ဂျာမနီနဲ့ ချန်ပီယံအိပ်မက်

ဂျာမနီနဲ့ ချန်ပီယံအိပ်မက်
Photos: AFP
Photos: AFP
Published 19 June 2024
AK

စကော့တလန်ကို ငါးဂိုးတစ်ဂိုးနဲ့ ဂိုးပြတ်နိုင်ပြီးနောက် ဂျာမန်ပရိသတ်တွေက Sommermar chen ဆိုတဲ့ စကားလုံးကို တဖွဖွရွတ်ဆိုနေပါပြီ။ အဲဒီစကားလုံးက ၂၀၀၆ ကမ္ဘာ့ဖလားအိမ်ရှင် လုပ်တုန်းက ဂျာမန်ပရိသတ်တွေ ကြွေးကြော်ဖူးတဲ့ စကားလုံးပါ။ နွေရာသီအိပ်မက်လို့ အဓိပ္ပာယ်ဖွင့် ဆိုနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဂျာမနီအသင်းနဲ့ ဂျာမန်ပရိသတ်တွေကြား သံယောဇဉ်နှောင်ကြိုး ပြတ်တောက်သလိုဖြစ်နေခဲ့တယ်။ အခုများ နှလုံးသားချင်း ပြန်လည်ချိတ်ဆက်နိုင်ခဲ့ပြီး နွေရာသီအိပ်မက်ကို အတူတူမက်နေပါပြီ။ ဂျာမန်ဘောလုံးရေးရာကျွမ်းကျင်သူ အာခီရင်းန်တော့ က "နာဂယ်စ်မန်းအတွက် ပြီးပြည့်စုံတဲ့ညပါပဲ။ ဂျာမန်ပရိသတ်တွေဟာ သူတို့အသင်းကို မယုံနိုင်အောင် ဖြစ်နေကြတယ်။ သူတို့သိပ်ပြီးပျော်ရွှင်နေကြတယ်။ ပြီးခဲ့တဲ့နိုင်ငံတကာပြိုင်ပွဲကြီး သုံးခုမှာ အုပ်စုအဖွင့်သုံးပွဲစလုံး ဂျာမနီက ရှုံးပွဲတွေ့ခဲ့တာ မဟုတ်လား။ အခုနိုင်ပွဲကြောင့် စိတ်ဓာတ်တက်ကြွလာပြီ" လို့ သုံးသပ်တယ်။

 

Most Read

Most Recent