုက်ပွဲများဖြစ်ပွားသောကြောင့် မောင်တောမြို့မှ နတ်မြစ်ကို ဖြတ်ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ရန် နတ်မြစ်ကမ်းနားတွင် ဘေးကင်းရာ ခိုလှုံရန်ကြိုးစားနေသည့် ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား) အရပ်သားများသည် ၂၀၂၄ ခုနှစ် သြဂုတ် ၅ ရက်တွင် AA အဖွဲ့က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၂ဝဝ ခန့် သေဆုံးခဲ့ကြောင်း  ထိခိုက်နစ်နာသူ အများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် AA ၏ ထိန်းချုပ်နယ်မြေများမှ ဒရုန်းများနှင့် အမြောက်များကို ပစ်လွှတ်ခဲ့ကြောင်း မျက်မြင်သက်သေ အများအပြားက ၎င်းတို့အားပြောကြားခဲ့ကြောင်း မကြာသေးမီ ရက်သတ္တပတ်များအတွင်း မောင်တောမြို့ပေါ်နှင့် ပတ်ဝန်းကျင်ရှိ ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား)ကျေးရွာများတွင် နေ့စဉ် ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား) အရပ်သား ဒါဇင်နှင့်ချီ သေဆုံးစေခဲ့သော AA ၏ အလားတူ ဒရုန်းဖြင့် တိုက်ခိုက်သည့် ပုံစံအတိုင်း နတ်မြစ်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် AA နှင့် မြန်မာတပ်မတော်(မူရင်းတွင် မြန်မာစစ်အုပ်စုဟုဖော်ပြထား)တို့အကြား လက်နက်ကိုင် ပဋိပက္ခအတွင်း ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား)  အရပ်သားများသည် အရပ်ဘက် စစ်ဘက် မခွဲခြားဘဲ ညှပ်ပူးညှပ်ပိတ် ပစ်ခတ်ခံနေရပြီး နှစ်ဖက်လုံးမှ ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား) အရပ်သားများအား ဗျူဟာ မြောက်စွာ ပစ်မှတ်ထားလျက်ရှိဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ AA အဖွဲ့သည် ဘူးသီးတောင်မြို့အား ထိန်းချုပ်ရေးစစ်ဆင်ရေးကို ၂၀၂၄ ခုနှစ် မေလ ၁၈ ရက်တွင် ပြီးဆုံးပြီးနောက် မောင်တောမြို့နယ်ကို သိမ်းယူရန် ရည်မှန်းထားကြောင်း၊ အဆိုပါစစ်ဆင်ရေးအတွင်း AA အဖွဲ့သည် ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား)များ၏ အိမ်များ၊ ရွာများကို မီးရှို့ဖျက်ဆီးပြီး ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား) ၂ဝဝဝ ကျော်ကို သတ်ဖြတ်ခဲ့သလို ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား)  အရပ်သားများအပေါ်ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်များလည်း ကျူးလွန်ခဲ့ကြောင်း AA အဖွဲ့သည် မီးရှို့မှုများအတွက် မြန်မာတပ်မတော်(မူရင်းတွင် မြန်မာစစ်အုပ်စုဟုဖော်ပြထား)မှ လုပ်ဆောင်ခဲ့သည့် လေကြောင်း တိုက်ခိုက်မှုများကို အပြစ်တင်ရန် ကြိုးပမ်းနေပြီး ထိုအဆိုကို အများက ကျယ်ကျယ်ပြန့်ပြန် ဝေဖန်ငြင်းဆန်ထားကာ  ဩဂုတ် ၅ ရက် တိုက်ခိုက်မှုအတွက် AA အဖွဲ့က တာဝန်မရှိကြောင်း ငြင်းဆိုထားသည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။

AA အဖွဲ့အနေဖြင့် ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား)နှင့် ရခိုင်ဒေသရှိ အခြားသော လူမျိုးရေး၊ ဘာသာရေး အစုအဖွဲ့များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရက်စက် ကြမ်းကြုတ်မှုများ အားလုံးကို ရပ်ဆိုင်းရန်၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများနှင့်ပတ်သက်၍ ဖြစ်စဉ်များ ဖော်ထုတ်ရန်နှင့် ကျူးလွန်သူများကို အရေးယူရန် ကုလသမဂ္ဂမှ ဦးဆောင်သော လွတ်လပ်သော စုံစမ်းစစ်ဆေးမှုကို ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက် ခွင့်ပြုရန်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက် အကူအညီပေးခွင့် ပေးအပ်ရန်အချက်များကိုလည်း ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်ကိုတွေ့ရသည်။

Most Read

Most Recent