မြဝတီမြို့တွင်းသို့ ရေဝင်ရောက်မှုအနည်းငယ်ကျဆင်းနေသော်လည်း အဓိကဆက်သွယ်ရေး လမ်းကြောင်းများရှိ လမ်းမကြီးများ ရေနစ်မြုပ်နေဆဲဖြစ်၍ ယာဉ်များသွားလာမရသေး

မြဝတီမြို့တွင်းသို့ ရေဝင်ရောက်မှုအနည်းငယ်ကျဆင်းနေသော်လည်း အဓိကဆက်သွယ်ရေး လမ်းကြောင်းများရှိ လမ်းမကြီးများ ရေနစ်မြုပ်နေဆဲဖြစ်၍ ယာဉ်များသွားလာမရသေး
Published 27 July 2024
 ကိုရွှေသိန်း (မြဝတီ)

မြဝတီမြို့တွင်းသို့ရေဝင်ရောက်မှု အ နည်းငယ်ကျဆင်းနေသော်လည်း အဓိက ဆက်သွယ်ရေး လမ်းကြောင်း များဖြစ်သော ဘုရင့်နောင်လမ်း(အမှတ်၄ ရပ်ကွက်ရုံးရှေ့)၊ ဗိုလ်ချုပ်လမ်း၊ အမှတ်၅ ရပ်ကွက်ရှိ လမ်းမ ကြီးများ ရေနစ်မြုပ်နေဆဲဖြစ်၍ ယာဉ်သွား လာမရသေးကြောင်း သိရသည်။

ဘုရင့်နောင်လမ်းတွင် ဘုရင့်နောင်စျေး ဘက်မှပြည်သူ့ ဆေးရုံကြီးအဝင်ဝအထိသာ သွားလာ၍ရသလို အမှတ် ၅ ရပ်ကွက်သို့ဆက် သွယ်ထားသည့် ဦးအောင်ဇေယျလမ်းတွင် ဆက်သွယ်ရေးစာတိုက်ရှေ့ထိသာ သွားလာ၍ရကာ  လှေမရှိသည့်အရပ်ဒေသဖြစ်ခြင်းကြောင့် ရေထဲ၌ လမ်းလျှောက်သွားလာနေ ကြရသည်။

သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင်း သို့ဝင်ရောက်မှုမှာ ယခင်၂၀၁၃ ခုနှစ်က ရေလျှံမှုကိုမှီရန် သုံးပေခန့်သာလိုခဲ့ပြီး ရပ် ကွက် အားလုံးရှိ ကုန်းမြင့်မဟုတ်သောနေရာ များ ရေနစ်မြုပ်သည့်အတွက်  လူအများအ ပြား ရေဘေးဒုက္ခ ကြုံနေရသလို ဆုံးရှုံးမှု တန်ဖိုး မြင့်မားလျက်ရှိသည်။

“ယခုတစ်ကြိမ် ရေကြီးတာကတော့ ယခင် ၂၀၁၃ ခုနှစ်စံချိန်ကို မီဖို့ သုံးပေလောက် ပဲ လိုပါတယ်။ ခုပြန်ကျနေလို့တော်ပါသေး တယ်။ အိမ်အပေါ်ထပ်ထိ မရောက်ခဲ့ဘူး၊ မိသားစုတွေက ကယ်ဆယ်ရေး စခန်းကို မသွားဘဲ အိမ်အပေါ်ထပ်မှာ နေကြတယ်။ဘာပဲပြောပြော ရေကြီးရေလျှံမှုဖြစ်လို့ အိမ် ထဲကို ရေဝင်ရင်တော့ ဆုံးရှုံးမှု အနည်းအ များ ဖြစ်တာပါပဲ” ဟု မိုးကုတ်စက်ဝိုင်းကျောင်း လမ်းတွင် နေထိုင်သူတစ်ဦးက ပြောကြား သည်။

မြဝတီမြို့ ဘုန်းတော်ကြီးကျောင်းနှင့် ဓမ္မာရုံများတွင် ဖွင့်လှစ်ထားသော ရေဘေး ကယ်ဆယ်ရေးစခန်းများ၌ ခိုလှုံနေသည့် ရေ ဘေးသင့်ပြည်သူ တစ်သောင်းခန့် ရှိနေပြီး စားသောက်ရေး၊အဝတ်အထည်နှင့် သောက် သုံးရေ လိုအပ်ချက်များပြားလျက်ရှိသည်။

သောင်ရင်းမြစ် ရေသည် ဇူလိုင်၂၅ ရက် ညတွင်းချင်းမြင့်တက်ခဲ့ ခြင်းကြောင့် ကမ်းစပ် အနီးရှိ ကာစီနို လောင်းကစားဂိမ်းရုံးများ အ ပါအဝင်နေအိမ်များနစ်မြုပ်ခဲ့သလို မဲဆောက် ဘက်ခြမ်းရှိ ရေပေါ်စျေး၊ဂျပန်တစ်ပတ်ရစ် ကားများ သိုလှောင်ရောင်းချသော ခြံများ ရေဝင်ရောက်ခြင်းကြောင့် မော်တော်ယာဉ် ရာနှင့်ချီ၍ ရေနစ်မြုပ်သွားကြောင်း သိရ သည်။

                  

Most Read

Most Recent