ရေကြီးရေလျှံဖြစ်ပွားမှုနှင့် ဘေးဆိုးများ

ရေကြီးရေလျှံဖြစ်ပွားမှုနှင့် ဘေးဆိုးများ
ပခုက္ကူမြို့တွင် မြစ်ရေဝင်ရောက်စဉ် နေအိမ်တစ်အိမ်အတွင်းမြင်ကွင်း
ပခုက္ကူမြို့တွင် မြစ်ရေဝင်ရောက်စဉ် နေအိမ်တစ်အိမ်အတွင်းမြင်ကွင်း
Published 21 July 2024
ဒေါက်တာလွင်သန့်

ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် လေးပေခွဲခန့်၊ ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် သုံးပေခန့် စိုးရိမ်ရေမှတ်အထက်သို့ ကျော် လွန်ရောက်ရှိနေပြီး ယင်းမြို့များ၌ လာမည့် တစ်ရက်အတွင်း သုံးလက်မခန့် ဆက်လက် မြင့်တက်နိုင်ကြောင်း ဇူလိုင် ၁၈ ရက်တွင် မိုး လေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန က ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ ဇူလိုင် ၁၈ ရက် နံ နက် ၈ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာ ဝတီမြစ်ရေသည် စစ်ကိုင်းမြို့တွင် စိုးရိမ်ရေ မှတ်အထက်သို့ နှစ်လက်မခွဲခန့် ကျော်လွန် ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာ မည့် ၁၂ နာရီအတွင်း စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ကြောင်း သိရသည်။

ဧရာဝတီမြစ်ရေသည် မြင်းမူမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေခန့် ကျော် လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း ပေဝက်ခန့် ကျ ဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက် လည်းကောင်း၊ ဧရာဝတီမြစ်ရေသည် ပခုက္ကူ မြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ သုံးပေခွဲ ခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါ မြစ် ရေသည် လာမည့်တစ်ရက်အတွင်း ပေဝက် ခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အ ထက်လည်းကောင်း၊ ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ လေးပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး အ ဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေ မှတ်အထက်လည်းကောင်း၊ ဧရာဝတီမြစ်ရေ သည် ချောက်မြို့တွင် စိုးရိမ်ရေမှတ်အထက် သို့ တစ်ပေခန့် ကျော်လွန်ရောက်ရှိနေပြီး အ ဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေ မှတ်အထက်လည်းကောင်း၊ ဧရာဝတီမြစ်ရေ သည် မင်းဘူးမြို့တွင် စိုးရိမ်ရေမှတ်အထက် သို့ သုံးပေခန့် ကျော်လွန်ရောက်ရှိနေပြီး အ ဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း လေးလက်မခန့် ကျဆင်းလာနိုင်ကာ စိုးရိမ် ရေမှတ်အထက်လည်းကောင်း အသီးသီး ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

          အမေရိကန်တက္ကသိုလ်တစ်ခု၏ သု တေသနပြုချက်အရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ရာသီဥတုအဆိုးဝါးဆုံးနိုင်ငံ များစာရင်းဝင် ဖြစ်နေသည့်အပြင် ရာသီဥတု ဘေးအန္တရာယ်အတွက် ပြင်ဆင်မှုအနည်း ဆုံးနိုင်ငံထဲတွင်လည်း ပါဝင်နေပြန်သည်။ ကမ္ဘာကြီးပူနွေးလာခြင်း၊ သစ်တောပြုန်းတီး ခြင်း၊ ကမ္ဘာမြောက်ခြမ်း၊ ခါကာဆိုရာဇီ တောင်ဘက်မှ ရေခဲထောင်များ အရည်ပျော် ကျခြင်းတို့ကြောင့် မြစ်ရေများမြင့်တတ်ကာ ရေကြီးရေလျှံဖြစ်ခဲ့ရသည်။ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာသည်။ နွေရာသီ တွင် အပူချိန်စံချိန်တင်ကာ ကမ္ဘာပေါ်တွင် ချောက်မြို့သည် ကမ္ဘာ့အပူဆုံးဒေသအဖြစ် သုံးရက်ခန့်ဆက်တိုက် ကျန်ရစ်ခဲ့ပြီး မိုးရာသီ တွင် စံချိန်တင် မိုးရေချိန်များနှင့် မိုးများခဲ့ သည်။

          ကမ္ဘာအဆုတ်ကြီးဟု တင်စားခေါ်ဝေါ် ခဲ့သော ဘရာဇီးအမေဇုန်သစ်တော၊ အင်ဒို နီးရှား မိုးသစ်တောနှင့် မြန်မာနိုင်ငံမှာ မုတ် သုံသစ်တောတို့ ပြုန်းတီးလာခဲ့သည်။ မြန် မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်မတိုင်မီက ရာသီ ဥတုဆိုးရွား၍ ရေကြီးရေလျှံမှု၊ မြစ်ကမ်းပြိုမှု၊ လူသေဆုံးမှုတို့မှာ ရှားမှရှားဖြစ်ခဲ့သည်။ သ ဘာဝမုတ်သုံသစ်တော ၇၀ ရာခိုင်နှုန်း ပိုင် ဆိုင်ထားသဖြင့် ရာသီဥတုဆိုင်ရာ တော်ရုံ ပြင်းထန်သော မုန်တိုင်းကိုမမှုပါ။ မိုးကြိုး ပစ်ခြင်း၊ ရေကြီးရေလျှံရေနစ်ခြင်း၊ မြေပြို ခြင်းကြောင့် သေဆုံးမှုများ ရှားပါးခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် သစ်တောဧက ၅၇ ရာ ခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်တွင် သစ်တောဧက ၄၂ ဒသမ ၃၇ ရာခိုင်နှုန်း အထိအခိုက်ကြမ်းခဲ့ သည်။ သဘာဝသစ်တောများ ပျောက်ဆုံးခဲ့ ပြီး သဘာဝဘေးဆိုးဖြစ်သော ရေကြီးရေလျှံ ခြင်း၊ ကမ်းပြိုခြင်း၊ မြေပြိုခြင်းနှင့် အခြားသစ် တောပြုန်တီးနိုင်ငံများကဲ့သို့ ခပ်စိပ်စိပ်ဖြစ်ခဲ့ ရသည်။

          ရေလွှမ်းမိုးမှုကြောင့်မြေပြိုခြင်း၊ ရေ တိုက်စားခြင်း၊ လူနှင့်တိရစ္ဆာန် ထိခိုက်ပျက် စီးခြင်း၊ စိုက်ပျိုးမှုလုပ်ငန်းများ ပျက်စီးခြင်း၊ ဆုံးရှုံးမှု များနေဆဲဖြစ်သည်။ ရေလွှမ်းမိုးမှု ကြောင့် လူအပါအဝင်သက်ရှိများ အသက် ဆုံးရှုံးခြင်း၊ အဆောက်အအုံများ၊ တံတား များ ပျက်စီးခြင်း၊ ဆည်မြောင်းတာတမံသစ် များ ပျက်စီးခြင်း၊ မြို့ရွာများရှိ ရေမြောင်းရေ လမ်းပျက်စီးခြင်း၊ ရေကျော်လွန်၍ ဆက် သွယ်ရေးပြတ်တောက်ခြင်းများကို ရင်ဆိုင် ကြရသည်။ လျှပ်စစ်မီးတိုင်များပြိုလဲခြင်း၊ မီး ကြိုးများပြတ်ခြင်းတို့ကြောင့် လျှပ်စစ်မီးရရှိ မှုနည်းကာ အမှောင်ထဲတွင် ဖြစ်သလိုနေခဲ့ ကြရသည်။

          ရေလွှမ်းမိုးမှုကြောင့် လူအပါအဝင် သက်ရှိများ အသက်ဆုံးရှုံးခြင်း၊ အဆောက် အအုံများ ပျက်စီးခြင်း၊ ဆည်မြောင်းတာတမံ များ ပျက်စီးခြင်း၊ မြို့ရွာများရှိ ရေမြောင်း၊ ရေလမ်းများပျက်စီးခြင်း၊ ရေကျော်နေ၍ ဆက်သွယ်ရေး ပြတ်တောက်ခြင်းတို့ကို ရင် ဆိုင်ရသည်။ လျှပ်စစ်ဓာတ်အားပေးစနစ်၊ ဖုန်းစနစ်များ ထိခိုက်ပြတ်တောက်ခဲ့ရသည်။ စက်မှုလုပ်ငန်း၊ ပို့ဆောင်ဆက်သွယ်ရေးလုပ် ငန်းများ ထိခိုက်ရသည်။ ရေနှင့်ပတ်သက်ပြီး ညစ်ညမ်းနေကာ ဝမ်းရောဂါ စသည့်ရေမှ တစ်ဆင့်ကူးစက်ပြန်ပွားတတ်သော တိုက် ဖွိုက် (Typhoid ) ရောဂါ၊ ဝမ်းလျှောဝမ်းပျက် ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်စေသည်။

