တရုတ်၏ ပင်လယ်ရပ်ခြား စစ်အခြေစိုက်စခန်းထားရှိရေး မဟာဗျူဟာ

တရုတ်၏ ပင်လယ်ရပ်ခြား စစ်အခြေစိုက်စခန်းထားရှိရေး မဟာဗျူဟာ
Published 17 June 2024

တရုတ်၏ ပင်လယ်ရပ်ခြား စစ်အခြေစိုက်စခန်းထားရှိရေး မဟာဗျူဟာ

 

ဖြိုးဟိန်းကျော်

 

တရုတ်က ၎င်း၏စစ်ရေးအင်အားကို ကမ္ဘာတစ်ဝန်း တိုးမြှင့်ဖြန့်ကြက်ရန် နိုင်ငံတကာတွင် စစ်အခြေစိုက်စခန်းများ ထားရှိနိုင်ရေးအတွက် သဘောတူညီချက်များ ရယူရန်ကြိုးပမ်းနေခြင်းသည် ထိုင်ဝမ်အတွက် အဟန့်အတား မဟာဗျူဟာ တိုးမြှင့်ဖော်ဆောင် လျက်ရှိသည့် အမေရိကန်အား တန်ပြန်မှုဖြစ် သကဲ့သို့ တစ်ဖက်တွင်လည်း အိန္ဒိယကို ၀ိုင်း ပတ်၍ ခြိမ်းခြောက်ဖိအားပေးရန်ဖြစ်သည်။

အမေရိကန်အခြေစိုက် ကမ္ဘာ့မူဝါဒ ရေးရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ဖြစ်သည့် RAND က ယခုလတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်စောင်တွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် ပြည်သူ့ရဲတပ်ဖွဲ့ (PAP) တို့အနေဖြင့် လုံခြုံရေးဆိုင်ရာ ခြေလှမ်းများကို အရှိန်မြှင့်တင် ရန်နှင့် ပင်လယ်ရပ်ခြားတွင် အခြေပြုလှုပ်ရှား နိုင်ရန်အတွက် ပြည်ပ၌ စစ်အခြေစိုက်စခန်း အသုံးပြုခွင့်အတွက် သဘောတူညီမှုများ ရယူနိုင်ရန် ညှိနှိုင်းလျက် ကမ ္ဘာတစ်ဝန်းတွင် ၎င်းတို့၏စစ်အင်အား ဖြန့်ကြက်မှုကို ဆက် လက်ဖော်ဆောင်နေသည်။

တရုတ်က ကမ္ဘောဒီးယား၊ အီကွေတိုရီရယ်ဂီနီ၊ နမီးဘီးယား၊ ဆော်လမွန်ကျွန်းစု၊ ယူအေအီးနှင့် ဗနွာတူကဲ့သို့ နိုင်ငံများကို ပစ် မှတ်ထားနေသည်ဟု RAND က ဖော်ထုတ်ခဲ့ သည်။ လက်ရှိတွင် တရုတ်သည် ဂျီဘူတီတွင် ထောက်ပို့စခန်းတစ်ခုနှင့် တာဂျစ်ကစ္စတန် တွင် အကူလက်နက်ကိုင်တပ် အခြေစိုက် စခန်းတစ်ခုတို့ကို အသုံးပြုလျက်ရှိကြောင်း လည်း ယင်းအစီရင်ခံစာတွင် ဖော်ပြထား သည်။

ထိုနိုင်ငံများအပြင် ကျူးဘား၊ ပါကစ္စ တန်၊ တန်ဇန်းနီးယား၊ သီရိလင်္ကာနှင့် မြန်မာ နိုင်ငံတို့တွင်လည်း အခြေစိုက်စခန်း အသုံးပြု ခွင့်ရရန် တရုတ်က ကြိုးပမ်းနေသည်ဟု Newsweek မဂ္ဂဇင်းက ၂၀၂၄ ခုနှစ် မတ်လ တွင် ဖော်ပြခဲ့သည်။

