ယူရိုပြိုင်ပွဲအတွက် အာရုံစိုက်ထားကြောင်း ဘိုင်ယန်ပစ်မှတ် ဖလော်ရီယန်ဗက်ဇ်ပြောကြား

ယူရိုပြိုင်ပွဲအတွက် အာရုံစိုက်ထားကြောင်း ဘိုင်ယန်ပစ်မှတ် ဖလော်ရီယန်ဗက်ဇ်ပြောကြား
Photo: X
Photo: X
Published 6 June 2024

ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူရန်ပစ်မှတ်ထားနေသည့် လေဗာကူဆင်ကွင်းလယ်တိုက်စစ်ကစားသမား ဖလော်ရီယန်ဗက်ဇ်က လက်ရှိတွင် ယူရိုပြိုင်ပွဲအတွက်သာ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်ရာသီက လေဗာကူဆင်နှင့်အတူ ခြေစွမ်းပြခဲ့သည့် ဖလော်ရီယန်ဗက်ဇ်(၂၁ နှစ်) ကို ခေါ်ယူရန် ပြိုင်ဘက် ဘိုင်ယန်မြူးနစ်အသင်းက ပစ်မှတ်ထားနေကြောင်း သိရသည်။

သို့သော် ဖလော်ရီယန်ဗက်ဇ်က '' လေဗာကူဆင်နဲ့ ချုပ်ဆိုထားတဲ့ ကျွန်တော့်ရဲ့စာချုပ်ကို လူတိုင်းသိပါတယ်။ လေဗာကူဆင်နဲ့အတူ ကောင်းမွန်တဲ့ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီး ဒီမှာ ခံစားချက်လည်း ကောင်းပါတယ်။ အခုအချိန်မှာ ယူရိုပြိုင်ပွဲကိုပဲ ကျွန်တော် အာရုံစိုက်ထားပါတယ်။ ကျန်တာ ဘာမှ စိတ်မဝင်စားပါဘူး''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent