အီတလီစီးရီးအေပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo : Getty Images
Photo : Getty Images
Published 1 September 2024

ဂျူဗင်တပ်စ် နှင့် ရိုးမား

ဂျူဗင်တပ်စ်က ရိုးမားနဲ့တွေ့ဆုံတဲ့ စီးရီးအေအိမ်ကွင်း နောက်ဆုံး (၄)ပွဲဆက် မရှုံးခဲ့ဘူး။ (၃)ပွဲနိုင်ခဲ့သလို၊ အနိုင်ရတဲ့ ပွဲတိုင်းလည်း Clean Sheet ရခဲ့တယ်။ ရိုးမားက ဒီရော့ဆီလက်ထက်မှာ အပေါင်းလက္ခဏာဆောင်တဲ့ အနေအထားမျိုးရှိခဲ့ပေမဲ့ ရလဒ်တွေကတော့ အားရစရာမရှိသေးဘူး။ အထူးသဖြင့် တိုက်စစ်မှူးသစ် ဒေါ့ဗ်ဘိခ်အနေနဲ့ အသင်းနဲ့ အံဝင်ခွင့်ကျမရှိသေးတာကလည်း ရိုးမားအတွက် ထိုးနှက်ချက်ပဲ။ တူရင်မှာ ဂျူဗင်တပ်စ်အသင်း နိုင်ပွဲဆက်လိမ့်မယ်။ ဂျူဗင်တပ်စ် (၂-ဝ) ရိုးမား ဖြစ်နိုင်တယ်။

ဖီအိုရင်တီးနား နှင့် မွန်ဇာ

ဖီအိုရင်တီးနားက အိမ်ကွင်းမာဂုဏ်မြင့်တယ်။ နောက်ဆုံးပွဲမှာ ဗင်နီဇီယာကို သရေသာကစားခဲ့ပေမဲ့ ဂိုးကံခေခဲ့တာကိုတော့ သတိပြုရမယ်။ မွန်ဇာကတော့ လက်ရှိအချိန်အထိ သွင်းဂိုးပျောက်ဆုံးနေဆဲဖြစ်ပြီး တိုက်စစ်က အတော်လေးရုန်းကန်နေရတယ်။ ဖီအိုရင်တီးနားကို ကြိုက်တယ်။

ဂျီနိုအာ နှင့် ဗီရိုနာ

ဗီရိုနာက နာပိုလီကို ဂိုးပြတ်နိုင်ခဲ့ပေမဲ့ ဂျူဗင်တပ်စ်ကို ဂိုးပြတ်ပြန်ရှုံးခဲ့တယ်။ ဂျီနိုအာက အိမ်ကွင်းမာကျောပြီး အင်တာမီလန်ကိုတောင် ဒုက္ခပေးနိုင်ခဲ့တယ်။ ဂျီနိုအာအနိုင်ရဖို့များပြီး ဂိုးနည်းနိုင်တယ်။

အူဒီးနီးစ် နှင့် ကိုမို

ကိုမိုက အဝေးကွင်းပွဲစဉ်တွေ တောက်လျှောက်ကစားနေရပြီး နောက်ဆုံးပွဲမှာတော့ ရမှတ်ရယူနိုင်ခဲ့တယ်။ အူဒီးနီးစ်က ဒီရာသီမှာ ပိုကောင်းလာတဲ့အသင်းပါ။ ဒါပေမဲ့ ကိုမိုအသင်း အနေနဲ့ သရေတစ်မှတ်တော့ မျှော်လင့်ခွင့်ရှိတယ်။

Most Read

Most Recent