ယင်းအခြေစိုက်စခန်းများသည် ငြိမ်း ချမ်းသောကာလတွင် တိုက်ခိုက်ရေးနှင့် မသက်ဆိုင်သည့် ကယ်ဆယ်ရေးနှင့် ထောက် လှမ်းရေးကဲ့သို့သော လုပ်ဆောင်မှုများအ တွက် အထောက်အကူပြုသော်လည်း စစ်ပွဲ ကာလတွင် အသုံးတည့်ခြင်း ရှိ မရှိဆိုသည်မှာ ရေရာမှုမရှိဟု RAND ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုအခြေစိုက်စခန်းများနှင့် ပတ်သက်၍ PLA ၏ အဓိကမျှော်မှန်းချက် သည် ၂၀၃၀ ခုနှစ်အထိ ပင်လယ်ပြင်ဆက် သွယ်ရေးလမ်းကြောင်းများကို ကာကွယ်ရန် ဖြစ်ဖွယ်ရှိသည်။

တရုတ်စစ်တပ်၏ ထုတ်ပြန်ပြောဆို ချက်များအရ ၎င်းင်းတို့သည် ၂၀၃၀ ခုနှစ်အထိ အမေရိကန်တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရန် ပြည်ပစစ်အခြေစိုက်စခန်းများကို အသုံးချ နိုင်စွမ်း သို့တည်းမဟုတ် ယင်းသို့လုပ်ဆောင် မည့် အစီအစဉ်မရှိဘဲ တရုတ်၏ ဦးစားပေး အစီအစဉ်မှာ ရေကြောင်းကုန်သွယ်ရေးလမ်း ကြောင်းများကို ကာကွယ်ရန်နှင့် ဖြစ်နိုင်ဖွယ် ရှိသော အမေရိကန်၏ ရေကြောင်းမှပိတ်ဆို့ မှုများကို တုံ့ပြန်ရန်ဖြစ်ကြောင်း RAND ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းအခြေစိုက်စခန်းများကို အဆင့် မြှင့်တင်ခြင်းနှင့် ထိန်းသိမ်းခြင်းတို့ လုပ် ဆောင်ရာတွင် အိမ်ရှင်နိုင်ငံများ၏ နိုင်ငံရေး အရ ယုံကြည်စိတ်ချရမှု၊ ထောက်ပံ့ပို့ဆောင် ရေး ပြဿနာများနှင့် လုံခြုံရေးကဲ့သို့ PLA ရင်ဆိုင်နေရသော ကြီးမားသည့် စိန်ခေါ်မှု များကိုလည်း ထိုအစီရင်ခံစာက မီးမောင်းထိုး ပြခဲ့သည်။

ပင်လယ်ရပ်ခြား အခြေစိုက်စခန်း များတွင် တရုတ်ရေတပ်နှင့် လေကြောင်းရန် ကာကွယ်ရေး လှုပ်ရှားမှုများ မြင့်တက်လာ ခြင်းသည် ပိုမိုရန်လိုသည့် ရပ်တည်ချက်ကို ဦးတည်လာခြင်းအား ညွှန်ပြဖွယ်ရှိသော် လည်း ထောက်ပံ့ပို့ဆောင်ရေးနှင့် နိုင်ငံရေး စိန်ခေါ်မှုများကြောင့် PLA ၏ အခြေစိုက် စခန်းများသည် လာမည့်ဆယ်စုနှစ်အတွင်း အမေရိကန်၏ စစ်ရေးအကျိုးစီးပွားများအ ပေါ် သိသိသာသာ ခြိမ်းခြောက်နိုင်ဖွယ်မရှိဟု ယင်းအစီရင်ခံစာတွင် သုံးသပ်ထားသည်။

သို့သော် ထိုသို့အကဲဖြတ်သုံးသပ်ခြင်း သည် တရုတ်၏ စစ်ရေးနည်းပညာနှင့် မဟာ ဗျူဟာစီမံချက်များ အလျင်အမြန် တိုးတက် လာမှုကို လျှော့တွက်ထားပုံရသည်။

