ဂျပန်ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားမှုများလာသဖြင့် ဖုန်းဖြင့် ကြိုတင်ရက်ချိန်းရယူခြင်းကို ခေတ္တရပ်နားထားပြီး အီးမေးလ်ဖြင့်သာ လက်ခံနေသည်ဟု ဂျပန်သံရုံးထုတ်ပြန်

ဂျပန်ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားမှုများလာသဖြင့် ဖုန်းဖြင့် ကြိုတင်ရက်ချိန်းရယူခြင်းကို ခေတ္တရပ်နားထားပြီး အီးမေးလ်ဖြင့်သာ လက်ခံနေသည်ဟု ဂျပန်သံရုံးထုတ်ပြန်
Published 1 March 2024

ဂျပန်ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားမှုများပြားလာသဖြင့် ဖုန်းဖြင့် ကြိုတင်ရက်ချိန်းရယူခြင်းကို ခေတ္တရပ်နားထားပြီး အီးမေးလ်ဖြင့်သာ လက်ခံနေသည်ဟု ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ထုတ်ပြန်သည်။

ယခုအချိန်တွင် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားမှုများ အလွန်များပြားလျက်ရှိကြောင်း၊ ယင်းကြောင့် လျှောက်ထားသူများအတွက် ပိုမိုလွယ်ကူအဆင်ပြေစေရန် တယ်လီဖုန်းဖြင့် ကြိုတင်ရက်ချိန်းရယူခြင်းကို ခေတ္တခဏ ရပ်နားထားပြီး လတ်တလောတွင်  အီးမေးလ်ဖြင့်သာ လက်ခံလျက်ရှိပါသောကြောင့် နားလည်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ကြောင်း ဂျပန်သံရုံးက ထုတ်ပြန်သည်။

ယင်းသို့ကြိုတင်ရက်ချိန်းယူရာတွင် အီးမေးလ်ဖြင့် အကြောင်းပြန်ရန်အတွက် အချိန်အနည်းငယ် ကြန့်ကြာနိုင်သော်လည်း အီးမေးလ်တစ်စောင်ရရှိပါက မပျက်မကွက် အကြောင်းပြန်ပေးမည်ဖြစ်သောကြောင့် စိတ်မပူကြပါရန် မေတ္တာရပ်ခံအပ်ကြောင်း၊ တယ်လီဖုန်းဖြင့် ပြည်လည်ရက်ချိန်းရယူနိုင်မည့်အချိန်ကို ထပ်မံအသိပေး အကြောင်းကြားပါမည်ဖြစ်ကြောင်း ဂျပန်သံရုံးက ထုတ်ပြန်သည်။

ဂျပန်နိုင်ငံမှာ မြန်မာနိုင်ငံမှ ပညာသင်လုပ်သားများသွားရောက်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံတစ်ခုဖြစ်ပြီး အလုပ်သွားရောက်လုပ်ကိုင်ရန်အတွက် ဂျပန်စကားပြောတတ်မြောက်ရန် လိုအပ်ကြောင်း သိရသည်။

ယခုနှစ်တွင် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ထောင်နှင့်ချီရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent