ရှစ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် တိုးတက်လာသည့် မြန်မာ့ကုန်ထုတ်လုပ်မှုကဏ္ဍ

ရှစ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် တိုးတက်လာသည့် မြန်မာ့ကုန်ထုတ်လုပ်မှုကဏ္ဍ
Published 9 June 2024

 

 

အာဆီယံ ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်း တွင် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ခိုင်ခိုင်မာမာ တိုးတက်မှုရလာခဲ့ကြောင်း၊ ထုတ်လုပ်ရေးနှင့် အမှာစာ အသစ်များရရှိမှု နှစ်မျိုးစလုံးတွင် ပိုမိုလျင်မြန်သော တိုးတက် မှုများ မှတ်တမ်းဝင်ခဲ့ကြောင်း ၂၀၂၄ ခုနှစ် မေလအတွက် ထုတ်ပြန်သည့် S&P Global မှ မေလ PMI ဒေတာအရ သိရသည်။

မြန်မာနိုင်ငံ၏ထုတ်လုပ်မှုအခြေအ နေ များမှာမူ ရှစ်လအတွင်း ပထမဆုံးအကြိမ်အ ဖြစ် တိုးတက်လာကြောင်း ၂၀၂၄ ခုနှစ် မေလ အတွက် ထုတ်ပြန်သည့် ထည့်ကုန်ဝယ်ယူ ရေး မန်နေဂျာများ၏ အညွှန်းကိန်း Purchasing Manager's Index (PMI) စစ် တမ်း တွင် ဖော်ပြထားသည်။

S&P Global  မြန်မာထုတ်လုပ်မှု PMI ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့်အဖွဲ့ တစ်ခုမှ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ ထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများအတွက် ရ ရှိသည့်ဖြေကြားချက်များကို အခြေခံပြီး တွက် ချက်ထားခြင်းဖြစ်ကြောင်း သိရသည်။

ယခင်စစ်တမ်းကောက်ယူသည့်ကာလ တွင် ကျယ်ကျယ်ပြန့်ပြန့် တည်ငြိမ်ခဲ့ပြီးနောက် မြန်မာနိုင်ငံအတွက် ရာသီအလိုက်ချိန်ညှိ ထားသော  ထည့်ကုန်ဝယ်ယူရေးမန်နေဂျာ များ၏အညွှန်းကိန်း PMI - Purchasing Manager's Index (PMI) သည် မေလတွင် အ လယ်မှတ်ဖြစ်သော ၅၀ ဒသမ ၀ အထက်တွင် ရှိခဲ့ကာ ခုနစ်လဆက်တိုက် အဆက်မပြတ်ယို ယွင်းမှုများနောက်ပိုင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများတွင် တိုးတက်မှုရှိသောလ ဖြစ်ကြောင်း ပြသနေသည်။

ထုတ်လုပ်ရေးကဏ္ဍ၏အခြေအနေ ကောင်းမွန်မှုတွင် ယေဘုယျအားဖြင့် တိုး တက်မှုမှာ အကြီးမားဆုံး PMI အစိတ်အပိုင်း နှစ်ခုဖြစ်သော အမှာစာအသစ်များနှင့်ထုတ် လုပ်ရေးတို့တွင် ထိန်းထားနိုင်ခဲ့ခြင်းနှင့် ပိုမို သိသာစွာ တိုးလာခြင်းများကြောင့် အဓိက ဖြစ်သည်။

ဝယ်လိုအားတွင် တိုးတက်မှုနှင့်အတူ ရှိ နေခဲ့သည်မှာ ဝယ်ယူမှုကုန်ကျစရိတ်နှင့် ထု တ် လုပ်မှုအဖိုးအခနှစ်ရပ်စလုံး ရှစ်လအတွင်း အားအကောင်းဆုံးနှုန်းများဖြင့် မြင့် တက်ခြင် းနှင့်အတူ ငွေကြေးဖောင်းပွမှုဆိုင်ရာဖိအား များ ပိုမိုပြင်းထန်းခဲ့ခြင်းဖြစ်သည်။

ထုတ်လုပ်မှုစွမ်းဆောင်ရည်၏ ပေါင်း စပ်ထားသော တစ်ခုတည်းသော အညွှန်း ကိန်း S&P Global မြန်မာထုတ်လုပ်မှု PMI သည် အလယ်မှတ် ၅၀ ဒသမ ၀ စံနှုန်း အထက်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး မေလ တွင် လျော့ကျခြင်းမှ တိုးတက်ခြင်းကို သီး ခြားဖြစ်စေကာ ယင်းက ၂၀၂၃ ခုနှစ် စက် တင်ဘာနောက်ပိုင်းတွင် လုပ်ငန်းဆောင် ရွက်မှုအခြေအနေ များ၌ တိုးတက်မှုရရှိသော ပထမဆုံးလဖြစ် စေခဲ့သည်။ ဧပြီလတွင် ၄၉ ဒသမ ၉ ရှိရာမှ မြင့်တက်လာသော ၅၂ ဒသမ ၁ တွင် မြန်မာနိုင်ငံ၏ထုတ် လုပ်ရေးကဏ္ဍ၏ အခြေအနေကောင်းမွန်မှုသည် ကိုးလအ တွင်း အားအကောင်းဆုံးနှုန်းဖြင့် တိုးတက် မှုရရှိခဲ့သည်။

အမှာစာအသစ်ပမာဏသည် မေလတွ င် နှစ်လဆက်တိုက်အဖြစ် တိုးတက်ခဲ့ပြီး ကုန် ထုတ်လုပ်သူများသည် ၂၀၂၃ ခုနှစ် သြဂုတ် လနောက်ပိုင်းတွင် အားအကောင်းဆုံးဖြစ် သော သိသာထင်ရှားသည့်တိုးတက်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဝယ်လိုအားတိုးလာ ခြင်းက နဂိုရှိထားသော အလုပ်အပ်နှံသူများ နှင့် လုပ်ဆောင်မှုပိုများလာခြင်းကို ပြသခဲ့ သည်။ ထုတ်လုပ်မှုသည် အလားတူဖြစ်ခဲ့ပြီး မေလတွင် တွေ့ခဲ့ရသော တိုးတက်မှုနှုန်း သည် ဒုတိယသုံးလပတ်စတင်ချိန်တွင် မှတ် တမ်းဝင်ခဲ့သောနှုန်းထက် အရှိန်မြင့်လာခဲ့ သည်။

အမှာစာအသစ်များ ပိုမိုအားကောင်း စွာ ဦးမော့လာမှုက ထည့်ကုန်ဝယ်ယူရေး လုပ်ဆောင်မှုတွင် ခုနစ်လအတွင်း အားအ နည်းဆုံးနှုန်းဖြင့် လျော့ကျခဲ့သည့် ဆက်လက် ကျဆင်းနေမှုကို သက်သာစေရန် တစ်စိတ် တစ်ပိုင်းအကူအညီဖြစ်စေခဲ့သော်လည်း လျော့ကျမှုမှာ အလုံးစုံအားဖြင့် ခိုင်မာနေဆဲ ဖြစ်ခဲ့သည်။

ကုန်ကြမ်းပစ္စည်းရှားပါးမှုများနှင့် လက် ကျန်ပစ္စည်းများအပေါ် မှီခိုမှုမြင့်တက်လာ ခြင်းတို့က ဝယ်ယူရေးလုပ်ဆောင်မှုကို လုပ် ငန်းများစွာက တိုးမြှင့်မှုကို အားလျော့စေခဲ့ သည်။

သို့ဖြစ်ရာ ထုတ်လုပ်သူများသည် လက် ကျန်ပစ္စည်းများမှ တိုက်ရိုက်ရောင်းချခြင်းကို အားပြုလာခဲ့ကြသည်။ ထုတ်လုပ်မှုအကြို လက်ကျန်ပစ္စည်းများသည်လည်း ခြောက် လအတွင်း အားအနည်းဆုံးနှုန်းဖြင့် သိသာ စွာ လျော့နည်းခဲ့သည့်တိုင် ဝယ်ယူရေးလုပ် ဆောင်မှုပိုမိုအေးစက်စွာ ဦးစိုက်ခြင်းကို တစ် စိတ်တစ်ပိုင်း ထင်ဟပ်ခဲ့သည်။

အလုပ်ခန့်အပ်မှုပိုင်းတွင် နောက်ဆုံး စစ်တမ်းကောက်ယူခဲ့သည့်အချိန်အတွင်း လုပ်သားအင်အားစုအရေအတွက် သိသိသာ သာ ကျဆင်းမှုမှတ်တမ်းဝင်ခဲ့သည်။ ဦးစိုက် မှုသည် မြန်မာနိုင်ငံတစ်ဝန်းမှ ကုန်ထုတ်လုပ် သူများ ရင်ဆိုင်ခဲ့ရသော စိန်ခေါ်မှုများကို မြင်သာစေခဲ့ကာ အလုပ်ထွက်မှုအစီရင်ခံစာ များစွာရှိခြင်းကြောင့် အလုပ်ခန့်အပ်မှုအရေ အတွက်ကို ထိန်းသိမ်းထားရန် ရုန်းကန်ရသူ များစွာရှိခဲ့သည်။

အလုပ်ခန့်အပ်မှုလျော့ကျခြင်းနှင့်အတူ ထုတ်လုပ်မှုပိုင်းတွင် အားကောင်းပြီး ပိုမိုလျင် မြန်သော တိုးတက်မှုရှိခြင်းက လုပ်ဆောင် နိုင်စွမ်းအပေါ် ဖိအားများ ဆက်လက်ပြင်း ထန်နေဆဲဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဆက်လက်ဖြစ်ပွားနေဆဲ ကုန်ပစ္စည်းပြတ် လပ်မှုများနှင့်စွမ်းအင်ပြတ်တောက်မှုများက  လက်ဝယ်ရှိသော လုပ်ဆောင်ဖွယ်ရာများကို ပြီးစီးအောင်လုပ်ရန် ကုမ္ပဏီများအတွက် နှောင့်နှေးစေခဲ့သည်။ ရလဒ်အနေဖြင့် လက် ကျန်အလုပ်များ များပြားစွာ ရှိနေခဲ့ပြီးခြောက် လအတွင်း အားအကောင်းဆုံးနှုန်းဖြင့် ဖြစ်ခဲ့ သည်။