တရုတ်သည် ကမ္ဘာတစ်လွှားတွင် အင်အားအကြီးဆုံး လေယာဉ်တင်သင်္ဘောအုပ်ကို ပိုင်ဆိုင်နိုင်ရန် ရည်မှန်းထားသည်ဟု ၂၀၂၄ ခုနှစ် ဇွန်လက  The National Interest မဂ္ဂဇင်း ၏ ဆောင်းပါးတစ်ပုဒ်တွင် ဆောင်းပါးရှင် ဘရန်ဒန်ဝိုင်းကက်ထ်က ဖော်ပြခဲ့ပြီး ယင်း သည် အမေရိကန်နှင့်နှိုင်းယှဉ်လျှင် သင်္ဘော တည်ဆောက်ရာတွင် ကြီးကြီးမားမား အသာ ရနေမှုကို ထင်ရှားစေသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မ တော် ရေတပ်က ၎င်းတို့၏ စစ်သင်္ဘောအင်အားကို အသုံးချ၍ အင်ဒို-ပစိဖိတ်ဒေသသို့ အမေရိကန်စစ်တပ် ဝင်မလာနိုင်အောင် ဟန့် တားကာ ယင်းဒေသတစ်ခွင်ကို စိုးမိုးထိန်းချုပ် ရန် ရည်ရွယ်လျက်ရှိသည်ဟု ၀ိုင်းကက်ထ်က အခိုင်အမာဆိုထားသည်။

ထိုင်ဝမ်ကိုကျူးကျော်ခြင်း သို့မဟုတ် ထိုင်ဝမ်၏ ပင်လယ်ဝင်ပေါက် ထွက်ပေါက် များကို ပိတ်ဆို့ခြင်းကဲ့သို့ ဖြစ်နိုင်ခြေရှိသော စစ်ပွဲတစ်ခုတွင် ၎င်းင်းတို့၏ လေယာဉ်တင် သင်္ဘောများကို ရေပေါ်ကွပ်ကဲရေးဌာနချုပ် များအဖြစ် အသုံးပြုရန် တရုတ်ရေတပ်က ရည်မှန်းထားသည်ဟုလည်း ၎င်းင်းက ပြော ကြားသည်။ သို့ဖြစ်ရာ အမေရိကန်အနေဖြင့် ဒေသတွင်း ရေပိုင်နက်အငြင်းပွားမှု ခေတ် သစ်ကာလအတွက်သာမက အနောက်ကမ္ဘာ ခြမ်းတွင် တရုတ်စစ်သင်္ဘောများ တပ်ဖြန့်လာ မှုအတွက်လည်း ချိန်ညှိပြင်ဆင်ထားရမည်ဟု ၎င်းင်းက အကြံပြုခဲ့သည်။

တရုတ်က အမေရိကန်ပြည်ထောင်စု အား တိုက်ရိုက်တိုက်ခိုက်နိုင်သည့် အခြေအ နေကို အသုံးချ၍ ထိုင်ဝမ်အတွက် အမေရိ ကန်က အဟန့်အတားများ တိုးမြှင့်လုပ်ဆောင် လာခြင်းကို တန်ပြန်ရန်အတွက် အနောက် ကမ္ဘာခြမ်းတွင် စစ်အခြေစိုက်စခန်းများ ထားရှိရန် တရုတ်က ကြိုးပမ်းနေဖွယ်ရှိသည်။

ကျူးဘားတွင် အခြေစိုက်စခန်းထားရှိ နိုင်မည်ဆိုလျှင် တရုတ်က အထူးစစ်ဆင်ရေး များ လုပ်ဆောင်နိုင်ပြီး စစ်ပွဲဖြစ်ပွားလာခဲ့ သော် အမေရိကန်စစ်တပ်ကို နှောင့်ယှက်ဖြတ် တောက်ခြင်း၊ အရေးပါသော ကာကွယ်ရေး ဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များကို ဖြတ် တောက်တိုက်ခိုက်နိုင်သည်ကို Peruvian Army center for strategic studies  တွက် ၂၀၂၃ ခုနှစ်က ဆောင်းပါးရှင် ရောဘတ်အဲလစ်စ်က ထောက်ပြခဲ့သည်။

ထို့ပြင် တရုတ်သည် ဖလော်ရီဒါပြည် နယ်ရှိ အမေရိကန် ရေတပ်စခန်းများကို တိုက်ခိုက်ရန် ကျူးဘားတွင် တာဝေးပစ်ဒုံးကျည်များ ဖြန့်ကြက်ကာ အမေရိကန်စစ်သင်္ဘောများ၏ လှုပ်ရှားစစ်ကစားနိုင်စွမ်းကို ပိတ်ဆို့ထားပြီး အမေရိကန်အရှေ့တောင်ပိုင်းမှ ပျံသန်းလာ မည့် လေယာဉ်များကိုလည်း ပစ်ချနိုင်သည်ဟု ဆောင်းပါးရှင်တစ်ဦးဖြစ်သူ ဂေါ်ဒွန်ချန်က သတိပေးထားသည်။

ထိုစဉ် တရုတ်က ၎င်းင်း၏စီးပွားရေး သြဇာအရှိန်အဝါကို အသုံးချ၍ ပါကစ္စတန်ရှိ ဂွါဒါဆိပ်ကမ်းနှင့် သီရိလင်္ကာရှိ ဟမ်ဘန်တို တာ ဆိပ်ကမ်းတို့ကို အခြေစိုက်စခန်းထားရှိ လျက် ဂျီဘူတီရှိ ၎င်းတို့၏ သီးခြားဖြစ်နေသော ပင်လယ်ရပ်ခြား စစ်အခြေစိုက်စခန်းအား အားဖြည့်ထောက်ကူမှုများ လုပ်ဆောင်လာ မည်ကို အိန္ဒိယက စိုးရိမ်လျက်ရှိသည်။

ဂျီဘူတီရှိ တရုတ်၏ အခြေစိုက်စခန်း သည် အိန္ဒိယသမုဒ္ဒရာအတွင်း ၎င်းတို့၏ ရေကြောင်းလှုပ်ရှားမှုများကို အထောက်အကူ ပြုနိုင်သော်လည်း ယင်းအခြေစိုက်စခန်းသည် ထောက်ပို့လမ်းကြောင်းများ၏ အစွန်အဖျား တွင် တည်ရှိသည်ဟု တရုတ်အရေးကျွမ်းကျင် သူ အိုင်းဆက်ကာဒန်က ဆိုသည်။

ဂျီဘူတီရှိ တရုတ်အခြေစိုက်စခန်းသည် သီးခြားဖြစ်နေသည့်အပြင် အိန္ဒိယသမုဒ္ဒရာရှိ အခြားတရုတ်စစ်စခန်းများထံမှ အပြန်အ လှန်ပံ့ပိုးမှု မရသည့်အတွက် အသုံးပြုရာတွင် အကန့်အသတ်ရှိနေသည်။ မည်သို့ဆိုစေ ဂွါဒါနှင့် ဟမ်ဘန်တိုတာရှိ အရပ်ဘက်-စစ် ဘက် နှစ်မျိုးသုံး အဆောက်အအုံများသည် တရုတ်၏ ရေကြောင်းသွားလာလှုပ်ရှားမှုများ အတွက် အရေးပါသော ချိတ်ဆက်မှုများ ဖြစ် လာမည်ဟု ကာဒန်က ထောက်ပြခဲ့သည်။

ဂွါဒါဆိပ်ကမ်း တည်ရှိနေသည့် ပထဝီ ဝင်အနေအထား၊ စစ်ရေးအရ အရေးပါမှုနှင့် တရုတ်က ယင်းဆိပ်ကမ်းကို လည်ပတ်လုပ် ကိုင်နေမှုကြောင့် ယင်းသည် တရုတ်ရေတပ် အတွက် ရေရှည်အခြေစိုက်ပြီး ပြန်လည်ဖြည့် တင်းမှုများ လုပ်ဆောင်သည့်နေရာ ဖြစ်လာ နိုင်သည်ဟု အကဲခတ်များက ဆိုသည်။

ထိုနည်းတူ ဟမ်ဘန်တိုတာဆိပ်ကမ်း သည်လည်း တရုတ်၏ တိုက်ရိုက်ထိန်းချုပ်မှု အောက်တွင်ရှိပြီး တစ်နိုင်ငံတည်းက ရင်းနှီး မြှုပ်နှံမှု အများဆုံးပြုလုပ်ထားခြင်းကြောင့် အိန္ဒိယသမုဒ္ဒရာ၌ တရုတ်၏ နောက်ထပ်စစ် အခြေစိုက်စခန်းဖြစ်လာရန် အလားအလာအ များဆုံး ဖြစ်ဖွယ်ရှိကြောင်း  South China Morning Post သတင်းစာက ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ဖော်ပြခဲ့သည်။

စစ်ရေးရှုထောင့်အရ ဂွါဒါနှင့် ဟမ်ဘန် တိုတာ ဆိပ်ကမ်းတို့သည် အိန္ဒိယသမုဒ္ဒရာ တွင် တရုတ်၏ ရေတပ်အင်အား ဖြန့်ကြက်မှု ကို ပိုမိုအစဉ်တစိုက် လုပ်ဆောင်နိုင်အောင် အထောက်အကူပေးနိုင်မည်ဖြစ်ပြီး နောက် ဆုံးတွင် အိန္ဒိယ၏ ပင်လယ်ပြင်အခြေစိုက် နျူကလီးယား အဟန့်အတားစွမ်းရည်ကိုပင် ခြိမ်းခြောက်လာနိုင်သည်။

