အေစီမီလန်တွင် မိမိကိုယ်ကိုယ်ပြန်လည်တွေ့ရှိခဲ့ဟု ပူလီဆစ် ဖွင့်ဟခဲ့ပြီး လာမည့်ရာသီတွင် စကူဒက်တိုချန်ပီယံဆုအား တစ်ကျော့ပြန်ရယူနိုင်ရန် ပစ်မှတ်ထားနေ

အေစီမီလန်တွင် မိမိကိုယ်ကိုယ်ပြန်လည်တွေ့ရှိခဲ့ဟု ပူလီဆစ် ဖွင့်ဟခဲ့ပြီး လာမည့်ရာသီတွင် စကူဒက်တိုချန်ပီယံဆုအား တစ်ကျော့ပြန်ရယူနိုင်ရန် ပစ်မှတ်ထားနေ
Photo: X
Photo: X
Published 3 June 2024

အေစီမီလန်အသင်း၏ အမေရိကန်တောင်ပံကစားသမား ပူလီဆစ်က အေစီမီလန်အသင်းတွင် မိမိကိုယ် မိမိပြန်လည်တွေ့ရှိခဲ့သည်ဟု ပြောကြားခဲ့ပြီး လာမည့်ရာသီ အသင်းနှင့်အတူ ဆုဖလးအောင်မြင်မှုများရယူနိုင်ရန် ပစ်မှတ်ထားနေကြောင်း အီတလီအားကစားသတင်းစာ Football Italia ကဖော်ပြခဲ့သည်။

အသက် (၂၅)နှစ်အရွယ်သာရှိသေးသည် အမေရိကန်လက်ရွေးစင်အသင်းခေါင်းဆောင် ပူလီဆစ်သည် ပြီးခဲ့သည့် ၂၀၂၃ နွေရာသီက ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းမှ အေစီမီလန်အသင်းထံ ယူရို (၂၂)သန်းဝန်းကျင်ဖြင့်ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၂၀၂၇ နွေရာသီအထိ သက်တမ်းရှိမည့် (၄)နှစ်စာချုပ်ချုပ်ဆိုခဲ့သူ ဖြစ်သည်။

ပူလီဆစ်သည် ဒဏ်ရာပြ ဿနာများနှင့်အတူ ချယ်လ်ဆီးအသင်းတွင် ပုံမှန်ပွဲကစားခွင့်အတွက် ရုန်းကန်ခဲ့ရပြီးနောက် အေစီမီလန်အသင်းထံပြောင်းရွှေ့ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အစောပိုင်းကတည်းက ဒဏ်ရာမှ ပြန်လည်သက်သာလာပြီဟု သတင်းများထွက်ပေါ်ခဲ့သူဖြစ်သည်။

ပူလီဆစ်အနေဖြင့် မီလန်မြေတွင် ရုန်းကန်ရဖွယ်ရှိသည်ဟု သုံးသပ်မှုများကြုံတွေ့ခဲ့သော်လည်း လက်တွေ့တွင် ပြိုင်ပွဲစုံ ပွဲ (၅၀)ကျော်ကစားပေးခဲ့သလို ဂိုးပါဝင်ပတ်သက်မှု (၂၅ ကြိမ်) (၁၅ ဂိုးသွင်း၊ ၁၀ ဂိုးဖန်တီး)အထိရှိခဲ့ပြီး လာမည့်ရာသီတွင် စကူဒက်တိုချန်ပီယံဆုအား တစ်ကျော့ပြန် ရယူနိုင်ရန် ပစ်မှတ်ထားနေကြောင်းလည်း သိရသည်။

အနာဂတ်အစီအစဉ်များနှင့်ပတ်သက်ပြီး ပူလီဆစ်က ''ကျွန်တော်ဟာ အေစီမီလန်နဲ့အတူ မိမိကိုယ်မိမိပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး ပုဂ္ဂိုလ်ရေးအရတော့ ကောင်းမွန်တဲ့ရာသီတစ်ခုကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပိုအရေးကြီးတာက အေစီမီလန်အသင်းနဲ့အတူဆုဖလားတွေရယူနိုင်ဖို့ ဖြစ်ပြီး လာမယ့်ရာသီမှာ ပိုမိုကောင်းမွန်တဲ့အသင်းတစ်သင်းအဖြစ် မြင်ရဖို့ရှိနေပါတယ်'' ဟု မီဒီယာများနှင့် တွေ့ဆုံမှုတွင် ဖြေကြားခဲ့သည်။

 

Most Read

Most Recent