          ရေလွှမ်းမိုးမှုကြောင့် စိုက်ပျိုးရေး လုပ် ငန်းများ ထိခိုက်ဆုံးရှုံးလာမှုက နောက်ဆက် တွဲပြဿနာများ၊ မိုးခေါင်မှုများ ဖြစ်လာနိုင် သည်။ စီးပွားရေးအရ ကြီးမားသောဆုံးရှုံးမှု ကြုံတွေ့ကြရသည်။ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ပျက်စီးဆုံးရှုံးကာ သစ်တောပြုန်း တီး ခြင်း၊ လူ၊ တိရစ္ဆာန်၊ သစ်တောပျက်စီးခြင်း၊ မြွေနှင့် တွင်းအောင်းသတ္တဝါများကြောင့် မြွေဆိုးအန္တရာယ် ရှိနိုင်ပါသည်။

          ရေကြီးရေလျှံ မုန်တိုင်းစသည့် အရေး ပေါ်အခြေအနေဖြစ်ပါစေ ကြိုတင်ပြင်ဆင် သည့် နည်းလမ်းမှာ အတူတူပင်ဖြစ်သည်။

          (၁) သိအောင်လုပ်ပါ (knows)

          ကျရောက်နိုင်သော အရေးပေါ်အန္တ ရာယ်များကို ကြိုတင်သိရှိအောင် လုပ်သင့် သည်။ မျက်စိဖွင့်နားစွင့်ထားသင့်သည်။ ရေ ဒီယို (သို့မဟုတ်) တီဗွီမှ လွှင့်သော မိုးလေ ဝသနှင့် အခြားသတင်းများ နားထောင်သင့် ပါသည်။

          (၂) စီမံချက်ချမှတ်သင့်သည် (plan)

          ကြိုတင်ပြင်ဆင်လေ့ကျင့်ဆောင်ရွက် ထားပါမှ အရေးပေါ်ကြုံလျှင်၊ ပေါ်ပေါက် လာလျှင် တုံ့ပြန်မှုအောင်မြင်ပါလိမ့်မည်။ ဥပမာရေကြီးခြင်း၊ ငလျင်လှုပ်ခြင်းဖြစ်လျှင် ရှောင်ရန် အိမ်၊ အလုပ်နေရာ၊ ကျောင်း စသည်ဖြင့် စီမံချက်ချ ဇာတ်တိုက်လေ့ကျင့် ထားသင့်သည်။

          (၃) ထုပ်ပိုးထားသင့်သည် (pack)

     ကြိုတင်ပြင်ဆင် လေ့ကျင့်ဆောင်ရွက် ထားပါမှ အရေးပေါ်ကြုံလျှင်၊ ပေါ်ပေါက် လာလျှင်၊ တုံ့ပြန်မှု အောင်မြင်ပါလိမ့်မည်။ ဥပမာ ငလျင်ဖြစ်လျှင် ဆောင်ရန်၊ ရှောင်ရန် အိမ်၊ အလုပ်နေရာ၊ ကျောင်းစသဖြင့် စီမံ ချက်ချ လေ့ကျင့်ထားသင့်သည်။ မိမိနှင့် မိ သားစုအတွက် အရေးပေါ်အသက်ကယ် အိတ် f (Emergency Survival kit)

တစ်အိတ် ပြုလုပ်ထားသင့်သည်။ အရေးကြီးသော အ ထောက်ထားနှင့် ပစ္စည်းအချို့ ဥပမာ မွေး စာရင်း၊ အမျိုးသားမှတ်ပုံတင် သက်သေခံ ကတ်ပြား၊ ကျန်းမာရေးမှတ်တမ်း၊ သောက် နေကျ ဆေးဝါးများ၊ မျက်မှန်အပို၊ ယာဉ် မောင်းလိုင်စင်၊ အသက်အာမခံကတ်ပြား၊ ဘဏ်စာအုပ်၊ ချက်လက်မှတ်၊ ရွှေငွေလက် ဝတ်လက်စား၊ ငွေသား၊ ဖုန်းနံပါတ်များ၊ လက်နှိပ်ဓာတ်မီးနှင့် ဘက်ထရီအပို၊ အိတ် ဆောင်ရေဒီယိုနှင့် ဘက်ထရီအပို၊ အိမ်သော့၊ ကားသော့၊ အစာခံမုန့်ခြောက်၊ အသားဘူး၊ အချိုရည်ဘူးနှင့် သောက်ရေသန့်ဘူး၊ လူ တစ်ဦးတစ်ယောက်အတွက် တစ်ရက်ကိုရေ (၄ ဒသမ ၅) လီတာနှင့်သုံးရက်စာ၊ စားနပ် ရိက္ခာသုံးရက်စာ လိုအပ်သည်ဟုပညာရှင် များ ညွှန်းဆိုသည်။ ရေဘေးအန္တရာယ်ရှိပါက အသက်ကယ်အကျႌတစ်ထည် ထားရှိရုံဖြင့် အသက်ကယ်နိုင်ပါသည်။ အရေးပေါ်အခြေ အနေတွင် တုန်လှုပ်ချောက်ချားမှု မရှိရန် လေ့ကျင့်သင့်သည်။

