ရပ်နားထားသည့် လက်ပံတောင်းတောင် စီမံကိန်းရှိ တောင်ကမ်းပါးယံတစ်ချို့ မိုးရေတိုက်စားမှုကြောင့် မြေသားပြိုကျ

ရပ်နားထားသည့် လက်ပံတောင်းတောင် စီမံကိန်းရှိ တောင်ကမ်းပါးယံတစ်ချို့ မိုးရေတိုက်စားမှုကြောင့် မြေသားပြိုကျ
Published 7 March 2024

ရပ်နားထားသည့် လက်ပံတောင်းတောင် စီမံကိန်းရှိ တောင်ကမ်းပါးယံတစ်ချို့ မိုးရေတိုက်စားမှုကြောင့် မြေသားပြိုကျခဲ့သည်ဟု စီမံကိန်းဆောင်ရွက်နေသည့် မြန်မာဝမ်ပေါင်ကုမ္ပဏီက ထုတ်ပြန်သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ထုတ်လုပ်မှုရပ်ဆိုင်းပြီးနောက် အနောက်တောင်၏ တောင်ကမ်းပါးယံတစ်ချို့မှာ မိုးရေတိုက်စားမှုကြောင့် မြေသားပြိုကျခြင်းများကို တွေ့ရှိခဲ့ရသည်ဟု ကုမ္ပဏီက ထုတ်ပြန်သည်။

မြေသားပြိုကျမှုဖြစ်ပွားခဲ့သည့် နေရာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မိုင်းတွင်းဧရိယာလုံခြုံရေးလုပ်ငန်းများကိုသေချာထိရောက်စွာဆောင်ရွက်ပေးရန်အတွက်လာမည့်ရက်များတွင်ကုမ္ပဏီ၏ Mining ဌာနမှသက်ဆိုင်ရာဌာနများနှင့်အတူပူးပေါင်း၍ ပြုပြင်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းများ ရပ်ဆိုင်းထားသည့် လက်ပံတောင်းတောင် စီမံကိန်းနေရာတွင် ဖေဖော်ဝါရီ ၈ ရက်က မြန်မာဝမ်ပေါင်ကုမ္ပဏီ၏အကြီးအကဲများ ဦးဆောင်၍ သက်ဆိုင်ရာဌာနအသီးသီးရှိတာဝန်ခံများနှင့်အတူ လုံခြုံမှုစစ်ဆေးရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြသည်ဟု ကုမ္ပဏီဘက်က သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent