■ ဘွန်ဒစ်လီဂါပွဲစဉ် (၂) ပွဲကြိုသုံးသပ်ချက် 

■ ဘွန်ဒစ်လီဂါပွဲစဉ် (၂) ပွဲကြိုသုံးသပ်ချက် 
Published 31 August 2024

စတုဂတ် - မိန့်ဇ် (မြန်မာစံတော်ချိန် သြဂုတ်လ ၃၁ ရက် ည ၈:၀၀ နာရီ)

စတုဂတ်အသင်းမှာ အမာခံကစားသမားတချို့ ထွက်သွားပေမဲ့ ထိုက်သင့်တဲ့ အင်အားဖြည့်တင်းမှုမျိုးတော့ ပြန်လုပ်ထားတာ တွေ့ရတယ်။ စတုဂတ်အသင်း ဒီပွဲမှာ နိုင်ပွဲစယူသွားဖို့ များနေတယ်။



ဖရန့်ဖတ် - ဟော်ဖန်ဟင်မ် (မြန်မာစံတော်ချိန် သြဂုတ်လ ၃၁ ရက် ည ၈:၀၀ နာရီ)

ဟော်ဖန်ဟင်မ်အသင်းမှာ တိုက်စစ်မှူး ခရမ်မာရစ်က အားကိုးနေရဆဲပါပဲ။ အဝေးကွင်းဖြစ်ပေမဲ့ ဟော်ဖန်ဟင်မ် သရေမျှော်လင့်လို့ရတယ်။



၀ါဒါဘရီမင် - ဒေါ့မွန် (မြန်မာစံတော်ချိန် သြဂုတ်လ ၃၁ ရက် ည ၈:၀၀ နာရီ)

 ဒေါ့မွန်အသင်းက နည်းပြရော ကစားသမားပိုင်းပါ အပြောင်းအလဲများထားလို့ နိုင်ပွဲနဲ့စထားပေမဲ့ စောင့်ကြည့်ရဦးမယ်ထင်တယ်။ အိမ်ရှင်ဖြစ်တဲ့ ဝါဒါဘရီမင်အသင်းနဲ့ စွန့်စားတာ ပိုကောင်းမယ်။



ဘိုဟုမ် - မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် သြဂုတ်လ ၃၁ ရက် ည ၈:၀၀ နာရီ)

မိုချန်ဂလာဘတ်အသင်းက လေဗာကူဆင်ကို အတိုင်းအတာတစ်ခုအထိ ဒုက္ခပေးနိုင်ခဲ့တယ်။ မိုချန်ရဲ့အဝေးကွင်းခြေစွမ်း မယုံရပေမဲ့ အမှတ်တော့ ရနိုင်တယ်။



ဟော်စတိုင်ကီလ် - ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် သြဂုတ်လ ၃၁ ရက် ည ၈:၀၀ နာရီ)

တန်းတက်ကလပ်ရဲ့ အိမ်ကွင်းကစားအား ဘယ်လောက်ရှိမလဲ စိတ်ဝင်စားစရာကောင်းပါတယ်။ ဝုလ်ဖ်ဘတ်အသင်း အဖက်ဖက်သာပေမဲ့ အိမ်ရှင်နဲ့ စွန့်စားချင်တယ်။



လေဗာကူဆင် - လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် သြဂုတ်လ ၃၁ ရက် ည ၁၁:၀၀ နာရီ)

လေဗာကူဆင်အသင်းရဲ့ဘွန်ဒစ်လီဂါပွဲစဉ်(၅)လောက်အထိ ပွဲကျပ်တွေကစားရမယ့် အနေအထားရှိတယ်။ ဒါဟာ ချန်ပီယံ လေဗာကူဆင်အသင်းအတွက် ကြီးမားတဲ့စမ်းသပ်မှုတစ်ခုဖြစ်ပြီး ကျော်လွှားနိုင်ရင် ပြီးခဲ့တဲ့ရာသီကလို ယုံကြည်မှုမျိုး ပြန်တည်ဆောက်နိုင်မယ်ထင်တယ်။ လက်ရှိအချိန်ထိတော့ ဘွန်ဒစ်လီဂါမှာ (၃၅)ပွဲဆက်တိုက် ရှုံးပွဲမရှိတဲ့မှတ်တမ်းကိုတော့ ဆက်လက်ပိုင်ဆိုင်ထားဆဲပါပဲ။ လိုက်ပ်ဇစ်အသင်းရဲ့ ရာသီအစခြေစွမ်းကတော့ မှန်းဆရခက်နိုင်တယ်။ လေဗာကူဆင်အသင်းကို ဒုက္ခပေးနိုင်တဲ့အင်အားရှိပေမဲ့ အိမ်ရှင်ပဲ နိုင်ဖို့ များတယ်။