ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူကားလမ်းပေါ်ရှိ ဒနုံးချောင်းတံတားပေါ် တောင်ကျရေကျော်နေသည့်အတွက် ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလာရ ခက်ခဲနေ

ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူကားလမ်းပေါ်ရှိ ဒနုံးချောင်းတံတားပေါ် တောင်ကျရေကျော်နေသည့်အတွက် ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလာရ ခက်ခဲနေ
ဒနုံးချောင်းကို ဖြတ်သန်းရန် စောင့်ဆိုင်းနေသည့် မော်တော်ယာဉ်များကို တွေ့ရစဉ် (ဓာတ်ပုံ-  CJ)
ဒနုံးချောင်းကို ဖြတ်သန်းရန် စောင့်ဆိုင်းနေသည့် မော်တော်ယာဉ်များကို တွေ့ရစဉ် (ဓာတ်ပုံ-  CJ)
Published 18 June 2024

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့မှ ဘုရားသုံးဆူမြို့ဘက်သို့သွားရာ ကြာအင်း ဆိပ်ကြီး-ဘုရားသုံးဆူ ကားလမ်းပေါ်ရှိ ဒနုံး ချောင်းတံတားပေါ် ရေကျော်နေသည့်အ တွက်ကြောင့် ကုန်စည်စီးဆင်းမှုနှင့် ခရီးသွား လာရခက်ခဲနေကြောင်း ကားသမားများနှင့် ခရီးသွားပြည်သူများ၏ ပြောကြားချက်များ အရ သိရသည်။

မိုးဆက်တိုက်ရွာသွန်းနေသည့်အတွက် တောင်ကျရေကျပြီး ဒနုံးချောင်းရေလျှံနေ သောကြောင့်  ကြာအင်းဆိပ်ကြီး-ဘုရားသုံး ဆူလမ်းပေါ်ရှိ ဒနုံးချောင်းတံတားပေါ် ရေ ကျော်နေသဖြင့် ကုန်တင်ယာဉ်ကြီး၊ ယာဉ် ငယ်များ၊ ခရီးသည်တင်ယာဉ်များ အားလုံး ဖောင်ဖြင့်သာ ကူးဖြတ်နေကြရကြောင်း ကား သမားတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ဒနုံးချောင်းတံ တားက ရေကြီးလို့ နစ်မြုပ်သွားပြီ။ သွားရေး လာရေးက အရင်ကလို မလွယ်ကူတော့ဘူး။ ဖောင်တွေနဲ့ ကူးရတဲ့အတွက် ကားတွေက မနက်ပိုင်းကနေ ညနေပိုင်းအထိကို တန်းစီ ပြီးစောင့်နေကြရတယ်။ ဖောင်ကလည်း တစ် ခုပဲ ရှိတဲ့တော့ ကုန်ပစ္စည်းတွေပါတဲ့ကားတွေ ရော၊ ခရီးသည်တင်ကားတွေရော သွားရေး လာရေး အခက်အခဲဖြစ်နေကြတယ်” ဟု ပြောကြားသည်။

ဒနုံးချောင်းကို ဖြတ်သန်းရန်အတွက် စောင့်ဆိုင်းနေကြသည့် မော်တော်ယာဉ်များ၊ များပြားနေသည့်အတွက်ကြောင့် နှစ်ရက်သုံး ရက်ခန့်အထိ စောင့်ဆိုင်းကာ သွားလာနေကြ ရကြောင်းလည်း အဆိုပါကားသမားက ပြော ကြားသည်။

မိုးရွာသွန်းမှုများကြောင့် မြဝတီ- ကော့ ကရိတ် ဒေါနတောင်ကျော်လမ်းများမှ ခရီး သွားလာ၍ ခက်ခဲနေသည့်အတွက်ကြောင့် ထိုင်းနိုင်ငံဘက်သို့ သွားရောက်ကြမည့်သူများ အနေဖြင့် ဘုရားသုံးဆူနယ်စပ်မြို့ဘက်မှ သွား လာမှု များပြားလာကြောင်း ခရီးသွားပြည်သူ များထံမှ သိရသည်။

“မြဝတီဘက်ကိုသွားမယ့် လမ်းတွေက ပျက်နေတော့ ထိုင်းနိုင်ငံဘက်ကို အောက် လမ်း (တရားမဝင်လမ်းကြောင်း) က သွားကြ မယ့်လူတွေက ဘုရားသုံးဆူမြို့ဘက်က တစ် ဆင့် ထိုင်းဘက်ကို သွားလာနေကြတာ များ လာတယ်။ အဲ့ဒီအတွက် ပြည်တွင်းကနေ ဘု ရားသုံးဆူဘက်ကို လာကြတဲ့သူတွေများ တယ်” ဟု ခရီးသွားတစ်ဦးက ဆက်လက်ပြော ကြားသည်။

လက်ရှိ ကြာအင်းဆိပ်ကြီးမြို့အထွက်ရှိ ဒနုံးချောင်းတံတား ရေကျော်နေသည့်အတွက် ကြောင့် လမ်းတွင် နှစ်ညခန့်အိပ်၍ သွားလာ နေကြရကြောင်းလည်း ၎င်းင်းက ဆိုသည်။

မွန်ပြည်နယ်အတွင်းမှ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ ဘက်သို့ သွားရောက်ကြရာတွင် မော်လမြိုင်- ကျိုက်မရော-ဖာသိမ်-ကျုံကွယ်- ကြာအင်း ဆိပ်ကြီး-ဘုရားသုံးဆူကားလမ်း၊ မုဒုံ- ချောင်း နှစ်ခွ-သံပုရာ-ကြာအင်းဆိပ်ကြီး- ဘုရားသုံး ဆူကားလမ်း၊ မုဒုံ-အဘစ်-တောင်ဒီး- တောင် ပေါက်-ဝင်းရော်-ကြာအင်းဆိပ်ကြီး- ဘုရား သုံးဆူကားလမ်း၊ သံဖြူဇရပ်-သက္ကော- အနန်း ကွင်-ဘုရားသုံးဆူကားလမ်းနှင့် ရေး-ဘုရား သုံးဆူကားလမ်း စသည်ဖြင့် ကားလမ်းများရှိ သော်လည်း ခရီးသွားပြည်သူများ၏ လုံခြုံရေး အခြေအနအရ အဆင်ပြေသည့်လမ်းကြောင်း များမှ သွားလာနေကြရကြောင်း သိရသည်။

ထို့ပြင် လက်ရှိ မိုးရာသီကာလအတွင်း မုဒုံ-အဘစ်-တောင်ဒီး-တောင်ပေါက်-ဝင်း ရော်-ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူကား လမ်းအား အသုံးပြုသွားလာမှု များပြားပြီး ကျန်လမ်းများမှာ မိုးရွာသွန်းမှုကြောင့် လမ်း များ ပျက်စီးနေတတ်သည့်အတွက်ကြောင့် သွားရေးလာရေး အဆင်မပြေကြောင်းလည်း ကားသမားများ၏ ပြောကြားချက်များအရ သိရသည်။