■ နှစ်ဆန်း တစ်ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား ၉၀၀ ကျော်ကို လွတ်ငြိမ်း သက်သာခွင့်ဖြင့် ပြန်လွတ်

■ နှစ်ဆန်း တစ်ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား ၉၀၀ ကျော်ကို လွတ်ငြိမ်း သက်သာခွင့်ဖြင့် ပြန်လွတ်
Published 17 April 2024

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား ၉၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ဖြင့် ယနေ့ (ဧပြီ  ၁၇ရက်)၊ မွန်းတည့် ၁၂ နာရီ ၁၀  မိနစ်ခန့်တွင် ပြန်လွတ်ခဲ့ကြောင်း သိရသည်။ 

အင်းစိန်အကျဉ်းထောင်မှ ပြန်လွတ်သူများကို YBS ယာဉ်များဖြင့် ‌ထောင်ပြင်ပသို့ ပို့ဆောင်ခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်များသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ 

" အင်းစိန်က လွတ်တဲ့ဦးရေက ၉၀၀ ကျော်မယ်။ စာရင်းအရ ၉၁၃ ဦးလောက် ရှိမယ်လို့ သိရတယ်။ အဲပတ်ဝန်းကျင်းလောက်မှာပဲ ရှိမယ်။ မိန်းကလေးအရေအတွက်ကတော့ နည်းတယ် " ဟု အင်းစိန်အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့သည်။ 

အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျ ခံနေရသည့် အကျဉ်းသား အကျဉ်းသူ ၃၃၀၃ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုကြောင်း ယနေ့(ဧပြီ ၁၇ ရက် ၊ မြန်မာနှစ်ဆန်းတစ်ရက်) တွင် နိုင်ငံတော် စီမံ အုပ်ချုပ်ရေး ကောင်စီမှ အမိန့် ထုတ်ပြန်ထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာနှစ်သစ်မင်္ဂလာ အခါသမယ အထိမ်းအမှတ် အားဖြင့်လည်းကာင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာ ထောက်ထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ် ကျခံလျက်ရှိသော အကျဉ်းသား အကျဉ်းသူ ၃၃၀၃ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၁၀၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခု ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုကြောင်း နစက၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်တွင် ဖော်ပြထားသည်။

Most Read

Most Recent