ယူရို-၂၀၂၄ ဆီမီးဖိုင်နယ်ပွဲစဉ် ပွဲကြိုသုံးသပ်ချက်

ယူရို-၂၀၂၄ ဆီမီးဖိုင်နယ်ပွဲစဉ် ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 10 July 2024

နယ်သာလန် - အင်္ဂလန် (ကြာသပတေးနံနက် ၁း၃၀ နာရီ)

နယ်သာလန်အသင်းက ဒီပြိုင်ပွဲမှာ သိပ်မျှော်လင့်မထားပေမယ့် ကိုယ့်အလုပ် ကိုယ်လုပ်ရင်း ရှေ့ကိုဆက်လာခဲ့တာတွေ့ ရတယ်။ အသင်းလိုက် ကစားဟန်က တဖြည်းဖြည်း တိုးတက်လာပြီး စုစည်းမှု ပိုအားကောင်းလာတယ်။ တိုက်စစ်ပိုင်းမှာ ဂက် ပို အားကိုးရသလို၊ လူစားဝင်လာတဲ့အချိန်မှာ ထိထိရောက်ရောက် ကစားနိုင်တဲ့ ဗက်ဟော့စ်ကိုလည်း အင်္ဂလန်ခံစစ်က သတိ ထားရမယ်။ အင်္ဂလန်အသင်းကတော့ ပြိုင်ပွဲတစ်လျှောက်လုံး အကောင်းဆုံးပုံစံ မပြနိုင်သေးသးဘူး။ ဒါပေမဲ့ ဆွစ်ဇာလန်နဲ့ က စားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ စုစည်းမှုတချို့ကို မြင်ရတယ်။ တိုးတက်လာတာကို တွေ့ရတယ်။ ဖိုဒန်ကို ပိုအားကောင်း တဲ့ Central Zone မှာ မြင်လာရသလို ဘူကာယိုဆာကာလည်း လမ်းကြောင်းတွေ ပိုပွင့်လာတာတွေ့ရတယ်။ မိန်နူးနဲ့ ရိုက်စ် က ပိုအတွဲမိလာပြီး အင်္ဂလန်ဟန်ချက်ပျက်နေချိန်တွေမှာ ကိုးလ်ပါမာ ဝင်လာရင် ပိုအားကောင်းလာတတ်တယ်။ နယ်သာလန် က ဆွစ်ဇာလန်လောက် မမာကျောတာ တွေ့ရပေမယ့် လုပ်ရည်ကိုင်ရည်ရှိပြီး ခံစစ်လည်း ပိုစနစ်ကျတယ်။ အထူးသဖြင့် တောင်ပံ ခံစစ်တွေက တော်တော်အားကိုးရတယ်။ အင်္ဂလန်ကျပ်မယ်။ မိနစ် ၉၀ သရေပဲ သွားလိမ့်မယ်။ 

Most Read

Most Recent