အကျဘက် ဦးတည်လာသည့် ငွေလဲနှုန်းအခြေအနေ

အကျဘက် ဦးတည်လာသည့် ငွေလဲနှုန်းအခြေအနေ
Published 1 September 2024

ဗဟိုဘဏ်က သြဂုတ်လအတွင်း ဒေါ်လာ ၁၉၃ သန်းကျော် ထုတ်ရောင်းခဲ့သည်။ ဗဟိုဘဏ်က ရက်အလိုက် ဒေါ်လာထုတ် ရောင်းခဲ့သဖြင့် နိုင်ငံခြားငွေကြေးစျေးကွက် အတွင်း တစ်ဒေါ်လာ ကျပ် ၆၀၀၀ ကျော် ရှိခဲ့ သည့် ဒေါ်လာစျေး တဖြည်းဖြည်းကျဆင်းလာ ခဲ့ရာ သြဂုတ် ၃၀ ရက်တွင် တစ်ဒေါ်လာ  ကျပ် ၅၅၀၀ ဝန်းကျင်သို့ ရောက်ရှိခဲ့သည်။

ဗဟိုဘဏ်က သြဂုတ်လအတွင်း ဒေါ် လာထုတ်ရောင်းမှုတွင် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း AD လိုင်စင်ရဘဏ်များအနေဖြင့် ၂၀၂၄ ခုနှစ် သြဂုတ် ၁ ရက်တွင် နိုင်ငံခြားငွေကြေးစျေး ကွက်တွင် ‌စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီ များ၊ ဆေးဝါးနှင့် ဆေးဝါးနှင့်ဆက်စပ်သော ပစ္စည်းများ တင်သွင်းသည့် ကုမ္ပဏီများနှင့် ဓာတ်မြေသြဇာတင်သွင်းသည့် ကုမ္ပဏီများသို့  FX Trading Platform မှတစ်ဆင့် ထိုင်း ဘတ် ၆၉ သန်းနှင့် တရုတ်ယွမ် ကိုးသန်း ရောင်းချခဲ့သည်။

သြဂုတ် ၂ ရက်ထုတ်ပြန်ချက်အရ စက်သုံးဆီကဏ္ဍ၊ စားသုံးဆီကဏ္ဍနှင့် ဆေးဝါး ကဏ္ဍများအတွက် FX Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာငါးသန်းနှင့် တရုတ်ယွမ် ငါးသန်း ရောင်းချခဲ့သည်။

ဗဟိုဘဏ်အနေဖြင့် တစ်ပတ်အတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် အခြားအရေးကြီး ကုန်စည်များအတွက် FX Trading Platform မှတစ်ဆင့် ဒေါ်လာခြောက်သန်း၊ တရုတ်ယွမ် ငါးသန်းနှင့် ထိုင်းဘတ် ၁၀ သန်းကို ရောင်း ချပေးခဲ့ကြောင်း သြဂုတ် ၉ ရက် က ထုတ်ပြန် ထားသည်။

ဗဟိုဘဏ်အနေဖြင့်  နိုင်ငံခြားငွေကြေး စျေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များ အား ဒေါ်လာသန်း ၁၀၀ ပံ့ပိုးပေးရန် စီစဉ် ထားကြောင်း သြဂုတ် ၁၄ ရက်က ထုတ်ပြန်ခဲ့ သည်။ ယင်းနောက် သြဂုတ် ၁၅ ရက်က တစ် ဒေါ်လာလျှင် ကျပ် ၃၄၀၀ နှုန်းဖြင့် ဒေါ်လာ ကိုးသန်းကျော် (၉၄၉၈၆၀၇ ဒသမ ၂၄) ထုတ် ရောင်းခဲ့သည်။ သြဂုတ် ၁၉ ရက်၌ တစ် ဒေါ် လာလျှင် ကျပ် ၃၄၁၀ နှုန်းဖြင့် သန်း ၉၀ နီးပါး (၈၉၉၇၅၃၅၀ ဒသမ ၇၆) ဖြင့် နှစ်ရက်အ တွင်းဒေါ်လာ ၉၉ သန်းကျော်(၉၉၄၇၃၉၅၈) ထုတ်ရောင်းပေးခဲ့သည်။

သြဂုတ် ၂၂ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာလျှင် ကျပ် ၃၄၄၀ ဖြင့် ဒေါ်လာ ၃၁ သန်း၊ သြဂုတ် ၂၆ ရက်တွင် တစ်ဒေါ် လာ လျှင် ကျပ် ၃၄၆၀ ဖြင့် ဒေါ်လာ ၃၅ သန်း ကျော် (၃၅၀၉၇၈၅၈ ဒသမ ၅၉)၊ သြဂုတ် ၂၈ ရက်တွင် တစ်ဒေါ်လာ ၃၄၇၂ ကျပ်ဖြင့် ၁၆ ဒသမ ၉ သန်း ထုတ်ရောင်းခဲ့သည်။ သို့ဖြစ်ရာ သြဂုတ် ၁ ရက်မှ ၃၁ ရက်အထိ စုစုပေါင်း ဒေါ်လာ ၁၉၃ သန်းကျော် ရောင်းချခဲ့ခြင်း ဖြစ်သည်။

