ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် မြန်မာနိုင်ငံမှ နှစ်မြို့သာ ပါဝင်တော့ပြီး ချောက်မြို့နှင့် ညောင်ဦးမြို့များဖြစ်ကာ အဆင့် ၃ နှင့် အဆင့် ၉ နေရာများတွင် ရပ်တည်

ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် မြန်မာနိုင်ငံမှ နှစ်မြို့သာ ပါဝင်တော့ပြီး ချောက်မြို့နှင့် ညောင်ဦးမြို့များဖြစ်ကာ အဆင့် ၃ နှင့် အဆင့် ၉ နေရာများတွင် ရပ်တည်
Published 24 April 2024

ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် မြန်မာ နိုင်ငံမှ နှစ်မြို့သာ ပါဝင်တော့ပြီး ချောက်မြို့နှင့် ညောင်ဦးမြို့များဖြစ်ကာအဆင့် ၃ နှင့် အဆင့် ၉ နေရာများတွင် ရပ်တည်လျက်ရှိကြောင်း မိုးလေဝသ သတင်း များဖော်ပြလျက်ရှိသည့် El dorado weather ၌ ဖော်ပြထားသည်။

ဧပြီ ၂၄ ရက်တွင် ထုတ်ပြန်သည့် ကမ္ဘာ့ အပူဆုံးမြို့ ၁၅ မြို့တွင် မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ အပူချိန် ၄၅ ဒသမ ၉ ဒီဂရီစင်တီ ဂရိတ်ဖြင့် အဆင့် ၃ နေရာတွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့မှာ ၄၄ ဒသမ ၇ ဒီဂရီစင်တီဂရိတ်ဖြင့် အဆင့် ၉ နေရာ တွင်လည်းကောင်း ရပ်တည်လျက်ရှိသည်။

ဧပြီလပိုင်းမှ စတင်ပြီး အပူဆုံးမြို့များ တွင်ထိပ်ဆုံးနေရာ၌ နေ့စဉ်နီးပါးရပ်တည် လျက်ရှိသည့် ချောက်မြို့မှာ အပူချိန်များအ နည်းငယ်လျော့ကျလာခဲ့ခြင်းဖြစ်သည်။

ဧပြီ ၂၃ ရက်တွင် ထုတ်ပြန်သည့်စာရင်း အရ ချောက်မြို့မှာ ၄၅ ဒသမ ၈ ဒီဂရီစင်တီ ဂရိတ်တွင်ရှိကာ နံပါတ် (၁) အဖြစ် ရပ်တည်ခဲ့ သည်။

ဧပြီ ၂၃ ရက်တွင် ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် ချောက်မြို့အပါအဝင်မကွေး၊ မင်းဘူး၊ ညောင်ဦးနှင့် စစ်ကိုင်းမြို့များလည်း ပါဝင်ခဲ့ သည်။

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအ ရ ဧပြီလ တတိယပတ်အတွင်း မြန်မာနိုင်ငံအ လယ်ပိုင်းဒေသများတွင် ဧပြီလ ပျမ်းမျှအပူ ချိန်၏ ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်နှင့်အထက် နေ့အပူချိန်ပိုနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ ပျမ်းမျှအပူ ချိန်၏ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက် ပိုနိုင်ပြီး ကချင်၊ ချင်း၊ ရခိုင်နှင့် ကရင်ပြည် နယ်တို့တွင် ဧပြီလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မကွေးတိုင်းဒေသကြီး ချောက်မြို့သည်  ဧပြီ ၆ ရက်တွင် နှစ်ပေါင်း ၅၆ နှစ်အတွင်း အပူ ချိန် စံချိန်သစ်တင်ခဲ့သည်ဟု သိရသည်။

နှစ်ပေါင်း ၅၆ နှစ်အတွင်း အမြင့်ဆုံးအပူ ချိန် စံချိန်ဟောင်း ၄၇ ဒီဂရီဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန် စံချိန်သစ် ၄၇ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်သစ်တင်ခဲ့ ကြောင်း၊ အလားတူ ညောင်ဦးမြို့၌ စခန်းဖွင့် သည့်နှစ်မှစ၍ နှစ်ပေါင်း ၅၉ နှစ်အတွင်းအ မြင့်ဆုံးအပူချိန်စံချိန်ဟောင်း ၄၅ ဒီဂရီ ဆဲလ် စီးယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၄၅ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်သစ် တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွန် ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရ သည်။ အလားတူ ဟဲဟိုးမြို့၌ စခန်းဖွင့်သည့်နှစ် မှစ၍ နှစ်ပေါင်း ၄၅ နှစ်အတွင်း အမြင့်ဆုံးအပူ ချိန်စံချိန်ဟောင်း ၃၇ ဒသမ ၄ ဒီဂရီဆဲလ်စီး ယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၃၇ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်သစ်တင်ခဲ့ ကြောင်း၊ လွိုင်လင်မြို့၌ စခန်းဖွင့်သည့်နှစ်မှ စ၍ နှစ်ပေါင်း ၅၇ နှစ်အတွင်း အမြင့်ဆုံးအပူ ချိန်စံချိန်ဟောင်း ၃၆ ဒီဂရီဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၃၆ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်သစ်တင်ခဲ့ ကြောင်း သိရသည်။

ဧပြီလဆန်းပိုင်းမှ စတင်ကာမြန်မာနိုင်ငံ ရှိ မြို့များတွင် အပူချိန်များမြင့်တက်မှုကြောင့် လူသေဆုံးမှုများလည်း ရှိလာခဲ့သည်။

Most Read

Most Recent