          စျေးနှုန်းဖိအားများသည်လည်း မေလ တွင် ပိုမိုပြင်းထန်ခဲ့ပြီး ကုန်ကျစရိတ် ဝန်ထုပ် ဝန်ပိုးများနှင့် ထုတ်လုပ်ရေးစရိတ်နှစ်မျိုးစ လုံးသည် ရှစ်လအတွင်း အလျင်မြန်ဆုံးနှုန်း ဖြင့် မြင့်တက်ခဲ့သည်။ အဖွဲ့ဝင်များသည် ကုန်ပစ္စည်းများနှင့် သယ်ယူပို့ဆောင်ရေးအ တွက် စရိတ်ပိုမိုမြင့်မားလာခြင်းကြောင့် ကုန် ကျစရိတ် ဝန်ထုပ်ဝန်ပိုးများ မြင့်တက်မှုကို သာမက ကျပ်ငွေနှင့်ဒေါ်လာလဲလှယ်မှုနှုန်း မကောင်းမွန်ခြင်းကို အပြစ်တင်ခဲ့ကြသည်။ ရလဒ်အနေဖြင့် လုပ်ငန်းများသည် ၎င်းင်းတို့၏ အဖိုးအခများကို သိသာစွာ တိုးမြှင့်ခဲ့ကြ သည်။

လာမည့်လများအတွက် မျှော်ကြည့်ပါ က ထုတ်လုပ်သူများအကြား အကောင်းမြင် စိတ်အဆင့်သည် ဧပြီလတွင် တွေ့ခဲ့ရသည့် အတိုင်း မပြောင်းလဲဘဲဖြစ်ကာ စျေးကွက်မ ရေရာမှုအဆင့်များ မြင့်မားခြင်းက အလုံးစုံ အကောင်းမြင်စိတ်အပေါ် ဖိအားဖြစ်စေခဲ့ သောကြောင့် သမိုင်းကြောင်းအရကြည့်လျှင် ဆက်လက်နိမ့်ကျနေဆဲဖြစ်ခဲ့ကြောင်း အစီ ရင်ခံစာတွင် ဖော်ပြထားသည်။

“နောက်ဆုံးစစ်တမ်းကောက်ယူခဲ့တဲ့ ကာလအတွင်းမှာ စက်ရုံအမှာစာအသစ်တွေ နဲ့ ထုတ်လုပ်ရေး ပိုမိုလျင်မြန်စွာ တိုးတက်မှု တွေ မှတ်တမ်းဝင်ခဲ့ပြီး ရှစ်လအတွင်း ပထမ ဆုံးအကြိမ်အဖြစ် PMI အညွှန်းကို တိုးတက် တဲ့အပိုင်းမှာ မြင်ခဲ့ရပါတယ်။ ဒါပေ မဲ့လည်း ဝယ်စျေးမြင့်တက်မှုနဲ့ ဝယ်ယူမှုတွေ အတွက် ပို့ဆောင်ချိန်ကြာရှည်မှုတို့က ထုတ် လုပ်မှုအ ပေါ် ဖိအားတွေရှိနေပြီး ပစ္စည်းပေး သွင်းရေး အပိုင်းက စိန်ခေါ်မှုတွေက ကဏ္ဍတစ် ဝန်း မှာ တိုးတက်မှုကို ဆက်လက်ပြီး အကန့် အ သတ်ဖြစ်စေပါတယ်။ မျှော်ကြည့်မယ်ဆို ရင် နိုင်ငံတစ်ဝန်းမှာ မရေရာမှုက ကြီးစိုးနေပြီး လက်နက်ကိုင်ပဋိပက္ခနဲ့ နိုင်ငံရေးမရေရာမှု အပေါ် ကြောက်ရွံ့မှုတွေက ယုံကြည်စိတ်ချမှု အပေါ် ဖိအားပေးနေပါတယ်။ သို့သော် လည်း လုပ်ငန်းအချို့ကတော့ လာမယ့် ၁၂ လအတွင်း ထုတ်လုပ်ရေးတိုးတက်လာဖို့ မျှော်မှန်းကြပါတယ်” ဟု S & P Global Market Intelligence မှစီးပွားရေးပါရဂူ Maryam Baluchက ပြောကြားခဲ့သည်။

 

ပုံစာ -ရန်ကုန်မြို့ရှိ ကုန်ထုတ်လုပ်ငန်းအချို့ကို တွေ့ရစဉ်

(ပုံများစွာသုံးပါ။ အပေါ်က ပုံစာကို ၂ နေရာလောက်ပဲ ထိုးပါ)

         

         

         

Most Read

Most Recent