ဇူလိုင် ၁ ရက်မှစ၍ နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေးမြို့တို့တွင် ပေါ်ဆန်းမွှေးဆန်များ အိမ်အရောက်ပို့စနစ်ဖြင့်ရောင်းချမည်

ဇူလိုင် ၁ ရက်မှစ၍ နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေးမြို့တို့တွင် ပေါ်ဆန်းမွှေးဆန်များ အိမ်အရောက်ပို့စနစ်ဖြင့်ရောင်းချမည်
Published 26 June 2024

ဇူလိုင် ၁ ရက်မှစ၍ နေပြည်တော်၊ ရန် ကုန်နှင့်မန္တလေးမြို့တို့တွင် ပေါ်ဆန်းမွှေးဆန် များ အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် မှ သိရသည်။

၂၀၂၄ ခုနှစ် ဇူလိုင် ၁ ရက်မှစ၍ နေပြည် တော်၊ ရန်ကုန်မြို့နှင့် မန္တလေး မြို့တို့တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းတို့ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ပေါ်ဆန်းမွှေးဆန်များအား အိမ်အရောက်ပို့စနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေး မည်ဖြစ်ကြောင်း သိရသည်။

ဆန်အမျိုးအစားနှင့်အိမ်အရောက် စျေး နှုန်းအနေဖြင့် ရွှေဘိုပေါ်ဆန်း ၁၀၈ ပေါင်(၂၄ ပြည်) တစ်အိတ်လျှင် ကျပ် ၁၅၂၀၀၀၊ ဧရာ ဝတီပေါ်ဆန်း ၁၀၈ ပေါင်(၂၄ ပြည်) တစ် အိတ်လျှင် ကျပ် ၁၃၀၀၀၀၊ ဧရာဝတီပေါ်ဆန်း ၁၀ ကီလို (၅ ပြည်ခန့်) တစ်အိတ်လျှင်  ကျပ် ၂၆၅၀၀ ဖြစ်သည်။

ဝယ်ယူလိုပါက ၀၉၄၀၀၀၆၇၂၄၀၊ ၀၉၄၀၀၀၆၇၂၅၀၊ ၀၉၄၀၀၀၆၇၂၆၀၊ sales@mrf.com.mm သို့ ကြိုတင်ပေးပို့ ဆက် သွယ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ငွေပေးချေမှုကို KBZ Pay သို့မဟုတ် အခြားနည်းလမ်းဖြင့် ဆောင်ရွက်နိုင်ပြီး မှာ ကြားသည့်နေ့ရက်/ငွေပေးသွင်းပြီးသည့်အ ချိန်ကာလမှစတင်၍ အများဆုံး(၃)ရက်အ တွင်း  အရည်အသွေးမှန်၊အလေးချိန်မှန် ဆန်အိတ်များကို လိပ်စာပါအတိုင်း အိမ်အ ရောက်ပေးပို့သွားမည်ဟု သိရသည်။

အခြားဆန်အမျိုးအစားများနှင့် ထုပ်ပိုး မှုပုံစံအမျိုးမျိုးအားလည်း အိမ်အရောက် ပို့ စနစ်ဖြင့် ဖြန့်ဖြူးနိုင်ရေးကို တိုးချဲ့ဆောင်ရွက် နိုင် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတ်မှတ်စျေးနှုန်းများကို ရည်ညွှန်းစျေး များနှင့်အညီ သင့်တင့်မျှတသောစျေးနှုန်းများ ဖြစ်ပြီး  ထပ်မံလျှော့ချနိုင်ရေး ဆောင်ရွက်နေ ခြင်း၊ ယခုအစီအစဉ်အား စဉ်ဆက်မပြတ် ဆောင်ရွက်မည်ဖြစ်ဖြင်းတို့ကြောင့်  အမှန်လို အပ်မှုအတွက်သာ မှာယူရန် မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုများနှင့် အညီ ဆန်စျေးကွက်နှင့် စျေးနှုန်းတည်ငြိမ် မှန်ကန်ရေး၊ (အထူးသဖြင့် ပြည်တွင်းစားဆန် များဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ် ဆန်းများ၊ အထူးဧည့်မထဆန်များ) စျေးနှုန်း တည်ငြိမ်ပြီး သင့်တင့်မျှတစေရေး၊ သိုလှောင် ၍ စျေးကစားမှုများ မဖြစ်ပေါ်စေရန် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ယခုအခါ လက်ကားဆန်စျေးများသည် ကျဆင်းလာပြီး ရည်ညွှန်းစျေးများအတိုင်း ကုန်စည်ဒိုင်များ၊ ဆန်စက်များနှင့် ပွဲရုံများမှ ပူးပေါင်းပါဝင် ရောင်းချလျက်ရှိပြီ ဖြစ်သည်။ ဆက်လက်၍ လက်လီအရောင်းဆိုင်များ၊ ဆန်ဆိုင်များအထိ စျေးနှုန်းများ သင့်တင့်မျှတ စေရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အနေဖြင့် ညီနောင်အသင်းများ၊ ကုမ္ပ ဏီများ၊ ကုန်သည်များ၊ လက်လီဆိုင်များနှင့် ပူးပေါင်း ၍ လုပ်ဆောင်လျက်ရှိသည်။

နေပြည်တော်၊ ရန်ကုန်၊ မန္တလေးလက်လီ စျေးကွက်များတွင် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီ ပေါ်ဆန်းများ၊ အထူး ဧည့်မထဆန်များအား ရည်ညွှန်းစျေးအပေါ် +၅% နှုန်းထက်မပို သော စျေးဖြင့် လက်လီရောင်းချနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တွင် ဆန်ဆိုင် ၅၈ ဆိုင်၊ မန္တလေးတွင် ဆန်ဆိုင် ၁၂၀ ဆိုင်နှင့် နေပြည်တော်တွင် ဆန်ဆိုင် ၉၆ ဆိုင်တို့၌ အ ထူးဧည့်မထ (10 KG ) (၅ ပြည်ခန့်) တစ်အိတ် လျှင် ၁၅၀၀၀ ကျပ်၊ ပေါ်ဆန်း ((10 KG) (၅ ပြည်ခန့်) တစ်အိတ်လျှင် ၂၅၀၀၀ ကျပ်ဖြင့် တိုးချဲ့ရောင်းချပေးလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး ၀ါးတန်းကုန် စည်ဒိုင်နှင့် ဘုရင့်နောင်ကုန်စည်ဒိုင်တို့တွင် လည်း ရွှေဘိုပေါ်ဆန်းတစ်အိတ် (၂၄ ပြည် အိတ်) တစ်အိတ်လျှင် (၁၃၅၀၀၀- ၁၄၅၀၀၀) ကျပ်၊ ဧရာဝတီပေါ်ဆန်းတစ်အိတ် (၂၄ ပြည် အိတ်)တစ်အိတ်လျှင် (၁၁၀၀၀၀ - ၁၂၀၀၀၀) ကျပ်နှင့် ဧည့်မထ ဆန် တစ်အိတ် (၂၄ ပြည် အိတ်) တစ်အိတ်လျှင် (၇၂၀၀၀ - ၇၅၀၀၀) ကျပ်ဖြင့် အိမ်ထောင်စုတစ်စု တစ်လအတွက် အိမ်ထောင်စုစာရင်း တစ်ခုကိုအခြေခံ၍ ပေါ်ဆန်းအမျိုးအစား ဆန်အိတ်တစ်အိတ်နှင့် ဧည့်မထအမျိုးအစား ဆန်အိတ်တစ်အိတ် ကို ရောင်းချပေးလျက် ရှိသည်။ စျေးသက်သာ စွာ ရောင်းချပေးမှုဖြစ်၍ စားသုံးရန် မဟုတ်ဘဲ လာရောက်ဝယ်ယူပြီး စျေးအမြင့်ဖြင့် ပြန်မ ရောင်းစေရန်အတွက် ကန့်သတ်စိစစ်ဆောင် ရွက်ရခြင်းအပေါ် ပူးပေါင်းပါဝင်ပေးပါရန် နှင့် သိုလှောင်ပြီး စျေးအမြင့်ဖြင့် စျေးဆွဲတင် ရောင်းချမှုများကို ဆောင်ရွက်ခြင်းမပြုနိုင် သည်အထိ အားလုံးမှ ၀ိုင်းဝန်းပါဝင် ကူညီပေး ပါရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က မေတ္တာရပ်ခံထားသည်။

Most Read

Most Recent