ကိုပါအမေရိက အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ကိုပါအမေရိက အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 26 June 2024

အီကွေဒေါ - ဂျမေကာ (ကြာသပတေးနံနက် ၄း၃၀ နာရီ)

အီကွေဒေါက တစ်ယောက်လျော့နဲ့ အရေးနိမ့်ခဲ့သလို၊ ဂျ မေကာကလည်း မက္ကဆီကိုအသင်းကို ကပ်အရေးနိမ့်ခဲ့ရတယ်။ ဂိုးပြတ်မရှုံးနိုင်တဲ့ ဂျမေကာပဲ ကြိုက်တယ်။

ဗင်နီဇွဲလား - မက္ကဆီကို (ကြာသပတေးနံနက် ရး၃၀ နာရီ)

မက္ကဆီကိုအသင်းခေါင်းဆောင် အယ်လ်ဗာရက်ဇ် အုပ်စု အဖွင့်ပွဲမှာ တံကောက်ကြောဒဏ်ရာရသွားလို့ ဘယ်လောက် နားရမလဲ မသိသေးဘူး။ နဂိုကတည်းကမှ ထင်ရှားတဲ့ကစား သမား သိပ်မပါတော့တဲ့ အသင်းလူစာရင်းမှာ အယ်လ်ဗာရက်ဇ် မကစားနိုင်တာက ဦးဆောင်သူအခန်းကဏ္ဍ မရှိသလောက် ဖြစ်သွားနိုင်တယ်။ ဗင်နီဇွဲလားက ပထမပွဲမှာ အီကွေဒေါကို တောင် အနိုင်ကစားထားတယ်ဆိုပေမဲ့ (၂၂)မိနစ်ကတည်းက တစ်ယောက်အသာနဲ့ ကစားခဲ့ရတာဖြစ်တယ်။ အစဉ်အလာ အရ မက္ကဆီကို သာတယ်ဆိုပေမဲ့ လက်ရှိမှာတော့ ဗင်နီဇွဲလား  နဲ့စွန့်စားတာ ပိုကောင်းမယ်။

Most Read

Most Recent