ပရီးမီးယားလိဂ်ပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 18 August 2024

ဘရန့်ဖို့ဒ် - ခရစ္စတယ်ပဲလေ့စ် (တနင်္ဂနွေည ရး၃၀ နာရီ)

ဘရန့်ဖို့ဒ်အသင်းက အသင်းငယ်တွေထဲမှာ တော်တော်လေး တည်ငြိမ်တယ် ပြော ရမယ်။ ပဲလေ့စ်ကတော့ အိုလီဆေးကို ဆုံးရှုံးထားရတယ်။ ဒါပေမဲ့ ဂလက်စနာက နည်းပြ ကောင်းတစ်ဦးဆိုတာကို သက်သေပြခဲ့ပြီးသားပါ။ ဘရန့်ဖို့ဒ်အတွက် အိမ်ကွင်းမှာကစားရ တယ်ဆိုရင်တောင် ပဲလေ့စ်ကိုတော့ အနိုင်ရဖို့အတွက် ခက်ခဲလိမ့်မယ်။ ပဲလေ့စ်ကိုပဲ သ ဘောကျတယ်။ 

ချယ်လ်ဆီး - မန်စီးတီး (တနင်္ဂနွေည ၁၀း၀၀ နာရီ)

ချယ်လ်ဆီးက မနှစ်က မန်စီးတီးနဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲတွေမှာ တော်တော်လေး အခက်တွေ့အောင် လုပ်ပြနိုင်ခဲ့တယ်။ ကစား အားကောင်းပြီး စိတ်ဓာတ်ပြင်းတဲ့လူငယ်တွေရဲ့ အားကောင်းတဲ့ ကြံ့ခိုင်မှုတွေက မန်စီးတီးကို အခက်တွေ့စေတဲ့အထိလုပ် နိုင်ခဲ့တယ်။ ဒါပေမဲ့ နိုင်ပွဲအတွက် လုံလောက်တဲ့ အင်အားတော့မရှိဘူး။ ဒီရာသီ ချယ်လ်ဆီးက ပိုချက်တီနိုနဲ့သာဆိုရင် အထိုင် တစ်ခု၊ အရွေ့တစ်ခုကို စတင်ရည်မှန်းလို့ရနိုင်ပေမယ့် အခုတော့ အစကနေ ပြန်စနေရတယ်။ ရာသီကြိုမှာကစားခဲ့တဲ့ခြေစွမ်း က မဆိုးပေမယ့် အသင်းကောင်းတစ်သင်းအဆင့်ပဲ ရှိတယ်။ အသင်းကြီးဟန်ပန်မရှိဘူး။ မန်စီးတီးနဲ့ အရမ်းကွာတာ အဲဒီအပိုင်း တွေလည်းဖြစ်နေတယ်။ မန်စီးတီးက လူအင်အားအများကြီး မဖြည့်ထားပေမယ့်လည်း ခိုင်မာပြီး အားကောင်းတယ်။ ချယ်လ် ဆီးကွင်းဆိုပေမယ့် နိုင်ပွဲ ယူနိုင်တယ်။ 

Most Read

Most Recent