တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ နိုင်ငံရေးပါတီ လေးပါတီမှ တာဝန်ရှိသူများ တရုတ်နိုင်ငံသို့သွားရောက်

တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ နိုင်ငံရေးပါတီ လေးပါတီမှ တာဝန်ရှိသူများ တရုတ်နိုင်ငံသို့သွားရောက်
တရုတ်နိုင်ငံသို့ လေ့လာရေးခရီးသွားရောက်မည့် ပြည်သူ့ပါတီမှ တာဝန်ရှိသူများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ရစဉ်
တရုတ်နိုင်ငံသို့ လေ့လာရေးခရီးသွားရောက်မည့် ပြည်သူ့ပါတီမှ တာဝန်ရှိသူများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ရစဉ်
Published 21 July 2024

တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြား ချက်အရ နိုင်ငံရေးပါတီ လေးပါတီမှ တာဝန် ရှိသူများ၏ တစ်ပတ်ကြာ တရုတ်ခရီးစဉ် စတင် ပြီဖြစ်ကြောင်း ဖိတ်ကြားခံရသည့် နိုင်ငံရေးပါ တီများက ဇူလိုင် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့ သည်။

တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက် အရ နိုင်ငံရေးပါတီ လေးပါတီမှ တာဝန်ရှိသူ များအနေဖြင့် တရုတ်နိုင်ငံသို့ ဇူလိုင် ၂၀ ရက် မှ ၂၇ ရက်အထိ လေ့လာရေးခရီးသွားရောက် ရန် ဇူလိုင် ၂၀ ရက်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခြင်းလည်း ဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ကြားသည့် နိုင်ငံရေးပါတီ လေးပါတီမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်သူ့ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် ရခိုင့်ဦးဆောင်ပါတီ (AFP) တို့ ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ခရီးစဉ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ဦးမောင်မြင့်နှင့် ဦးလှဆွေတို့ ဦးဆောင်သော အဖွဲ့ဝင် ကိုးဦးပါ ကိုယ်စား လှယ်အဖွဲ့သည် ဇူလိုင် ၂၀ ရက်က လေယာဉ် အမှတ်-၉၆၄၂ ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်မှ တရုတ်နိုင်ငံသို့ ထွက်ခွာသွား ကြောင်း ထုတ်ပြန်ထားသည်။  

ထို့ပြင် ပြည်သူ့ပါတီပါတီမှ ဥက္ကဋ္ဌ ဦးကို ကိုကြီး၊ ဗဟိုအမျိုးသမီးနှင် ့ကလေးသူငယ် ရေးရာ တာဝန်ခံ ဒေါ်စန္ဒာဝင်းနှင့် ဗဟိုကော် မတီဝင် ဦးစိုင်းသန်းထိုက်တို့ ဦးဆောင်သော သုံးဦးပါ ကိုယ်စားလှယ်အဖွဲ့မှာလည်း  ဇူလိုင် ၂၀ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်မှ ထွက်ခွာသွားကြောင်း ပြည်သူ့ပါတီက ထုတ်ပြန်သည်။

ပါတီချင်းဆက်ဆံရေးအပေါ် မူတည်၍ နိုင်ငံချင်းဆက်ဆံရေး၌ မြန်မာနိုင်ငံ၏ တည် ငြိမ်ရေး၊ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေး ကို အခြေခံပြီး ဆွေးနွေးခွင့်ရလျှင် ဆွေးနွေး သွားမည်ဖြစ်ကြောင်း ပြည်သူ့ပါတီပါတီမှ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ခရီးစဉ်မတိုင်မီ The Daily Eleven သတင်းစာကို ပြောကြားထား သည်။

“ကျွန်တော်တို့ကတော့ ပါတီချင်းဆက် ဆံရေးအပေါ်မှာ မူတည်ပြီးတော့ နိုင်ငံချင်း ဆက်ဆံရေးမှာလည်း ကျွန်တော်တို့နိုင်ငံရဲ့ တည်ငြိမ်ရေး၊ ဒီမိုကရေစီပြန်လည်ထွန်းကား ရေးအတွက်ကို အဲဒီအခြေခံပေါ်ကနေ ဆွေး နွေးခွင့်ရရင် ဆွေးနွေးမယ်လို့ စဉ်းစားထား တာရှိပါတယ်။ အထူးသဖြင့် လက်နက်ကိုင်ပဋိ ပက္ခ ကြောင့် ပြည်သူတွေလုံခြုံမှုမရှိ၊ ထိတ် ထိတ်လန့်လန့်ဖြစ်နေတဲ့ အခြေအနေတွေကို တရုတ်အစိုးရဘက်ကို ရှင်းပြ၊ ပြောပြဖို့ ရည် ရွယ်ထားပါတယ်။ ကျွန်တော်တို့နိုင်ငံ ဒီမိုက ရေစီ အပြောင်းအလဲမှာပေါ့။ အထူးသဖြင့် ၂၀၁၀ နောက်ပိုင်းမှာ တရုတ်နိုင်ငံက ပါတီ တွေရော၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဘာ သာရေးအဖွဲ့အစည်းတွေ၊ မီဒီယာတွေ၊ အလွှာ ပေါင်းစုံဆက်ဆံရေးကို တိုးမြှင့်လာတာတွေ့ ရပါတယ်။ ဒါ့ကြောင့်မို့လို့ ကျွန်တော်တို့က လည်း အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး ဆိုတာက နိုင်ငံအပြောင်းအလဲအတွက် အင် မတန် အရေးကြီးတာဖြစ်ပါတယ်” ဟု ဦးကို ကိုကြီးက ပြောကြားသည်။

ယခု တရုတ်နိုင်ငံခရီးစဉ်တွင် တရုတ် ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေး ဌာနနှင့် တွေ့ဆုံရန်ရှိကြောင်း ဦးကိုကိုကြီးက ပြောကြားထားသည်။

တရုတ်နိုင်ငံအနေဖြင့် ယခင်က နိုင်ငံ ရေးပါတီများကို တရုတ်နိုင်ငံသို့ မကြာခဏ လေ့လာရေးခရီးများ ဖိတ်ခေါ်လေ့ရှိပြီး ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ် ပေါ်ပြီးနောက် နိုင်ငံရေးပါတီများကို တရုတ် နိုင်ငံသို့ လေ့လာရေးခရီးခေါ်ယူမှု မရှိခဲ့ရာမှ ယခုအခါ နိုင်ငံရေးပါတီများကို ပြန်လည်ထိ တွေ့ဆက်ဆံလာခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့်ဇွန် ၂၇ ရက်မှ ဇွန် ၃၀ ရက်အထိ နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်သည် တရုတ်နိုင်ငံသို့ လေးရက်ကြာခရီးစဉ် သွား ရောက်ခဲ့ပြီး တစ်ပတ်ခန့်အကြာ ဇူလိုင် ၆ ရက် တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရုတ်နိုင်ငံသို့ သွားရောက်ထားသည်။

Most Read

Most Recent