Online အသုံးပြု၍ နီးစပ်ရာစက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီအလွယ်တကူဝယ်ယူနိုင်မည့် Software Application ရေးဆွဲထားပြီး မတ်လအတွင်း ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်၃၀၀ ကျော်တွင် အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိဟု ပို့/ဆက်ဝန်ကြီး ပြောကြား

Online အသုံးပြု၍ နီးစပ်ရာစက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီအလွယ်တကူဝယ်ယူနိုင်မည့် Software Application ရေးဆွဲထားပြီး မတ်လအတွင်း ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်၃၀၀ ကျော်တွင် အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိဟု ပို့/ဆက်ဝန်ကြီး ပြောကြား
Published 6 March 2024

Online အသုံးပြု၍ နီးစပ်ရာစက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီအ လွယ်တကူဝယ်ယူနိုင်မည့် Software Application တစ်ခုအား ရေးဆွဲထားပြီး မတ်လအ တွင်း ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ စက်သုံးဆီ အရောင်းဆိုင် ၃၀၀ ကျော်တွင် အသုံးပြုနိုင် ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ကုန် သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။ 

နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၊ ရုံးအမှတ်(၁၈)၌ မတ် ၅ ရက်က ကျင်းပသည့် ကုန်သွယ်မှုနှင့်ကုန်စည်စီး ဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟို ကော်မတီ၏ (၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီးက အထက်ပါအချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 

အစည်းအဝေးတွင် ပြည်ထောင်စုဝန် ကြီးက စက်သုံးဆီကိစ္စရပ်များနှင့်ပတ်သက် ပြီး ပြည်သူများ သက်သာသည့်စျေးနှုန်းများ နှင့် ဝယ်ယူအသုံးပြုနိုင်ရေးနှင့် လုပ်ငန်းရှင် များက ရည်ညွှန်းစျေးနှုန်းများအတိုင်း ရောင်းချနိုင်ရေး၊ သက်ဆိုင်ရာကော်မတီများ မှ အမြဲမပြတ် ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တရားမဝင်စက်သုံးဆီများ ရောင်းချမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက် လျက်ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ်များ တွင် တရားမဝင် စက်သုံးဆီဖမ်းဆီးရမိမှုအ နေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တနင်္သာရီတိုင်းတွင် စက်သုံးဆီ ၃ ဒသမ ၈၁၀ တန် ခန့်မှန်းတန်ဖိုးကျပ် ၁၂ သန်းနှင့် မကွေးတိုင်းတွင် စက်သုံးဆီ ၁၀ ဒသမ ၄၆၄ တန်၊ စုစုပေါင်းခန့်မှန်းတန်ဖိုးကျပ် ၃၅ ဒသ မ ၉၉၂ သန်း၊ စုစုပေါင်းစက်သုံးဆီ ၁၄ ဒသမ ၂၇၄ တန်၊ စုစုပေါင်းခန့်မှန်းတန်ဖိုး ကျပ် ၄၇ ဒသမ ၉၉၂ သန်း ဖမ်းဆီးရမိခဲ့ကြောင်း ပြော ကြားသည်။

စက်သုံးဆီဆိုင်များနှင့်ပတ်သက်ပြီး အဆင်ပြေချောမွေ့စွာ ရောင်းချနေမှုများ အား အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်မှ ၂၀၂၄ ခု နှစ် ဖေဖော်ဝါရီ ၂၉ ရက်အထိ ပြည်ထောင် စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်း ဒေသကြီး/ ပြည်နယ်များရှိ စက်သုံးဆီ  terminal များနှင့် စက်သုံးဆီအရောင်းဆိုင် များအား CCTV Link ချိတ်ဆက်ပြီးစီးမှုအ နေဖြင့် စုစုပေါင်း  Terminal ရှစ်ခုနှင့် စက် သုံးဆီဆိုင် ၅၉၁ ဆိုင်အား ချိတ်ဆက်ဆောင် ရွက်ပြီးဖြစ်ကြောင်း၊ ဆီဘောက်ဆာယဉ်များ ဖြတ်သန်းသွားလာမှုအခြေအနေများကို လည်း အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အ တွက် နေပြည်တော်အပါအဝင် တိုင်းဒေသ ကြီး/ ပြည်နယ်များရှိ  toll gate များတွင်လည်း CCTV Camera များ တပ်ဆင်ပြီးစီးမှုအနေ နှင့်  toll gate ပေါင်း ၅၂ ခုနှင့် CCTV ရေအတွက် ၅၄၂ ခု တပ်ဆင်ပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

အများပြည်သူများအနေဖြင့် online အသုံးပြုပြီး နီးစပ်ရာစက်သုံးဆီအရောင်း ဆိုင်များမှ လိုအပ်သည့် စက်သုံးဆီအမျိုးအ စားကို ရောင်းစျေးနှုန်းသိရှိပြီး လိုအပ်သလောက် အလွယ်တကူဝယ်ယူနိုင်မည့် software application တစ်ခုအား ရေးဆွဲပြီး ဖြစ်ပါသဖြင့် ဖေဖော်ဝါရီလကုန်မှစ၍ ပြည် ထောင်စုနယ်မြေ၊ နေပြည်တော်တွင်ရှိသည့် စက်သုံးဆီအရောင်းဆိုင်များတွင် စမ်းသပ် အသုံးပြုလျက်ရှိပြီး ှသ်အတမေန အား လိုအပ် ချက်အချို့ ပြင်ဆင်မွမ်းမံ၍ ယခုမတ်လအ တွင်း၌ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီး စည်ပင်သာယာရေးနယ်နိ မိတ်တွင်ရှိသည့် စက်သုံးဆီအရောင်းဆိုင် ၃၀၀ ကျော် အသုံးပြုနိုင်ရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး က ပြောကြားသည်။ 

ယင်းအစည်းအဝေးသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေ ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အတူ ကော်မ တီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent