ကော့ကရိတ်မြို့နယ် ကော့ဘိန်း တိုက်နယ်အတွင်းဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒေသခံအများအပြား စစ်ဘေးတိမ်းရှောင်နေရပြီး နေအိမ်များ မီးလောင်ပျက်စီးမည်ကို စိုးရိမ်နေကြောင်း သိရ

ကော့ကရိတ်မြို့နယ် ကော့ဘိန်း တိုက်နယ်အတွင်းဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒေသခံအများအပြား စစ်ဘေးတိမ်းရှောင်နေရပြီး နေအိမ်များ မီးလောင်ပျက်စီးမည်ကို စိုးရိမ်နေကြောင်း သိရ
ကျောက်ဂူအတွင်း စစ်ဘေးတိမ်းရှောင်သူများကို တွေ့ရစဉ် (ဓာတ်ပုံ-CJ)
ကျောက်ဂူအတွင်း စစ်ဘေးတိမ်းရှောင်သူများကို တွေ့ရစဉ် (ဓာတ်ပုံ-CJ)
Published 27 March 2024

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းတိုက်နယ် (ကော့ဘိန်းကျေးရွာ) အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာကာ စစ်ဘေးတိမ်းရှောင်နေရပြီး နေအိမ်များ မီးလောင် ပျက်စီးမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ပြီးခဲ့သည့် မတ် ၂၄ ရက် နံနက်ပိုင်းက ကော့ဘိန်းကျေးရွာရှိ ကော့ဘိန်းနယ်မြေရဲစ ခန်းအား လက်နက်ကိုင်ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲအတွင်း တပ်မတော်မှ လေကြောင်းအပြင် စစ်သင်္ဘောများမှလည်း ပစ်ခတ်တိုက်ခိုက်မှုရှိကြောင်း သိရသည်။

ထိုအခြေအနေများကြောင့် ကော့ဘိန်း ကျေးရွာမှ ဒေသခံပြည်သူများမှာ နီးစပ်ရာ ကျေးရွာများသို့ နေရပ်စွန့်ခွာကာ စစ်ဘေးတိမ်းရှောင်ထွက်ပြေးခဲ့ရကြောင်း ကော့ဘိန်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “မတ် ၂၄ ရက်မှာ တရနာရွာဘက်ကို ထွက်မရတော့ အတ္ထရံမြစ် ကိုလှေတွေနဲ့ဖြတ်ပြီးတော့ ခရားကျေးရွာ ဘက်ကို ထွက်ပြေးကြရသူတွေလည်းရှိတယ်။ နောက်ပြီး မင်းရွာအနီးမှာရှိတဲ့ ကျောက်တောင် တွေကိုလည်း ထွက်ပြေးကြသူတွေရှိတယ်” ဟု ပြောကြားသည်။

မင်းရွာအနီးရှိ ကျောက်တောင်လိုဏ်ဂူ များအတွင်း စစ်ဘေးတိမ်းရှောင်နေကြရသူ များအနေဖြင့် ရေသန့်၊ အစားအစာနှင့် ဆေး ၀ါးလိုအပ်ချက်များရှိနေကြောင်းလည်း အဆို ပါဒေသခံက ပြောကြားသည်။

“မြို့ဘက်ကို ပြေးကြသူတွေက နေရေး ထိုင်ရေးရော၊ စားရေးသောက်ရေးပါအဆင် ပြေကြပေမဲ့ တောထဲတို့၊ ကျောက်တောင်ဘက် တွေကို ပြေးကြတဲ့သူတွေကတော့ အကူအညီ တွေလိုအပ်နေပါတယ်။ အဓိကက ရွာမှာကျန် ခဲ့တဲ့ နေအိမ်တွေ မီးမလောင်ဖို့ဘဲ ဆုတောင်း နေရတယ်”ဟု အဆိုပါဒေသခံက ဆက်လက် ပြောကြားသည်။

“ပြီးခဲ့တဲ့ မတ် ၂၄ ရက်နေ့နဲ့ ၂၅ ရက်မှာ တော့ တိုက်ပွဲက ပြင်းထန်တယ်။ ဒေသခံတွေ လည်း ဒဏ်ရာရရှိခဲ့သူ လေးဦးထက်မနည်း ရှိခဲ့ပါတယ်။ အဲဒီအပြင်ကို နေအိမ်တွေလည်း ကျည်စမှန်တာ၊ နေအိမ်နဲ့ ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်းတွေ ထိခိုက်တာတွေလည်းရှိ ခဲ့တယ်”ဟု ဒေသခံတစ်ဦးက ဆိုသည်။

မတ် ၂၆ ရက်ကလည်း ကော့ဘိန်းကျေး ရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲ မှုကြောင့် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးကြောင်း ၎င်းင်းဒေသခံက ပြောကြားသည်။

“လက်ရှိ တပ်က တရနာကျေးရွာဘက် မှာရှိနေတော့ တိုက်ပွဲတွေ ဆက်ဖြစ်မှာကို ကြောက်ပြီးတော့ ကော့ဘိန်း၊ ကော့ပေါက်ရွာ တွေအပြင်ကို ကျိုက်မရောမြို့နယ်ထဲက ဓမ္မ သ၊ တရနာ၊ ကော့စွယ်၊ ကော့ကပ်ရွာတွေက ဒေသခံတွေကလည်း ဘေးလွတ်ရာကို ပြောင်း ရွေ့နေကြတယ်”ဟု အဆိုပါဒေသခံက ဆက် လက်ပြောကြားသည်။

ကော့ဘိန်းကျေးရွာတွင် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒေသခံများအနေဖြင့် မော်လမြိုင်မြို့အပါအဝင် နီးစပ်ရာဒေသများ သို့ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

Most Read

Most Recent