Project Mbappe

Project Mbappe
Photos: Getty Images
Photos: Getty Images
Published 5 June 2024
AK

ခပ်ပျော်ပျော်နေတတ်ပေမယ့် ဘာပေရဲ့နှလုံးသား အတွင်းနံရံထဲ  အလေးအမြတ်ထားတဲ့ ရည်မှန်းချက်တစ်ခုရှိနေတယ်။ Project Mbappe လို့ တံဆိပ်ကပ်ရင် ရပါလိမ့်မယ်။ အဲဒီစီမံကိန်းအတွက် ဘာပေက စာသင်ခန်းထဲမှာ စပိန်စကားကို အသည်းအသန် သင်ယူခဲ့တယ်။ "တစ်နေ့မှာ ကျွန်တော့် အတွက် အကျိုးရှိပါလိမ့်မယ်။ အင်တာဗျူးအစီအစဉ်တွေမှာ ပြင်သစ်လိုမဟုတ်ဘဲ တခြားဘာသာ စကားတွေနဲ့ ကျွန်တော် ဖြေချင်တယ်"လို့ ဘာပေ ပြောခဲ့ဖူးတယ်။ ဒီတစ်ကြိမ်မှာတော့ ဘာပေရဲ့ ငယ်ဘဝ စပိန်စကားလေ့လာမှုဟာ အသုံးဝင်လာ တော့မယ်ထင်ပါရဲ့။ PSG က ထွက်ခွာမယ့် ဘာပေ အတွက် သွားစရာလမ်းဟာ မက်ဒရစ်ရွှေမြို့တော် ပဲရှိပါတယ်။ အာစင်ဝင်းဂါးက ဘာပေဟာ အကန့်အသတ်မရှိ ဖြစ်ထွန်းမယ့်သူ ဆိုပြီး နိမိတ်ဖတ်ဖူးတယ်။ မက်ဆီက ကမ္ဘာ့ဖလားရအောင် ကစားသမားဘဝ နေဝင်ချိန်အထိ စောင့်ခဲ့ရတယ်။ စီရော်နယ်လ်ဒိုက ကစားသမားဘဝနေဝင်ချိန်အထိ ကမ္ဘာ့ဖလားနဲ့ ရေစက်မဆုံခဲ့ဘူး။ ဘာပေက ခပ်ငယ်ငယ်ဘဝမှာပဲ ကမ္ဘာ့ဖလား ပိုင်ဆိုင်ထားပြီးပြီ။ သူ့အတွက် အရေးပေါ်လိုအပ်တာ ချန်ပီယံလိဂ်ပဲ။ ဘာပေရဲ့ Ballon d'Or ဆုဆီ သွားရာလမ်းမှာ နောက်ဆုံးကျန်ရစ်နေတဲ့ ဂျစ်ဆောက ချန်ပီယံလိဂ်ပါပဲ။

 

Most Read

Most Recent