ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းရှိ ကျောက်ဆည်-မင်းစု ဘူတာအကြားတွင် ရထားလမ်း မိုင်းခွဲခံရပြီး ရထားသံလမ်းနှင့် ကွန်ကရစ ်ဇလီဖားတုံးများ ပျက်စီးခဲ့

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းရှိ ကျောက်ဆည်-မင်းစု ဘူတာအကြားတွင် ရထားလမ်း မိုင်းခွဲခံရပြီး ရထားသံလမ်းနှင့် ကွန်ကရစ ်ဇလီဖားတုံးများ ပျက်စီးခဲ့
Published 11 March 2024

 

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းရှိ ကျောက်ဆည်-မင်းစု ဘူတာအကြားတွင် ရထားလမ်း မိုင်းဖောက်ခွဲခံရပြီး ရထားသံလမ်းနှင့် ကွန်ကရစ်ဇလီဖားတုံးများ ပျက်စီးခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း ကျောက်ဆည်-မင်းစုဘူတာအကြား၊ မိုင် ၃၅၃/၂၄ နှင့် ၃၅၄/၁ ကြား၊ တံတားအမှတ် ၇၃၈ ၏ အစုန်/အဆန် ပေ ၂၀ သံဘောင်တံတားနှင့် ကွန်ကရစ်တံတားများပေါ်တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် နယ်မြေလုံခြုံရေးအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ တံတားများရှိ အရှေ့ဘက်သံလမ်းများ (၂)ပေခန့်စီ ပြတ်ထွက်နေပြီး မကွဲသေးသော လက်ကျန်မိုင်း တစ်လုံးအား တွေ့ရှိခဲ့သဖြင့် မင်းစု-ကျောက်ဆည် အစုန်/အဆန် လမ်းပိုင်းများအား နံနက် ၈ နာရီ ၅၀ မိနစ်အချိန်တွင် ခေတ္တပိတ်ခဲ့ရကြောင်း နစကမှ ထုတ်ပြန်သည်။

မိုင်းပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန်နှင့်တပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးခြင်း၊ မပေါက်ကွဲသေးသည့်မိုင်းအား သက်မဲ့ပြုလုပ် ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး မြန်မာ့မီးရထား ဝန်ထမ်းများကလည်း ရထားလမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပျက်စီးသွားသော ရထားလမ်းပိုင်းအား မွမ်းမံဆောင်ရွက်ခဲ့သဖြင့် ကျောက်ဆည်-မင်းစု အဆန်လမ်းပိုင်းကို နေ့လည် ၁ နာရီ ၆ မိနစ်နှင့် အစုန်လမ်းပိုင်းအား နေ့လည် ၃ နာရီ ၂၀ မိနစ်အချိန်တို့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁)ရက်မှစ၍ လက်ရှိအချိန်အထိ မြန်မာ့မီးရထား ကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း (၁၃၀)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း (၄၉)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၂)ကြိမ် ကျူးလွန်ခဲ့ကြကြောင်း နစကမှ ထုတ်ပြန်သည်။

Most Read

Most Recent