မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေး
Published 25 June 2024

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မ တနိုင်ငံသံအမတ်ကြီး  H.E.Mr. Chen Hai မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းတို့  ဇွန် ၂၄ ရက် နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ဧည့်ခန်းမတွင် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် မွန်ပြည်နယ်ထွက် အသီးအနှံများဖြစ်သည့် ဒူးရင်း၊ မင်းဂွတ်၊ ကြက်မောက်နှင့် စက်မှု ကုန်ကြမ်းဖြစ်သည့် ရော်ဘာများ အများအပြား ထွက်ရှိသည့်အပြင် ရေထွက်ပစ္စည်းများလည်း ထွက်ရှိသည့်အတွက် ဒေသတွင်း ရင်းနှီးမြှုပ်နှံမှု ပိုမိုဆောင်ရွက်နိုင်ရန်၊ တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသည့် မွန်ပြည်နယ်ထွက် ဝဥနှင့် ပီလောပီနံအခြောက်များ အမှုန့်ပြုလုပ်ရန်အတွက် နည်းပညာအကူအညီရရှိရေးနှင့် မီးလင်းရေးလုပ်ငန်းများ ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် မော်လမြိုင်တက္ကသိုလ်သည် ယခင်ကတည်းက တရုတ်နိုင်ငံနှင့်ပညာရေး ပူးပေါင်း ဆောင်ရွက်မှုများရှိခဲ့သည့်အတွက် ယင်းတက္က သိုလ်မှ ဆရာ ဆရာမများ ဖိုရမ်၊ ကွန်ဖရင့်၊ သင်တန်းများနှင့် scholarship ရရှိရေးအ တွက်ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ်သည် တည်နေရာ ကောင်း၍ ဖွံ့ဖြိုးမှုရှိသည့် ပြည်နယ်တစ်ခုဖြစ် သည့်အားလျော်စွာ တရုတ်နိုင်ငံရှိ လုပ်ငန်း ရှင်များ ရင်းနှီးမြှုပ်နှံနိုင်ရေး၊ တရုတ်နိုင်ငံမှ လျှပ်စစ်ကား (EV) များ ဖြန့်ဖြူးရောင်းချ လျက်ရှိသဖြင့် ကားတာယာများ ပြုလုပ်ရာ တွင် မြန်မာနိုင်ငံမှထွက်ရှိသည့် ရော်ဘာကုန် ကြမ်းများ အသုံးပြုနိုင်ရေးကိစ္စနှင့် နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းများ အလေးထားဆောင် ရွက်သွားရေးနှင့် စပ်လျဉ်း၍လည်း ရင်းနှီးပွင့် လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။

အဆိုပါတွေ့ဆုံပွဲသို့ မွန်ပြည်နယ်ဝန်ကြီး ချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန် ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

 

 

 

---------

 

Most Read

Most Recent