ယနေ့ညကစားမည့် စပိန်လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ညကစားမည့် စပိန်လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo : AFP
Photo : AFP
Published 1 September 2024

ရီးယဲလ်မက်ဒရစ် နှင့် ဘက်တစ်

ဘက်တစ်ကလည်း ကြားရက်မှာ ကွန်းဖရန့်လိဂ်ပွဲကစားထားရပြီး ရီးယဲလ်မက်ဒရစ်ကလည်း လာလီဂါမှာ လက်စ်ပါမားစ်နဲ့ ကစားထားရတယ်။ ဘက်တစ်ရဲ့ဒီရာသီအစလာလီဂါပွဲတွေက သရေပွဲတွေများနေတယ်။ တိုက်စစ်ပိုင်းအတွက် ဘာစီလိုနာက ဗစ်တာရိုကေးကိုခေါ်ယူထားပြီး ဘာတွေအပြောင်းအလဲ ဖြစ်လာနိုင်မလဲစောင့်ကြည့်ရဦးမယ်။ ရီးယဲလ်မက်ဒရစ်ကလည်း ဒီရာသီအစမှာ သိပ်ခြေမစွာနိုင်သေးဘူး။  အမ်ဘာပေကလည်း ထင်ထားသလောက်ခြေစွမ်းမပြသေးဘဲ ရုန်းကန်နေရပုံပေါ်တယ်။ ဒီကြားထဲ ဘယ်လင်ဂမ်မကစားနိုင်တာက အသင်းရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ချိတ်ဆက်မှုဟန်ချက်ကိုအားလျော့သွားသလိုဖြစ်နေတယ်။ ဘက်တစ်ကလည်း အဝေးကွင်းဆိုခံစစ်ပဲ ပိုသတိထားကစားတတ်တဲ့အသင်းပါ။ ဒီပွဲလည်း ဂိုးနည်း သရေလို့ပဲ မှန်းထားချင်တယ်။  

အလာဗတ်စ် နှင့် လက်စ်ပါမားစ်

လက်စ်ပါမားစ်ကတော့ ထုံးစံအတိုင်းအဝေးကွင်းရောက်ရင်အားနည်းသွားတုန်းပါပဲ။ အဝေးကွင်းမှာ လီဟာနက်စ်လိုတန်း တက်အသင်းကိုရှုံးထားပုံနဲ့တော့ အလာဗတ်စ်လိုအိမ်ကွင်းအားနဲ့ကစားတဲ့အသင်းကိုလည်း လက်စ်ပါမားစ်ထိန်းနိုင်မယ်ထင်ဘူး။ လက်ပါမားစ်တို့ အမှတ်ရဖို့ ရေကုန်ရေခန်းရုန်းကန်လာနိုင်ပေမယ့် အိမ်ရှင်အလာဗတ်စ်နဲ့ ဂိုးအများပဲရွေးမယ်။

အိုဆာဆူနာ နှင့် ဆယ်လ်တာဗီဂို

ဆယ်လ်တာဗီဂိုရဲ့ ရာသီအစတိုက်စစ်ကစားပုံကတော့ အားရစရာပါပဲ။ ဒါပေမဲ့ ခံစစ်လျော့နေသေးပြီး အဝေးကွင်းမှာဆို ပိုပြီးတော့တောင် အားနည်းနေသေးတယ်။ အိုဆာဆူနာကတော့ ပုံမှန်အနေအထားမျိုးနဲ့ကစားနေပြီး အိမ်ကွင်းကစားပုံမာကျောတဲ့အသင်းဖြစ်လို့ ဆယ်လ်တာဗီဂိုကို ထိန်းချုပ်နိုင်ဖို့မခက်လှဘူးထင်တယ်။ ဆယ်လ်တာဗီဂိုတို့ အမှတ်ရဖို့ရုန်းကန်လာနိုင်ပေမယ့် အိုဆာဆူနာနဲ့ ဂိုးအနည်းပဲရွေးထားချင်တယ်။

ဆီဗီလာ နှင့် ဂျီရိုနာ

အဓိက ကစားသမားအများစုကို လက်လွှတ်ဆုံးရှုံးထားရတဲ့ ဂျီရိုနာတို့ အခုဆီဗီးလ်မြေမှာလည်း တည်ငြိမ်မှုရဖို့ခက်ခဲနေဦးမှာပါ။ ဒါ့ပြင် အဝေးကွင်းဆိုရင် ဂျီရိုနာရဲ့ကစားပုံက ပိုအားနည်းလေ့ရှိပြီး ခံစစ်ပိုင်းကလည်း အမှားအယွင်းများတာတွေ့ရပါတယ်။ လက်ရှိ ဆီဗီလာရဲ့ခြေစွမ်းက အားရစရာမကောင်းလှပေမယ့် အိမ်ကွင်းအားနဲ့ ဂျီရိုနာကို ဖိအားပေးသွားနိုင်ဖို့များလိမ့်မယ်။ ဆီဗီလာနဲ့ ဂိုးအများပဲကောင်းမယ်။

ဂီတာဖေး နှင့် ဆိုစီဒက်

လက်ရှိဆိုစီဒက်ရဲ့ကစားအားနဲ့တော့ အိမ်ကွင်းပိုမာတဲ့ ဂီတာဖေးကိုကျော်ဖြတ်ပြဖို့ သိပ်မဖြစ်နိုင်ဘူး။ ဂီတာဖေးရဲ့ ရာသီအစကစားပုံ၊ ကစားအားမဆိုးလှလို့ အခုပွဲလည်း အနိမ့်ဆုံး အမှတ်ရဖို့ကြိုးစားလာမှာပါ။ ဂီတာဖေးပဲ ရွေးထားကြည့်ချင်တယ်။ ဂိုးနည်းမယ်။

Most Read

Most Recent