၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်း ၀င်ရောက်ဖြေဆိုသူ ၈၄၂၈ ဦးရှိပြီး အောင်မြင်သူ ၄၇၈၆ ဦးရှိသည့်အတွက် အောင်ချက် ၅၆ ဒသမ ၇၉ ရာခိုင်နှုန်းရှိ

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်း ၀င်ရောက်ဖြေဆိုသူ ၈၄၂၈ ဦးရှိပြီး အောင်မြင်သူ ၄၇၈၆ ဦးရှိသည့်အတွက် အောင်ချက် ၅၆ ဒသမ ၇၉ ရာခိုင်နှုန်းရှိ
Published 13 June 2024

နေပြည်တော်၌ အောင်စာရင်းကြည့်ရှုသူများကို တွေ့ရစဉ်

 ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ၀င် ရောက်ဖြေဆိုသူ ၈၄၂၈ ဦးရှိပြီး အောင်မြင်သူ ၄၇၈၆ ဦးရှိသည့်အတွက် အောင်မြင်မှု ၅၆ ဒသမ ၇၉ ရာခိုင်နှုန်းရှိကြောင်း သတင်းရရှိ သည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ဖြေ ဆိုအောင်မြင်မှုအနေဖြင့် ပျဉ်းမနားခရိုင် ပျဉ်း မနားမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်တို့တွင် ဂုဏ် ထူးရ ကျောင်းသားကျောင်းသူ ၂၇၆ ဦး၊ ရိုးရိုး အောင်မြင်သူ ၁၀၂၆ ဦး စုစုပေါင်း ၁၃၀၂ ဦး အောင်ချက်ရာခိုင်နှုန်း ၅၈ ဒသမ ၂၈ ရာခိုင် နှုန်း၊ လယ်ဝေးခရိုင် လယ်ဝေးမြို့နယ်နှင့် ဒက္ခိ ဏသီရိမြို့နယ်တို့တွင် ဂုဏ်ထူးရကျောင်း သားကျောင်းသူ ၂၄၀၊ ရိုးရိုးအောင်မြင်သူ ၁၀၆၂ ဦး စုစုပေါင်း ၁၃၀၂ ဦး အောင်ချက်ရာ ခိုင်နှုန်း ၅၈ ဒသမ ၅၂ ရာခိုင် နှုန်း၊ ဥတ္တရခရိုင် ဥတ္တရသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့တွင် ဂုဏ်ထူးရကျောင်းသားကျောင်းသူ ၂၃၆ ဦး၊ ရိုးရိုးအောင်မြင်သူ ၈၅၈ ဦး စုစုပေါင်း ၁၀၉၄ ဦး အောင်ချက်ရာခိုင်နှုန်း ၅၆ ဒသမ ၇၇ ရာ ခိုင်နှုန်း၊ ဇေယျာသီရိခရိုင် ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်တို့တွင် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ ၁၈၂ ဦး၊ ရိုးရိုးအောင်မြင်သူ ၉၀၆ ဦး စုစုပေါင်း ၁၀၈၈ ဦး အောင်ချက် ၅၃ ဒသမ ၂၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အလားတူ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုသူပေါင်း ၁၂၈၈၂၀ ဦးရှိပြီး အောင်မြင် သူပေါင်း ၇၄၅၉၂ ဦးရှိသည့်အတွက် အောင် မြင်မှုရာခိုင်နှုန်း ၅၇ ဒသမ ၉၀ ရာခိုင်နှုန်းရှိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းစာမေးပွဲတွင် တစ်နိုင်ငံလုံးအမှတ် အများဆုံးရရှိသူအဖြစ် ကပက(EC) တာမွေမှ မောင်မင်းခန့်ဗိုလ်က အမှတ်ပေါင်း ၅၅၇ မှတ်ဖြင့် ရရှိခဲ့ကြောင်း သိရသည်။

အလားတူ ၂၀၂၄ ခုနှစ် ဧပြီနှင့် မေလ များတွင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင် စာရင်းများကိုလည်း ဖြေဆိုခဲ့သည့် စာစစ်ဌာန များအလိုက် ကြေညာခဲ့ကြောင်း သိရသည်။

အောင်စာရင်းများကို သက်ဆိုင်ရာမြို့ နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းကပ်ထားခဲ့ကြောင်း၊ မြန်မာ နိုင်ငံစာစစ်ဦးစီးဌာန  website ဖြစ်သော www.myanmarexam.org

တွင် ၀င်ရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။

Most Read

Most Recent