ဘင်္ဂလားပင်လယ်အော်၏ ရေနက်ပိုင်း သည် ရေကြောင်းသွားလာမှုများပြားသော အာရေဗျပင်လယ်ထက် ပိုမိုအကာအကွယ် ပေးနိုင်စွမ်းရှိသည့်အတွက် အိန္ဒိယသည် ဘင်္ဂ လားပင်လယ်အော်ကို ၎င်းင်း၏ နျူကလီးယား ထိပ်ဖူးတပ် ပဲ့ထိန်းဒုံးကျည် တင်ဆောင်နိုင် သော ရေငုပ်သင်္ဘောများ၏ ခံတပ်အဖြစ် ပြောင်းလဲရန် စီစဉ်နေပုံရသည်ဟု Asia times  က မကြာသေးမီက ဖော်ပြခဲ့သည်။

ရမ်ဘီလီဒေသရှိ ရေငုပ်သင်္ဘော အခြေ စိုက်စခန်းကြီးတစ်ခုှကို အခြေပြုလှုပ်ရှား နေသော အိန္ဒိယ၏ ပဲ့ထိန်းဒုံးကျည်တပ် ရေငုပ်သင်္ဘောများသည် ဘင်္ဂလားပင်လယ် အော်၌ ကင်းလှည့်မှုများ ပြုလုပ်မည်ဖြစ်ကာ ၎င်းင်းဒေသကို လေယာဉ်တင်သင်္ဘောများနှင့် ဖျက်သင်္ဘောကဲ့သို့ ရေပေါ်သွား စစ်သင်္ဘော များကလည်း ကာကွယ်စောင့်ရှောက်လျက် ရှိသည်။ ယင်းမဟာဗျူဟာအရ အိန္ဒိယသည် ရေငုပ်သင်္ဘောမှပစ်လွှတ်သည့် နျူကလီးယား ထိပ်ဖူးတပ် ပဲ့ထိန်းဒုံးကျည်များဖြင့် ပါကစ္စ တန်နှင့် အိန္ဒိယတို့ကို အလစ်အငိုက် တိုက် ခိုက်နိုင်မည်ဖြစ်သည်။

သို့သော် တရုတ်နှင့် အိန္ဒိယအကြား နျူကလီးယားတင်းမာမှုများကြောင့် သမား ရိုးကျ စစ်သင်္ဘောများဖြင့် ပြိုင်ဘက်က အခိုင် အမာခြေကုပ်ယူထားသော ဒေသများဆီသို့ အပြန်အလှန် ထိုးဖောက်ဝင်ရောက်နိုင်ခြေ မြင့်တက်လျက်ရှိသည်။ ယင်းသို့ဆိုလျှင် ဂွါဒါ နှင့် ဟမ်ဘန်တိုတာ ဆိပ်ကမ်းတို့တွင် အခြေ စိုက်သည့် တရုတ်စစ်သင်္ဘောများက အိန္ဒိယ ၏ နျူကလီးယားထိပ်ဖူးတပ် ပဲ့ထိန်းဒုံးကျည် တင်ဆောင်နိုင်သော ရေငုပ်သင်္ဘောများ၏ လှုပ်ရှားမှုကို စောင့်ကြည့်ခြေရာခံမှုများ ပြု လုပ်ဖွယ်ရှိသည်။

တစ်ချိန်တည်းတွင် အိန္ဒိယသည် တရုတ် က နျူကလီးယားထိပ်ဖူးတပ် ပဲ့ထိန်းဒုံးကျည် တင်ဆောင်နိုင်သော ရေငုပ်သင်္ဘောများ၏ အခြေစိုက်စခန်းတည်ဆောက်ရန် ရည်ရွယ် ထားသည့် တောင်တရုတ်ပင်လယ်တွင် ၎င်းင်း ၏ရေတပ်အား ဖြန့်ကြက်မှုကို တိုးမြှင့်ရန် စဉ်းစားလျက်ရှိသည်။    

Ref: Asia Times

 

 

---------

 

Most Read

Most Recent