စပိန်အသင်း၏စွမ်းဆောင်မှုကို မော်ရင်ဟို အံ့အားသင့်

စပိန်အသင်း၏စွမ်းဆောင်မှုကို မော်ရင်ဟို အံ့အားသင့်
Photo: X
Photo: X
Published 11 July 2024

နာမည်ကျော် ဖီနာဘာချီနည်းပြ မော်ရင်ဟိုက ယူရို ၂၀၂၄ ပြိုင်ပွဲမှ စပိန်အသင်း၏ စွမ်းဆောင်မှုအပေါ် အံ့အားသင့်မိကြောင်း ဝန်ခံပြောကြားခဲ့သည်။

မော်ရင်ဟိုသည် ယူရိုပြိုင်ပွဲ မစတင်မီက ပေါ်တူဂီ၊ ပြင်သစ်နှင့် အင်္ဂလန်အသင်းတို့သည် ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်ကြောင်း ခန့်မှန်းခဲ့သူူဖြစ်သည်။

လက်ရှိတွင် စပိန်အသင်းသည် ပြင်သစ်အသင်းကို ဆီမီးဖိုင်နယ်တွင် အနိုင်ယူကာ ဗို်လ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်သည်။

မော်ရင်ဟိုက ''စပိန်အသင်းဟာ ယူရိုပြိုင်ပွဲမှာ ပွဲတွေကစားနေစဉ်အတွင်းမှာပဲ တစ်ပွဲထက်တစ်ပွဲ ပိုပြီးတိုးတက်လာခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ စပိန်အသင်းရဲ့ စွမ်းဆောင်မှုက ကျွန်တော့်ကို အကြီးအကျယ် အံ့အားသင့်စေပါတယ်''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent