ပထမဆုံးပရီးမီးယားလိဂ်အဝေးကွင်းပွဲ၌ သွင်းဂိုး(၆)ဂိုးရရှိအောင် စွမ်းဆောင်နိုင်သည့် ပထမဆုံးနည်းပြအဖြစ် မာရက်စကာမှတ်တမ်းဝင်

ပထမဆုံးပရီးမီးယားလိဂ်အဝေးကွင်းပွဲ၌ သွင်းဂိုး(၆)ဂိုးရရှိအောင် စွမ်းဆောင်နိုင်သည့် ပထမဆုံးနည်းပြအဖြစ် မာရက်စကာမှတ်တမ်းဝင်
Photo : Getty Images
Photo : Getty Images
Published 26 August 2024

ချယ်လ်ဆီးအသင်း၏နည်းပြ မာရက်စကာသည် ပထမဆုံးယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲ၌ သွင်းဂိုး(၆)ဂိုးရရှိအောင် စွမ်းဆောင်နိုင်သည့် ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

မာရက်စကာသည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းကို စတင်ကိုင်တွယ်ခြင်းဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲဦးထွက်၌ မန်စီးတီးအား အိမ်ကွင်း၌ အရှုံးပေးခဲ့ရသော်လည်း ဒုတိယပွဲတွင် ဝုလ်ဗ်အသင်းအား အဝေးကွင်း၌ ဂိုးဒါဇင်ဝက်သွင်းယူကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။

သက်တမ်း(၃၃)နှစ်ရှိပြီဖြစ်သည့် ပရီးမီးယားလိဂ် ပြိုင်ပွဲ၌ မာရက်စကာကဲ့သို့ စွမ်းဆောင်နိုင်သည့် နည်းပြ မရှိဖူးကြောင်း သိရသည်။

မာရက်စကာသည် ကွန်းဖရန့်လိဂ် Play-offs ပထမအကျော့တွင်လည်း နိုင်ပွဲရယူနိုင်ခဲ့သည်။

Most Read

Most Recent