စစ်တွေမြို့နယ် ပါဒလိပ်ကျေးရွာရှိ အထက်တန်းကျောင်းအနီး လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျောင်းသား/သူ နှစ်ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိ

စစ်တွေမြို့နယ် ပါဒလိပ်ကျေးရွာရှိ အထက်တန်းကျောင်းအနီး လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျောင်းသား/သူ နှစ်ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိ
Published 11 March 2024

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပါဒလိပ်ကျေးရွာရှိ အထက်တန်းကျောင်းအနီး လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ AA သောင်းကျန်းသူများသည် မတ် ၁၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် စစ်တွေမြို့နယ်၊ ပါဒလိပ်ကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၅၀၀၀ ခန့်အကွာမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ပါဒလိပ်ကျေးရွာရှိ  အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းအနီးသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါပေါက်ကွဲမှုကြောင့် ၂၀၂၃ -၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ဖြေဆို၍ ပြန်လာသော ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သည့် ကျောင်းသားနှင့် ကျောင်းသူတို့ နှစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ဆောင်ရွက်ပေးကာ အားပေးစကားများ ပြောကြားခဲ့ကြောင်းလည်း နစကမှ ထုတ်ပြန်သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် စာမေးပွဲဖြေဆိုနေသည့် ကလေးငယ်များအားလုံး ဘေးကင်းလုံခြုံစွာဖြင့် စာမေးပွဲဆက်လက်ဖြေဆိုနိုင်ရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်း များနှင့် အကြမ်းဖက်မှုနှိမ်နင်းရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်သည်။

Most Read

Most Recent