■ အမေရိကန်နည်းပြသစ် လျာထားစာရင်းတွင် ဗီယာရာ ပါဝင်လာ     

■ အမေရိကန်နည်းပြသစ် လျာထားစာရင်းတွင် ဗီယာရာ ပါဝင်လာ     
Photo: Getty Images
Photo: Getty Images
Published 19 July 2024

ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်း ဗီယာရာသည် အမေရိကန်လက်ရွေးစင်အသင်း၏ နည်းပြသစ် လျာထားစာရင်းတွင် ပါဝင်လာကြောင်း သိရသည်။ 

အမေရိကန်အသင်းသည် ပြီးခဲ့သည့် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲတွင် အခြေမလှဖြစ်ခဲ့သည့်အတွက် နည်းပြ ဘယ်ဟက်တာနှင့် လမ်းခွဲခဲ့သည်။ 

ယင်းနောက် လီဗာပူးလ်နည်းပြဟောင်း ယာဂန်ကလော့ပ်ကို ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံခဲ့ရသဖြင့် နည်းပြသစ် ဆက်လက်ရှာဖွေနေပြီး ယခုအခါ ဗီယာရာလည်း လျာထားစာရင်းတွင် ပါဝင်လာခြင်းဖြစ်သည်။ 

အမေရိကန်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပူးတွဲအိမ်ရှင်ဖြစ်သည့်အတွက် ထိပ်တန်းနည်းပြတစ်ဦး ခန့်အပ်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent