■ လာလီဂါပွဲစဉ် (၄) ပွဲကြိုသုံးသပ်ချက် 

■ လာလီဂါပွဲစဉ် (၄) ပွဲကြိုသုံးသပ်ချက် 
Photo: Sky Sports
Photo: Sky Sports
Published 31 August 2024

ဘာစီလိုနာ - ဗယ်လာဒိုးလစ် (မြန်မာစံတော်ချိန် သြဂုတ်လ ၃၁ ရက် ည ၉:၃၀ နာရီ)

ရီးယဲလ်မက်ဒရစ်နဲ့ အဝေးကွင်းပွဲမှာ ဗယ်လာဒိုလစ်ကစားသွားခဲ့တဲ့ခြေစွမ်းအရတော့ ဘာစီလိုနာကိုလည်း အဝေးကွင်းမှာထိန်းချုပ်နိုင်မယ့်ပုံမပေါ်ပါဘူး။ ဘာစီလိုနာက နည်းပြ ဟန်ဆီဖလစ်ခ်လက်ထက်မှာ ရာနှုန်းပြည့်နိုင်ပွဲဆက်နေပြီး တိုက်စစ်ပြီးရင်း တိုက်စစ်ကစားနေတဲ့အပြင် ဂိုးသွင်းနိုင်သူတွေကလည်း များနေလို့ ဗယ်လာဒိုလစ်ခံစစ်ဒီပွဲလည်း ပြိုသွားဦးမှာ သေချာတယ်။ ဘာစီလိုနာနဲ့ ဂိုးအများပဲ ကြိုက်တယ်။



ဘီလ်ဘာအို - အက်သလက်တီကို (မြန်မာစံတော်ချိန် သြဂုတ်လ ၃၁ ရက် ည ၁၁:၃၀ နာရီ)

ဘီလ်ဘာအိုရဲ့ ရာသီအစခြေစွမ်းက အားရစရာသိပ်မရှိလှသေးဘူး။ နည်းပြဗယ်လ်ဗာဒီရဲ့လူကြီး၊ လူငယ်တွဲစပ်မှု သိပ်အံမဝင်သေးသလိုဖြစ်နေတယ်။ နီကိုဝီလီယံစ်ကလည်း အသေးစားဒဏ်ရာနဲ့ ခြေစွမ်းသိပ်မပြနိုင်သေးဘူး။ အက်သလက်တီကိုကတော့ အင်အားသစ်တွေနဲ့ တဖြည်းဖြည်းအသားပိုကျလာသ လိုတွေ့ရတယ်။ ဒါပေမဲ့ ခံစစ်မှာတော့ လီနော်မန့်၊ လွန်းဂလတ်တို့လို လူသစ်တွေနဲ့ ဟီမင်နက်ဇ်၊ ဗစ်ဆဲလ်၊ အက်ဇ်ပီလီကွယ်တာတို့လို လူဟောင်းတွေအကြားပေါင်းစပ်မှုအတွက် အချိန်ပေး ရဦးမယ်။ တိုက်စစ်ကတော့ အယ်လ်ဗာရက်ဇ်၊ ဆော်လော့သ်၊ ဂရီးဇ်မန်းတို့ကြား နားလည်မှုပိုကောင်းလာပြီး ဂိုးတွေလည်း သွင်းနိုင်နေတယ်။ ဒါကြောင့် ဘီလ်ဘာအိုအတွက်အိမ်ရှင်ဆိုပေမယ့် ခံစစ်ပိုသတိထားကစားရမယ့်ပွဲမျိုးဖြစ်နေတယ်။ ဂိုးအနည်းနဲ့ သရေကျသွားနိုင်တယ်။



အက်စ်ပန်ညို - ဗယ်လက်ကာနို (မြန်မာစံတော်ချိန် သြဂုတ်လ ၃၁ ရက် ည ၁၁:၄၅ နာရီ)

ဒီပွဲက ဗယ်လက်ကာနို်အတွက် ရာသီအစ (၄)ပွဲမှာ (၃)ပွဲ မြောက်အဝေးကွင်းပွဲဖြစ်တယ်။ ပြီးခဲ့တဲ့ အဝေးကွင်း (၂)ပွဲစလုံးကိုလည်း ဗယ်လက်ကာနို မရှုံးအောင်ကစားထားနိုင်တယ်။ အက်စ်ပန်ညိုအိမ်ကွင်း ကစားပုံမဆိုးပေမယ့် ခြေပိုငြိမ်တဲ့ ဗယ်လက်ကာနိုနဲ့ ဂိုးအနည်းပဲကောင်းမယ်။



ဗလင်စီယာ - ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁ ရက် နံနက် ၂:၀၀ နာရီ)

ရာသီအစမှာ ဗီလာရီးယဲလ်တိုက်စစ်အစွမ်းပိုပြနေတယ်။ ခံစစ်ပိုင်းစိတ်မချရသေးပေမယ့် တိုက်စစ်က ဂိုးတွေပိုရအောင်ကစားလာနိုင်လို့ ယုံကြည်မှုမြင့်နေပုံပါပဲ။ ဗလင်စီယာရဲ့ ရာသီအစ ခြေစွမ်းကတော့ အားရစရာသိပ်မကောင်းလှသေးဘူး။ အိမ်ကွင်းအားနဲ့ကစားနေပေမယ့် ခံစစ်ပိုင်းက တည်ငြိမ်မှုလိုနေသေးတယ်။ ဒီပွဲရဲ့ အဓိက အဖြေဖြစ်လာမှာက ဗီလာရီးယဲလ်တိုက်စစ်အစွမ်းပြနိုင်ဦးမလားဆိုတာပါပဲ။ ဗီလာရီးယဲလ်နဲ့ ဂိုးအများပဲ ကြိုက်တယ်။



လီဟာနက်စ် - မာယော့ကာ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁ ရက် နံနက် ၂:၀၀ နာရီ)

တန်းတက်အသင်းတွေထဲမှာ လီဟာနက်စ်ကစားပုံမဆိုးဘူး။ ကစားအားလည်း ကောင်းတယ်။ အိမ်ကွင်းကစားပုံလည်း  မာကျောမှုရှိလို့ မာယော့ကာကိုလည်း ဖိအားပေးကစားနိုင်ဦးမှာ သေချာတယ်။ မာယော့ကာကလည်း အဝေးကွင်းမှာ ခံကစားတတ်လို့ သရေတစ်မှတ်ယူဖို့ မခက်လှပါဘူး။ ဂိုးနည်းမယ်။