နည်းပြသစ် ဆလော့နှင့်အတူ အောင်မြင်မှုများ ရယူနိုင်မည်ဟု ယုံကြည်ကြောင်း ဗန်ဒိုက် ပြောကြား

နည်းပြသစ် ဆလော့နှင့်အတူ အောင်မြင်မှုများ ရယူနိုင်မည်ဟု ယုံကြည်ကြောင်း ဗန်ဒိုက် ပြောကြား
Photo: X
Photo: X
Published 30 May 2024

လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်က နည်းပြသစ် အာနယ်ဆလော့နှင့်အတူ အောင်မြင်မှုများ ရယူနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် အသင်းနှင့် (၉) နီးပါး လက်တွဲခဲ့သည့် နည်းပြ ယာဂန်ကလော့ပ် ထွက်ခွာသွားပြီးနောက် ၎င်း၏နေရာတွင် ဖီယင်နုနည်းပြ အာနယ်ဆလော့ကို အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

အာနယ်ဆလော့အနေဖြင့် ကလော့ပ်၏နေရာကို အစားဝင်ရောက်ခြင်း ဖြစ်သောကြောင့်  အခက်အခဲများနှင့် ရင်ဆိုင်ရနိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

သို့သော် ဗန်ဒိုက်က လီဗာပူးလ်အသင်းအနေဖြင့် နည်းပြသစ်နှင့် အောင်မြင်မှုများ ရယူနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

''နည်းပြသစ်နဲ့အတူ ရာသီသစ်အတွက် ကျွန်တော် စိတ်လှုပ်ရှားနေပါတယ်။ အသင်းတွင်း ပြောင်းလဲမှုတွေကတော့ အများကြီးပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ နည်းပြနဲ့အတူ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေ ရယူနိုင်မယ်လို့ ယုံကြည်ပါတယ်''ဟု ဗန်ဒိုက်က ပြောကြားခဲ့သည်။

ဗန်ဒိုက် (၃၂ နှစ်)သည် ၂၀၂၅ ခုနှစ်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သစ်အတွက် ဆွေးနွေးရန် အသင့်ရှိကြောင်းလည်း ပြောကြားခဲ့သည်။

ဗန်ဒိုက်က ''စာချုပ်သစ်အတွက် ဆွေးနွေးမှုမရှိသေးပါဘူး။ အသင်းအနေနဲ့ အလုပ်ရှုပ်နေပါတယ်။ ကျွန်တော့်ဘက်ကတော့ အသင်းနဲ့ဆွေးနွေးဖို့ အသင့်ပါပဲ''ဟု ပြောကြားခဲ့သည်။ 

 

Most Read

Most Recent