အသင်းနည်းပြ ဇာဗီအား ရာထူးမှထုတ်ပယ်ခဲ့ခြင်းကို ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာ ရှင်းလင်း

အသင်းနည်းပြ ဇာဗီအား ရာထူးမှထုတ်ပယ်ခဲ့ခြင်းကို ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာ ရှင်းလင်း
Photo: Barcelona
Photo: Barcelona
Published 6 June 2024

ဘာစီလိုနာနည်းပြ လာပေါ်တာက အသင်းနည်းပြ ဇာဗီအား ရာထူးမှထုတ်ပယ်ခဲ့ခြင်းမှာ ၎င်း၏စိတ်ထားပြောင်းလဲခြင်းကြောင့်ဖြစ်သည်ဟု ရှင်းလင်းပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် ၂၀၂၃-၂၄ ရာသီကုန်တွင် အသင်းနှင့်လမ်းခွဲမည်ဟု ကြေညာခဲ့သည့် ဇာဗီအား ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ရန် လုပ်ဆောင်ခဲ့ပြီးမှ သတင်းရှင်လင်းပွဲတွင် အသင်း၏ဘဏ္ဍာရေးနှင့်ပတ်သက်ခဲ့သည့် ပြောဆိုမှုကို မနှစ်သက်သည့်အတွက် ရာသီကုန်ခါနီးတွင် အသင်းနည်းပြရာထူးမှထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ ဇာဗီအား နည်းပြရာထူးမှထုတ်ပယ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက ''ဇာဗီက အသင်းကို ယုံတယ်လို့ ကျွန်တော့်ကို ပြောခဲ့တယ်။ ဒါပေမဲ့ သူ စကားပြောတဲ့အခါမှာတော့ ပြောင်းလဲသွားတယ်။ ဒါကြောင့် ကျွန်တော်တို့ သူနဲ့ ဆက်သွားလို့ ဖြစ်၊ မဖြစ် ပြန်တွေးခဲ့တယ်။ အသင်းဘုတ်အဖွဲ့နဲ့ ကျွန်တော်က အတွေးတူပါတယ်။ ဇာဗီက အကောင်းဆုံးလုပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူ စိတ်ပြောင်းသွားခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ အခုလို ဆုံးဖြတ်ခဲ့ရတာပါ''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent