၂၀၂၄ ခုနှစ် အတာသင်္ကြန်ပွဲတော် အင်းလေး ရေလယ်ဧည့်ခန်းမတွင် အင်းလေးရေပေါ်သင်္ကြန်ကို စည်ကားစွာ ကျင်းပမည်

၂၀၂၄ ခုနှစ် အတာသင်္ကြန်ပွဲတော် အင်းလေး ရေလယ်ဧည့်ခန်းမတွင် အင်းလေးရေပေါ်သင်္ကြန်ကို စည်ကားစွာ ကျင်းပမည်
၂၀၂၃ ခုနှစ် မဟာသင်္ကြန်မြင်ကွင်း (ဓာတ်ပုံ - ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန)
၂၀၂၃ ခုနှစ် မဟာသင်္ကြန်မြင်ကွင်း (ဓာတ်ပုံ - ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန)
Published 11 April 2024

၂၀၂၄ ခုနှစ် အတာသင်္ကြန်ပွဲတော် အင်းလေးရေလယ်ဧည့်ခန်းမတွင် အင်းလေး ရေပေါ်သင်္ကြန်ကို စည်ကားစွာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ညောင်ရွှေမြို့နယ်၊ အင်းလေးရေလယ်ဧည့်ခန်းမ တွင် အင်းလေးရေ ပေါ် သင်္ကြန်ကို စည်ကား သိုက်မြိုက်စွာကျင်းပ မည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာ ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင် ရွှေမြို့နယ်ရှိ အင်းလေးကန် တွင် ယမန်နှစ် ကလည်း ရေပေါ်သင်္ကြန် ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ယခုနှစ်တွင်လည်း ရေပေါ် သင်္ကြန် ပွဲတော် ကို ထည့်သွင်းကျင်းပနိုင်ရန် စီစဉ်နေခြင်း ဖြစ်သည်။

 အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ကို ၂၀၁၉ ခုနှစ်တွင် စတင်ကျင်းပပြီး ကိုဗစ်-၁၉ ကပ်ရောဂါလွန်မြောက်ပြီး ၂၀၂၃ ခုနှစ်တွင် အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ကို ပြန်လည် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ယခု ၂၀၂၄ ခုနှစ်တွင်လည်း အင်းလေး ရေပေါ်သင်္ကြန်ပွဲတော်ကို ရိုးရာအကအလှ ဖျော်ဖြေမှုများ၊ စတုဒီသာကျွေးမွေးဧည့်ခံမှုများနှင့်အသစ်ပြန်လည်ပြင်ဆင်မွမ်းမံထား သော ရေလယ်ဧည့်ခန်းမတွင် ဧပြီ ၁၃ရက်နေ့ မှ ဧပြီ ၁၆ ရက်နေ့အထိ စည်ကား သိုက်မြိုက် စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။ ညောင်ရွှေမြို့နယ် အင်း လေးရေလယ် ဧည့်ခန်းမတွင် ကျင်းပမည့် ၂၀၂၄ ခုနှစ် အင်းလေး ရေပေါ်သင်္ကြန်ပွဲတော်ကို လာ ရောက်လည် ပတ်ကြပါရန် ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာနမှ ဖိတ်ခေါ်ထား ကြောင်း သိရှိရသည်။

Most Read

Most Recent