လာလီဂါ ပွဲကြိုသုံးသပ်ချက်

လာလီဂါ ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 16 May 2024

လက်စ်ပါမားစ် နှင့် ဘက်တစ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂းဝ၀ နာရီ)

လက်စ်ပါမားစ်က အမှတ်မလိုတော့တဲ့အပြင် ကစားပုံလည်း ကျနေတယ်။ ဘက်တစ်ကတော့ အမှတ်ရှာနေရတဲ့အချိန်ဖြစ်လို့ ပိုပြီးဖိဖိစီးစီးကစားလာဖို့ များလိမ့်မယ်။ ဘက်တစ်နဲ့ ဂိုးအများပဲ ရွေးထားလိုက်တယ်။

အယ်မယ်ရီယာ နှင့် ဘာစီလိုနာ (မြန်မာစံတော်ချိန် သောကြာနံနက် ၂းဝ၀ နာရီ)

ဆုဖလားလက်မဲ့နဲ့ ရာသီသိမ်းရမယ်ဆိုရင်တောင် ဘာစီလိုနာတို့ မြို့ခံပြိုင်ဘက် ဂျီရိုနာရဲ့အထက် အဆင့် (၂)နေရာ ရပ်တည်နိုင်ဖို့ ကြိုးစားဦးမယ်ထင်ပါတယ်။ အယ်မယ်ရီယာကလည်း တန်းဆင်းသွားရပြီဖြစ်ပေမဲ့ လက်ကျန်ပွဲတွေကိုတော့ အတတ်နိုင်ဆုံး ကြိုးစားကစားပြနေတုန်းပဲ။ အထူးသဖြင့် အိမ်ကွင်းမှာ ပရိသတ်တွေကို နှစ်သိမ့်နိုင်အောင် ဖွင့်တိုက်ကစားပြနေတဲ့ အယ်မယ်ရီယာရဲ့ကစားပုံက ဘာစီလိုနာကို အခက်အခဲတော့ ပေးနိုင်ဦးမယ်ထင်တယ်။ ဘာစီလိုနာကလည်း ရာသီအဆုံးသတ်ကာလမှာ ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်း နည်းနည်းလျော့နေပြီး ခံစစ်ကလည်း ပြန်အားနည်းသွားသလိုတွေ့နေရလို့ အိမ်ကွင်းမှာ တိုက်စစ်ဖွင့်လာမယ့် အယ်မယ်ရီယာရဲ့ဒဏ်ကို ကျပ်ကျပ်တည်းတည်းနဲ့ တုံ့ပြန်ရဖို့များပါလိမ့်မယ်။ ဘာစီလိုနာ အနိုင်ရဖို့များပေမဲ့ ဂိုးပြတ်ဖို့တော့ ခက်မှာပါ။

ဆိုစီဒက် နှင့် ဗလင်စီယာ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ဗလင်စီယာရဲ့ ရာသီသိမ်းခြေစွမ်းက အားလျော့သွားသလိုပဲ။ နဂိုကလည်း အဝေးကွင်းဆိုရင် ဗလင်စီယာ ကစားပုံအားနည်းနေတတ်တာကြောင့် အမှတ်ရှာနေတဲ့ အိမ်ရှင် ဆိုစီဒက်ကို တားဆီးဖို့ခက်မှာပါ။ ဆိုစီဒက်နဲ့ ဂိုးအနည်းပဲ ကြိုက်တယ်။

Most Read

Most Recent