လာမည့်ရာသီ၌ လူကျွံဘောနည်းပညာ အသုံးပြုရန် ပရီးမီးယားလိဂ် သဘောတူညီမှုရရှိ

လာမည့်ရာသီ၌ လူကျွံဘောနည်းပညာ အသုံးပြုရန် ပရီးမီးယားလိဂ် သဘောတူညီမှုရရှိ
Photo: Getty Images
Photo: Getty Images
Published 12 April 2024

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် လာမည့်ရာသီ၌ လူကျွံဘောနည်းပညာ အသုံးပြုရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

Semi-Automated Offside Technology (SAOT) ဟု အမည်ရသည့် အဆိုပါ နည်းပညာမှာ လက်ရှိအချိန်၌ ချန်ပီယံလိဂ်ပြိုင်ပွဲနှင့် စီးရီးအေပြိုင်ပွဲများတွင် အသုံးပြုနေပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း အသုံးပြုခဲ့သည်။ အဆိုပါနည်းပညာမှာ ကစားသမားတစ်ဦး လူကျွံခြင်းရှိ၊ မရှိကို စက္ကန့်(၃၀)အတွင်း ဆုံး ဖြတ်ပေးနိုင်မည်ဖြစ်ပြီး ပရိသတ်များအတွက် အငြင်းပွားဖွယ်အခြေအနေများလည်း လျော့ကျသွားစေမည်ဖြစ်ကြောင်း သိရသည်။

ပရီးမီးယားလိဂ်သည် ကြာသပတေးနေ့က ပြုလုပ်ခဲ့သည့် ကလပ်အသင်းရှယ်ယာရှင်များ အစည်းအဝေးတွင် လူကျွံဘောနည်းပညာ အသုံးပြုရန်အတွက် ဆန္ဒမဲကောက်ခံခဲ့ရာ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် ပရီးမီးယားလိဂ်အနေဖြင့် အဆိုပါ SAOT နည်းပညာကို တစ်ရာသီလုံး အသုံးပြုသွားမည်မဟုတ်ဘဲ ဆောင်းရာသီမှသာ စတင်အသုံးပြုမည်ဟု သိရသည်။ ပရီးမီးယားလိဂ်က ဆောင်းရာသီအတွင်း နိုင်ငံတကာရက်သတ္တပတ် အနားပေးမှုအပြီးတွင် SAOT ကို အသုံးပြုသွား မည်ဟု ကြေညာချက်တွင် ဖော်ပြခဲ့ပြီး အစောဆုံး စက်တင်ဘာနှင့် နောက်အကျဆုံး နိုဝင်ဘာတွင် ဖြစ်နိုင်ကြောင်း Sky Sports က သုံးသပ်ဖော်ပြခဲ့သည်။

Most Read

Most Recent