          ရာသီဥတုအရ ရေကြီးရေလျှံမှုနောက် ပိုင်း ကြုံတွေ့ရသော ပြဿနာများမှာ စီးပွား ရေး၊ စိုက်ပျိုးရေး၊ စက်ရုံအလုပ်ရုံများ နာ လန်မထူနိုင်အောင်ဖြစ်စေသည်။သယ်ယူပို့ ဆောင်ရေးထိခိုက်ကာ အဆောက်အအုံများ ကြံ့ခိုင်မှု နစ်နာစေသည်။ ကုန်ပစ္စည်းပြတ် လပ်လာမှု၊ ကုန်စျေးနူန်းကြီးမှု၊ အလုပ်အ ကိုင်ပျက်စီးမှုဖြစ်လာသည်။ မိသားစုဝင်များ တစ်ဦးဦး ပျက်စီးပါက စိတ်ပိုင်းဆိုင်ရာထိ ခိုက်မှုကြီးစွာ ကြုံရနိုင်သည်။ ဥစ္စာလည်းဆုံး၊ လူလည်းဆုံး၊ စိတ်ထိခိုက်ကြေကွဲကာ တ ဖြည်းဖြည်း ခံစားကြရပါသည်။ ရာသီဥတုအ လိုက် ဖြစ်နိုင်ခြေရှိသော သဘာဝဘေးအန္တ ရာယ်အလိုက် ပြည်သူများ သိထားရန်ဇာတ် တိုက်လေ့ကျင့်မှု ရှိသင့်ပါသည်။

          အခြေအနေအလိုက် ကြိုတင်ရွှေ့ ပြောင်းခြင်း ပြုထားသင့်သည်။ ကျန်းမာရေး ဆိုင်ရာ သောက်သုံးရေ၊ အစာကြိုတင်စု ဆောင်းခြင်း၊ ကူးစက်ရောဂါကာကွယ်ရေး အစီအစဉ်များ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရမည်။ ကယ် ဆယ်ရေးဆိုင်ရာ လိုအပ်သော အသုံးအ ဆောင်၊ ယာဉ်၊ ပစ္စည်းရှိရမည်။ ဖြစ်ပွားချိန် တွင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရ မည်။ မြေပြိုနိုင်သော အခြေအနေမှ လူတိုင်း ပြေးထွက်နိုင်ရမည်။ ပရဟိတလုပ်ကိုင်သူ များ ကျင့်သားရရန် လေ့ကျင့်ပေးဖို့ လိုအပ် သကဲ့သို့ မရှိမဖြစ် စက်ယန္တရားများ လိုအပ် လာမည်။ မြေပြိုမှုမှ အသက်ရှင်နိုင်သေးသမျှ မြန်မြန်ကယ်ထုတ်သင့်သည်။

          ရေကြီးခြင်း၊ မြေပြိုခြင်းပြီးလျှင် ပြန် လည်ထူထောင်ရေး အရေးကြီးသည်။ ကူး စက်ရောဂါအတွက် ကာကွယ်ကုသခြင်း၊ သောက်ရေသန့်ရရှိရန် ဆောင်ရွက်နေခြင်း၊ ရေနှင့်မိလ္လာ စနစ် ကောင်းမွန်စေရေး၊ ပြည် သူများ ပုံမှန်ဘဝ သွားလာရှာဖွေလုပ်ကိုင်နိုင် သောအခြေအနေအထိ ပြန်လည်ထူထောင် ရေး အရေးပါလှပါသည်။ ရေလွှမ်းမိုးခံရ သည့် အိမ်များမှာ အမြဲစိုထိုင်းနေသည့်အိမ် (Chronic wet house) ဖြစ်သွား၍ အသက် ရှူလမ်းကြောင်းရောဂါဖြစ်ပွားမှု များလာ စေသည်။ မြစ်ရေကြီးခြင်းနှင့် မိုးလေဝသ သတင်းများ အမြဲနားထောင်သင့်သည်။

Most Read

Most Recent