ကြည့််မြင်တိုင် ဗားကရာ ဆိပ်ကမ်းအနီး ရန်ကုန်မြစ်အတွင်း သင်္ဘောတစ်စင်း မီးလောင်မှုဖြစ်ပွား

ကြည့််မြင်တိုင် ဗားကရာ ဆိပ်ကမ်းအနီး ရန်ကုန်မြစ်အတွင်း သင်္ဘောတစ်စင်း မီးလောင်မှုဖြစ်ပွား
Published 1 March 2024

ရန်ကုန်တိုင်းဒေသကြီး ကြည့််မြင်တိုင် မြို့နယ် ဗားကရာ ဆိပ်ကမ်းအနီး ရန်ကုန်မြစ်အတွင်း သင်္ဘောတစ်စင်း မီးလောင်မှုဖြစ်ပွားခဲ့‌ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မတ် လ ၁ ရက် (ယနေ့) နံနက် ၂ နာရီ ၂၃ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာ ဆိပ်ကမ်းအနီး၊ ရန်ကုန်မြစ်အတွင်း သင်္ဘောမီးလောင်မှုဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

သင်္ဘောမီးလောင်မှု‌ကြောင့် ထွက်ပေါ်လာသည့် ပေါက်ကွဲသံ ကိုလည်း ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် နေထိုင်သူများကြား သိလိုက်ရသည်ဟု ရန်ကုန်မြို့ခံအချို့က မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် မှတ်ချက်ပြု ရေးသားထား သည်ကို တွေ့ရသည်။

သင်္ဘောမီးလောင်မှုနှင့် ပတ်သက်ပြီး ကြည့်မြင်တိုင်မြို့နယ်မီးသတ် စခန်းမှ မီသတ်ယာဉ်တစ်စီး၊ အလုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး မီးငြှိမ်းသတ်ခဲ့‌ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။

မီးလောင်မှုအား နံနက် ၃ နာရီ ၇ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၃ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းခဲ့‌ကြောင်း သိရသည်။

Most Read

Most Recent