ကွင်းလယ်ကစားသမားသစ် ထပ်မံခေါ်ယူမည်မဟုတ်ဟု ဟန်ဆီဖလစ်ခ်ပြောကြားခဲ့ပြီး အသင်းတွင် အရည်အသွေးမြင့် ကွင်းလယ်ကစားသမားများ ရှိနှင့်ပြီးဖြစ်ဟုဆို

ကွင်းလယ်ကစားသမားသစ် ထပ်မံခေါ်ယူမည်မဟုတ်ဟု ဟန်ဆီဖလစ်ခ်ပြောကြားခဲ့ပြီး အသင်းတွင် အရည်အသွေးမြင့် ကွင်းလယ်ကစားသမားများ ရှိနှင့်ပြီးဖြစ်ဟုဆို
Photo: Barca Universal
Photo: Barca Universal
Published 8 August 2024

ဘာစီလိုနာအသင်း၏ ဂျာမနီလူမျိုးနည်းပြ ဟန်ဆီဖလစ်ခ်က ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကွင်းလယ်ကစားသမားသစ် ထပ်မံခေါ်ယူတော့မည်မဟုတ်ဘဲ မိမိတို့အသင်းတွင် အရည်အသွေးမြင့် ကွင်းလယ်ကစားသမားများ ရှိနှင့်ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် ၂၀၂၄ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း လိုက်ပ်ဇစ်အသင်းမှ စပိန်လက်ရွေးစင်တောင်ပံကစားသမား ဒါနီအော်လ်မိုတစ်ဦးကိုသာ ခေါ်ယူထားနိုင်ခဲ့ပြီး အသင်းအနေဖြင့် ကွင်းလယ်နှင့် တိုက်စစ်ပိုင်းအတွက် ကစားသမားသစ်များထပ်မံခေါ်ယူဖွယ်ရှိနေကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အသင်း၏ကွင်းလယ်ကစားသမားသစ် ခေါ်ယူမည့်အခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းမှုများအပေါ် ဟန်ဆီဖလစ်ခ်က ''ကျွန်တော်တို့မှာ တစ်ဦးချင်းအရအရည်အသွေးမြင့်တဲ့ကွင်းလယ်လူတွေရှိပါတယ်။ တချို့ကစားသမားတွေဒဏ်ရာရနေတယ်ဆိုပေမဲ့ လက်ရှိမှာ သူတို့ပြန်လာနိုင်ခဲ့ပါပြီ။ အသင်းအနေနဲ့ ကွင်းလယ်အတွက် အကောင်းဆုံး အင်အားဖြည့်တင်းထားတယ်လို့ ကျွန်တော်ထင်ပါတယ်'' ဟု ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် လက်ကျန် နွေစျေးကွက်အတွင်း ကစားသမားသစ်အနည်းဆုံး (၂)ဦးထပ်မံခေါ်ယူရန် စီစဉ်ထားကြောင်းသိရသည်။