သြဂုတ်လအတွင်း နိုင်ငံခြားငွေလဲနှုန်း  အနေဖြင့် သြဂုတ် ၆ ရက်က တစ်ဒေါ်လာ လျှင် ကျပ် ၅၄၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ သည်။ သြဂုတ် ၇ ရက်တွင် ၅၅၀၀ ဝန်းကျင်၊  သြဂုတ် ၈ ရက်တွင် တစ်ဒေါ်လာ ကျပ် ၅၇၀၀ ကျော်အထိ မြင့်တက်ခဲ့သည်။ ယင်းနေ့တွင် ယူရို ၆၀၀၀ ကျော်၊ စင်ကာပူဒေါ် လာ ၄၀၀၀ ကျော်နှင့်ထိုင်းဘတ် ၁၆၀ ဝန်းကျင်အထိ မြင့်တက်ခဲ့သည်။

စျေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း   အမြင့်ဆုံးမြင့်တက်မှုအနေဖြင့် ၂၀၂၄ ခုနှစ် သြဂုတ် ၁၃ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၇၂၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ရာမှ သြ ဂုတ်  ၁၄ ရက် နံနက်ပိုင်းမှစတင်ကာ ဒေါ်လာ စျေးအကျဘက်ကို ဦးတည်လာခဲ့ခြင်းဖြစ် သည်။ သြဂုတ် ၁၄ ရက် နံနက်ပိုင်းတွင် တစ် ဒေါ်လာလျှင် ကျပ် ၇၁၀၀ ဝန်းကျင်၊ နေ့ လယ်ပိုင်းတွင် ကျပ်  ၇၀၀၀ နှင့် ညနေပိုင်းတွင် ကျပ် ၆၅၀၀ ဝန်းကျင်အထိ တစ်ရက်အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၆၀၀ ဝန်းကျင် ကျ ဆင်းခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၁၃ ရက်က ရွှေငွေစျေးကွက် အတွင်း ငွေလဲနှုန်းအတက်ကြမ်းခဲ့ပြီး စံချိန် တင်စျေးနှုန်းမြင့်တက်သည်အထိ ဖြစ်ပေါ်ခဲ့ သည်။ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာလျှင် ကျပ် ၇၀၀၀ ကျော်၊ စင်ကာပူတစ်ဒေါ်လာ လျှင် ကျပ် ၅၀၀၀ ဝန်းကျင်နှင့်ထိုင်းဘတ် ကျပ် ၂၀၀ ကျော်၊ တရုတ်ယွမ်အနေဖြင့် ကျပ် ၁၀၀၀ ဝန်းကျင်၊ မလေးငွေ ၁၄၀၀- ၁၅၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့သည်။

သြဂုတ် ၁၅ ရက် နံနက်ပိုင်းတွင် ကျပ် ၆၂၀၀- ၆၅၀၀ ဝန်းကျင်ရှိနေပြီး နေ့လယ် ပိုင်းတွင် ကျပ် ၆၀၀၀-၆၃၀၀ ဝန်းကျင်အထိ ဆက်လက်ကျဆင်းခဲ့သည်။ သို့ဖြစ်ရာ သုံး ရက်အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၁၀၀၀ ဝန်းကျင်အထိ ကျဆင်းခဲ့ခြင်းဖြစ်သည်။

“အဲဒီမတိုင်ခင်လေးမှာ  အမြင့်ဆုံးတက် နေချိန်မှာ လူတွေအရမ်းလုဝယ်နေတာမို့ အမြင့်ဆုံးအထိ တက်သွားတာပါ။ သို့ပေမဲ့ အဲဒီအချိန်မှာ အရောင်းအဝယ်စျေးအရမ်းဟသွားပါတယ်။ ဒေါ်လာတစ်ခုတည်းမဟုတ် ပါဘူး။ နိုင်ငံခြားငွေအကုန်ပေါ့လေ။  ၇၂၀၀ လောက်အထိ တက်သွားတယ်။ ဘတ်စျေး ဆို ၂၀၆ လောက်အထိ အရောင်းအဝယ်ဖြစ် ခဲ့တယ်။ အဲဒီအချိန်မှာ သတင်းထူးတစ်ခု ကြောင့်  အဝယ်သမားတွေ တစ်ချက်အဝယ် ရပ်တာနဲ့ ချက်ချင်းပြန်ကျတာပါ။ ဘာလို့ဆို အမြင့်ဆုံးတက်တဲ့နေ့ကတည်းက စျေးအရမ်း ခွာသွားတာကို တွေ့ရမှာပါ” ဟု myanmar market price မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

