ဂွါဒီယိုလာနဲ့ အာတီတာရဲ့ စိန်ခေါ်ပွဲ

ဂွါဒီယိုလာနဲ့ အာတီတာရဲ့ စိန်ခေါ်ပွဲ
Photos: AFP
Photos: AFP
Published 30 March 2024
Wai Yan Aung

လက်ရှိအချိန်အထိတော့ မန်စီးတီးအသင်းက ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးအဖြစ် ရပ်တည်နေဆဲပါပဲ။ ဒါက ဒီပွဲအပါအဝင် လက်ကျန်(၁၀)ပွဲမှာ အမှတ်အများဆုံး ရယူစုဆောင်းနိုင်လိမ့်မယ်လို့ ယုံကြည်နေတာကြောင့် ဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့ လက်ကျန်(၁၀) ပွဲထဲမှာ အာဆင်နယ်နဲ့ပွဲပြီးရင် အစဉ်အလာထိပ်သီးပြိုင်ဘက်တွေထဲက စပါးနဲ့သာ ဆုံတွေ့ဖို့ရှိပါတော့တယ်။ ဒီရာသီမှာ အမှတ်ပေးဇယားထိပ်ပိုင်းရောက်နေတဲ့ အက်စတွန်ဗီလာနဲ့ပွဲကိုပါ ထည့်တွက်ရင်တောင် ပွဲကျပ်နှစ်ပွဲပဲ ကျန်တော့တာပါ။ လီဗာပူးလ်က မန်ယူ၊ စပါး၊ အက်စတွန်ဗီလာတို့နဲ့ ဆုံတွေ့ဖို့ရှိနေပြီး အာဆင်နယ်အသင်းက မန်စီးတီးနဲ့ပွဲပြီးရင် ချယ်လ်ဆီး၊ စပါး၊ မန်ယူ၊ အက်စတွန်ဗီလာတို့နဲ့ ဆုံတွေ့ဖို့ ရှိနေပါသေးတယ်။ ဒါကြောင့် ချန်ပီယံပြေးလမ်းပေါ်က ပြိုင်မြင်းသုံးကောင်ထဲမှာ အာဆင်နယ်အသင်းက ပွဲအကျပ်ဆုံးဖြစ်နေပါတယ်။ အာဆင်နယ်အသင်းက ပန်းဝင်ခရီးက ပြိုင်ဘက်တွေထက် ခက်ခဲကြမ်းတမ်းနေတယ်လို့ ဆိုရမှာပါ။ ဒါကြောင့်လည်း လက်ရှိအချိန်မှာ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပေမဲ့ ချန်ပီယံဆုအတွက် ပြိုင်ဘက်နှစ်သင်းလောက် ရေပန်းမစားတာလို့ ဆိုရမှာပါ။

 

Most Read

Most Recent