■ ဂျာမန်ဖလား ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက် 

■ ဂျာမန်ဖလား ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက် 
Published 24 May 2024

ကိုင်ဇာစလော့တန် - လေဗာကူဆင် (မြန်မာစံတော်ချိန် မေလ ၂၆ ရက် နံနက် ၀၀:၃၀ နာရီ)



ဘွန်ဒစ်လီဂါချန်ပီယံအသင်းနဲ့ ဘွန်ဒစ်လီဂါ-၂ ပြိုင်ပွဲမှာ တန်းဆင်းဇုန်ကလွတ်အောင် ကြိုးပမ်းခဲ့ရတဲ့ အသင်းကြားမှာ အဆင့်အတန်းတော့ အတော်ကွာပါတယ်။ ရာသီအဆုံးသတ်ပိုင်းမှာ ကိုင်ဇာစလော့တန် ရလဒ်တွေကောင်းခဲ့ပေမဲ့ လေဗာကူဆင်အသင်းကို တုံ့ပြန်ကစားနိုင်လောက်တဲ့ အင်အားမျိုး မရှိပါဘူး။ လေဗာကူဆင်အသင်းနည်းပြ အလွန်ဆိုကတော့ ယူရိုပါလိဂ်အမှားကို ပြင်ဆင်ပြီး အခုပွဲကို အမှားအယွင်းထပ်မဖြစ်အောင် ပိုအာရုံစိုက်လိမ့်မယ်။ တိုက်စစ်ပိုင်းမှာလည်း ပက်သရစ်ရှစ်ခ်၊ ဘိုနီဖေ့စ်တို့လို ကစားသမားတွေကို ပွဲအစကတည်းက ထည့်သုံးမှာ သေချာသလောက်ပါပဲ။ လေဗာကူဆင်အသင်းဘက်ကပဲ ရပ်တည်ချင်တယ်။