သြဂုတ် ၁၆ ရက်တွင် နံနက်ပိုင်းက  တစ် ဒေါ်လာလျှင် ကျပ် ၆၂၀၀ ရှိခဲ့ရာမှ ညနေပိုင်း တွင် တစ်ဒေါ်လာ ၅၇၀၀ အထိ ကျဆင်းကာ ညပိုင်းတွင် တစ်ဒေါ်လာ ၆၀၀၀ ရှိခဲ့သည်။

သြဂုတ် ၁၈ ရက်တွင် တစ်ဒေါ်လာ ကျပ် ၆၃၀၀၊ သြဂုတ် ၁၉ ရက်တွင် တစ်ဒေါ်လာ ကျပ် ၆၃၅၀၊ သြဂုတ် ၂၀ ရက်တွင် ၆၃၅၀ ဝန်းကျင်ရှိခဲ့သည်။ သို့သော် သြဂုတ် ၂၁ ရက် တွင် တစ်ဒေါ်လာလျှင် ကျပ် ၅၈၀၀ ဝန်းကျင် သို့ ပြန်လည်ကျဆင်းလာခဲ့သည်။

          ယင်းနောက် ဒေါ်လာစျေး ဆက်လက် ကျဆင်းလာပြီး သြဂုတ် ၂၇ ရက်တွင် တစ် ဒေါ်လာလျှင် ၅၆၅၀၊ သြဂုတ် ၃၀ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၅၅၀၀ အထိ ဆက် လက်ကျဆင်းခဲ့သည်။

“မြန်မာနိုင်ငံရဲ့ ငွေစျေးနှုန်းအတက်အ ကျတွေဟာ ဘယ်အပေါ်မှာ မူတည်လဲဆိုတာ ပြောပြချင်ပါတယ်။ ပထမတစ်ချက် နိုင်ငံတ ကာငွေစျေးတွေအပေါ် မူတည်ပါတယ်။ ဒုတိယတစ်ချက်က ကိုယ့်နိုင်ငံငွေကြေးပေါ် ယုံကြည်မှုအပေါ် မူတည်ပါတယ်။ တတိယ တစ်ချက် ဝယ်လိုအားရောင်းလိုအားပေါ် မူ တည်ပါတယ်” ဟု myanmar market price မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ပထမတစ်ချက် နိုင်ငံမှာ USD က ငွေ တန်ဖိုးကျရင် မြန်မာမှာလည်း USD တန်ဖိုးကျ ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာမှာ USD ကျ နေပေမဲ့ မြန်မာမှာ ဝယ်လိုအားများနေရင် မြန်မာက USD က မကျဘဲ တက်နေတာ မဟုတ် ငြိမ်နေဦးမှာဖြစ်ပါတယ်။ အဲဒါကိုမှ ကိုယ့်နိုင်ငံ ကျပ်ငွေအပေါ် ယုံကြည်မှုပါ မရှိ နေရင်တော့ ကမ္ဘာမှာ ဘယ်လောက်ကျကျ မြန်မာမှာ တက်နေဦးမှာပဲဖြစ်ပါတယ်” ဟု  ၎င်းကဆိုသည်။

၂၀၂၄ ခုနှစ် သြဂုတ် ၃၀ ရက်တွင် ဖြစ် ပေါ်သော နိုင်ငံခြားငွေကြေးများ လဲလှယ်မှု နှုန်းထားများမှာ ဒေါ်လာ ကျပ် ၅၅၅၀၊ ယူရို ကျပ် ၆၁၀၀၊ စင်ကာပူဒေါ်လာ ၄၂၃၅ ကျပ်၊ မလေးရှားရင်းဂစ် ၁၂၇၈ ကျပ်၊ ထိုင်းဘတ် ၁၆၂ ဒသမ ၆ ကျပ်၊ တရုတ်ယွမ် ၇၇၇ ကျပ်၊ ဂျပန်ယန်း ၃၈ ဒသမ ၁၃ ကျပ်တို့ဖြစ်သည်။

“ဘယ်တော့လောက် ဖြစ်သင့်တဲ့စျေး ဖြစ်သွားမလဲဆိုရင် ဝယ်လိုအားနည်းလာ မယ့်အခါမှသာ နိုင်ငံတကာနှုန်းတွေအတိုင်း ဖြစ်သွားမှာဖြစ်ပါတယ်။ နောက်တစ်ချက် ပြောချင်တာကတော့ မြန်မာကျပ်ငွေအပေါ် ယုံကြည်ချက်မဲ့လို့  ကျပ်တန်ဖိုးကျဆင်းရင် နိုင်ငံခြားငွေတန်ဖိုး အကုန်လုံး ပြိုင်တူမြင့် တက်မှာဖြစ်ပြီး ကျပ်ငွေအပေါ် ယုံကြည်မှု ပြန်ရလာရင် နိုင်ငံခြားငွေအကုန် ပြိုင်တူပြန် ကျမှာပါ။ ဒီအချက်ကတော့ ပြိုင်တူတက် ပြိုင် တူကျပါတယ်” ဟု myanmar market price မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောကြား သည်။

Most Read

Most Recent