မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း ပထွေးဖြစ်သူက အသက်ခုနစ်နှစ်အရွယ် မယားပါသမီးဖြစ်သူအား အဓမ္မပြုကျင့်မှုဖြစ်ပွား

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း ပထွေးဖြစ်သူက အသက်ခုနစ်နှစ်အရွယ် မယားပါသမီးဖြစ်သူအား အဓမ္မပြုကျင့်မှုဖြစ်ပွား
Published 20 April 2024

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း ပထွေးဖြစ်သူက အသက်ခုနစ်နှစ်အရွယ် မယားပါသမီးဖြစ်သူအား အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

၎င်းဖြစ်စဉ်မှာ အဓမ္မပြုကျင့်ခံခဲ့ရသည့် မိန်းကလေးငယ်၏မိခင်ဖြစ်သူမှာ ၎င်း၏ခင်ပွန်းဖြစ်သူ သေဆုံးခဲ့ပြီးနောက် နောက်အိမ်ထောင်ပြုခဲ့ပြီး အသက်ခုနစ်နှစ်အရွယ် သမီးဖြစ်သူအား အဖွားဖြစ်သူနှင့် ထားရှိကာ အသက်လေးနှစ်အရွယ် သမီးဖြစ်သူအား ၎င်းတို့နှင့်အတူ ခေါ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် မိခင်ဖြစ်သူထံသို့ သွားရောက်ကန်တော့ရာ သမီးကြီးဖြစ်သူက အလည်လိုက်လိုသည်ဟုဆိုသောကြောင့် ၎င်းတို့နေထိုင်ရာနေအိမ်သို့ ခေါ်ဆောင်လာခဲ့ကြောင်းနှင့် နေအိမ်သို့ ရောက်ရှိပြီးနောက် ပထွေးဖြစ်သူက သမီးကြီးဖြစ်သူအား ဆံပင်ညှပ်ပေးမည်ဟု ပြောဆိုပြီး ခေါ်ဆောင်သွားပြီးနောက် နေအိမ်သို့ ပြန်လည်ရောက်လာချိန်တွင် ဆံပင်ညှပ်ထားခြင်းမရှိသောကြောင့် မေးမြန်းရာမှ ပထွေးဖြစ်သူက သမီးကြီးအား သချႋုင်းကုန်းတွင် အဓမ္မပြုကျင့်ခဲ့သည်ဟု မိခင်ဖြစ်သူက တိုက်တိုင်းထားကြောင်း လုံခြုံရေးရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ပထွေးဖြစ်သူက သမီးကြီးကို သချႋုင်းကုန်းကိုခေါ်သွားပြီးတော့ ပါးတစ်ချက်ရိုက်ပြီးတော့ ဘောင်းဘီဆွဲချွတ်ပြီး သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့တာ့လို့ မိခင်ဖြစ်သူက တိုင်းတန်းထားပါတယ် ဟု ပြောကြားသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး အသက်ခုနစ်နှစ်အရွယ် သမီးကြီးဖြစ်သူအား သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့သူကို အရေးယူပေးပါရန် မိခင်ဖြစ်သူက တိုင်ကြားခဲ့သည့်အတွက် ပထွေးဖြစ်သူအား (ပ) ၃၀/၂၀၂၄၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၃၇၆၊ အမှုကြီးအမှတ်စဉ် (၂/၂၀၂၄) ဖြင့်အမှုဖွင့်အရေးယူကာ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လအတွင်းကလည်း ချောင်းဆုံမြို့နယ် ဟင်္သာကျွန်းကျေးရွာတွင် အသက်တစ်နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား အသက် ၅၀ နှစ်အရွယ် အမျိုးသားတစ်ဦးက အလိုမတူဘဲ အဓမ္မပြုကျင်ခံခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

 

 

Most Read

Most Recent