မန်းရွှေစက်တော် ဘုရားပွဲတော်သို့ နွားလှည်းများဖြင့် သွားရောက်လေ့ရှိသည့်ဓလေ့ကို ထိန်းသိမ်းထားသော မင်းလှကျင်းကျေးရွာ ယခုနှစ်တွင်လည်း အစဉ်အလာမပျက် နွားလှည်းများဖြင့် ဘုရားဖူးသွားရောက်မည်

မန်းရွှေစက်တော် ဘုရားပွဲတော်သို့ နွားလှည်းများဖြင့် သွားရောက်လေ့ရှိသည့်ဓလေ့ကို ထိန်းသိမ်းထားသော မင်းလှကျင်းကျေးရွာ ယခုနှစ်တွင်လည်း အစဉ်အလာမပျက် နွားလှည်းများဖြင့် ဘုရားဖူးသွားရောက်မည်
မင်းလှကျင်းကျေးရွာမှ ရွှေစက်တော်ဘုရားပွဲတော်သို့ နွားလှည်းများဖြင့် ဘုရားဖူးလာကြသူများကို တွေ့ရစဉ်
မင်းလှကျင်းကျေးရွာမှ ရွှေစက်တော်ဘုရားပွဲတော်သို့ နွားလှည်းများဖြင့် ဘုရားဖူးလာကြသူများကို တွေ့ရစဉ်
Published 21 March 2024

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့ နယ်အတွင်းရှိ မန်းရွှေစက်တော်ဘုရားပွဲတော် သို့ နွားလှည်းများဖြင့် ဘုရားဖူးသွားရောက်လေ့ရှိသည့်ဓလေ့ကို ထိန်းသိမ်းထားသော မင်းဘူးမြို့နယ်  မင်းလှကျင်းကျေးရွာမှ ယခု နှစ်တွင်လည်း အစဉ်အလာမပျက် ရွာလုံးကျွတ် နွားလှည်းများဖြင့် ဘုရားဖူးသွားရောက်မည် ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ရှေးယခင်က ငဖဲ၊ ပွင့်ဖြူ၊ စေတုတ္တရာ၊ မင်းဘူးမြို့နယ်များအတွင်း ကျေးရွာအများ အပြားမှာ မန်းရွှေစက်တော်ဘုရားပွဲတော်သို့ နွားလှည်းများဖြင့် ဘုရားဖူးသွားရောက်လေ့ ရှိခဲ့ကြောင်း၊ ယင်းသို့ နွားလှည်းများဖြင့် ဘုရား ဖူးသွားရောက်ကြသည့်ဓလေ့ ပျောက်ကွယ် လုနီးပါးဖြစ်လာခဲ့သည်မှာ ဆယ်စုနှစ် နှစ်ခု ကျော်မျှ ကြာခဲ့ပြီဖြစ်ကြောင်း၊ သို့သော်လည်း မင်းလှကျင်းကျေးရွာမှ ဒေသခံများသည် မန်းရွှေစက်တော်ဘုရားပွဲတော်သို့ နွားလှည်း များဖြင့် ရှေးအစဉ်အလာ ရိုးရာမပျက် နှစ်စဉ် ဘုရားဖူးသွားရောက်လေ့ရှိကြောင်း၊ ယခုနှစ် တွင်လည်း လှည်းအစီးရေ ၄၀ ကျော်ဖြင့် မတ် ၂၁ ရက် (တပေါင်းလဆန်း ၁၂ ရက်) တွင် ဘုရားဖူးသွားရောက်မည်ဖြစ်ကြောင်း ဒေသ ခံများထံမှ သိရသည်။

“ဒီဓလေ့လေးကို ပျောက်ကွယ်သွားမှာ စိုးလို့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစပြီး ကျေး ရွာဒေသခံတွေကို စည်းရုံးခဲ့ပါတယ်။ သူတို့ ကိုယ်တိုင်ကလည်း နွားလှည်းတွေနဲ့ ဘုရား ကိုသွားပြီး ရက်ရှည်နေတဲ့ဓလေ့ကို ဆက်ပြီး ထိန်းသိမ်းလိုစိတ်ရှိတော့ ဒီနှစ်အထိ အစဉ်အ လာမပျက်သွားဖြစ်ကြမှာပါဟု မင်းဘူးမြို့မှ ဓာတ်ပုံဆရာတစ်ဦးက ပြောကြားသည်။

မင်းလှကျင်းကျေးရွာမှ ဒေသခံများသည်  နှစ်စဉ် တပေါင်းလဆန်း ၁၂ ရက်နှင့် ၁၃ ရက် များတွင် မန်းရွှေစက်တော်ဘုရားပွဲတော်သို့ သွားရောက်လေ့ရှိပြီး တပေါင်းလပြည့်ကျော် ၁ ရက်နေ့ ညနေတွင် ပြန်လေ့ရှိကြောင်း၊ ရွှေ စက်တော်ဘုရား၏ အရှေ့တောင်ဘက် ဆင်စ ခန်း၏အထက်ဘက် မန်းချောင်းနံဘေးတွင် စခန်းချနေထိုင်လေ့ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ဘုရားပွဲတော်သို့ နွားလှည်းများဖြင့် ရွာလုံးကျွတ်ဘုရားဖူးသွား ရောက်သည့်ရိုးရာဓလေ့သည် ပျောက်ကွယ် လုနီးပါးရှိနေကြောင်း၊ မင်းလှကျင်းကျေးရွာမှ နွားလှည်းများဖြင့် ဘုရားဖူးသွားရောက်သည့် ဓလေ့ကို အနယ်နယ်အရပ်ရပ်မှ ဓာတ်ပုံဆရာ များက ဓာတ်ပုံလာရောက်ရိုက်ကူးလေ့ရှိ ကြောင်း သိရသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်ကို နှစ် စဉ် တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ် ဆန်း ၁ ရက်နေ့အထိ ကျင်းပလေ့ရှိပြီး ယခုနှစ် ပွဲတော်ကာလသည် ၆၄ ရက်ကြာမြင့်မည်ဖြစ် ကြောင်း သိရသည်။

အောင်သူငြိမ်း

Most Read

Most Recent