ယူရို-၂၀၂၄ ပြိုင်ပွဲ၌ ခြေစွမ်းပြနေသည့် စပိန်တောင်ပံကစားသမား နီကိုဝီလျံစ်ကို ခေါ်ယူနိုင်စွမ်းရှိသည်ဟု ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာ ပြောကြား

ယူရို-၂၀၂၄ ပြိုင်ပွဲ၌ ခြေစွမ်းပြနေသည့် စပိန်တောင်ပံကစားသမား နီကိုဝီလျံစ်ကို ခေါ်ယူနိုင်စွမ်းရှိသည်ဟု ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာ ပြောကြား
Photo: AFP
Photo: AFP
Published 10 July 2024

 

ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက ယူရို-၂၀၂၄ ပြိုင်ပွဲ၌ ခြေစွမ်းပြနေသည့် စပိန်တောင်ပံကစားသမား နီကိုဝီလျံစ်ကို ခေါ်ယူနိုင်စွမ်းရှိကြောင်း ပြောကြားခဲ့သည်။ 

နီကိုဝီလျံစ်(၂၁ နှစ်)သည် ဘီလ်ဘာအိုအသင်းတွင် တောက်လျှောက်ခြေစွမ်းပြနေသည့်အတွက် ယူရိုပြိုင်ပွဲမတိုင်မီကတည်းက ဘာစီလိုနာအသင်း ခေါ်ယူရန် စောင့်ကြည့်နေသော ကစားသမားဖြစ်သည်။ 

၎င်းသည် ဘီလ်ဘာအိုအသင်းနှင့် ယူရို(၅၈)သန်းတန် လျော်ကြေးစာချုပ်ချုပ်ဆိုထားသောကြောင့် ဘာစီလိုနာအသင်း ခေါ်ယူရန် အခက်တွေ့ဖွယ်ရှိကြောင်း ထင်ကြေးပေးမှုများ ထွက်ပေါ်နေသော်လည်း လာပေါ်တာက ခေါ်ယူနိုင်စွမ်းရှိကြောင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် လာပေါ်တာက မိမိအနေဖြင့်လည်း နီကိုဝီလျံစ်ကို သဘောကျကြောင်း ပြောကြားခဲ့သည်။ သို့သော် အလားအလာကောင်းများပိုင်ဆိုင်ထားပြီး အသင်းကြီးများသဘောကျနေသည့် နီကိုဝီလျံစ်ကို ခေါ်ယူရန်မှာမူ ဘာစီလိုနာအသင်းအတွက် အခက်တွေ့ဖွယ်ရှိနေသည်။

Most Read

Most Recent