ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာ၊ တရနာကျေးရွာ၊ ကောသတ်ကျေးရွာနှင့် ကော့ကရိတ်မြို့နယ် ကောဘိန်းကျေးရွာများမှ တိမ်းရှောင်သွားသည့် ယာယီနေရပ်စွန့်ခွာသူများ ၎င်းကျေးရွာများသို့ ပြန်လည်ဝင်ရောက်

ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာ၊ တရနာကျေးရွာ၊ ကောသတ်ကျေးရွာနှင့် ကော့ကရိတ်မြို့နယ် ကောဘိန်းကျေးရွာများမှ တိမ်းရှောင်သွားသည့် ယာယီနေရပ်စွန့်ခွာသူများ ၎င်းကျေးရွာများသို့ ပြန်လည်ဝင်ရောက်
မွန်ပြည်နယ်ဝန်ကြီးချုပ်က ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာအတွင်း ပြန်လည်ဝင်ရောက်လာသည့် ဒေသခံများအား တွေ့ဆုံ၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်နေစဉ်
မွန်ပြည်နယ်ဝန်ကြီးချုပ်က ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာအတွင်း ပြန်လည်ဝင်ရောက်လာသည့် ဒေသခံများအား တွေ့ဆုံ၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်နေစဉ်
Published 29 April 2024

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာ၊ တရနာကျေးရွာ၊ ကောသတ်ကျေးရွာနှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကောဘိန်းကျေးရွာတို့တွင် ဒေသခံများပြန်လည် ဝင်ရောက်လျက်ရှိကြောင်းသိရသည်။

ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာနှင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကောဘိန်းကျေးရွာတို့အား KNU အဖွဲ့၊ NMSP AD(မွန်ခွဲထွက်အဖွဲ့)နှင့် PDF များဝင်ရောက် နေရာယူထားရာမှ တပ်မတော်က ဓမ္မသကျေး ရွာကို ဧပြီ ၂၂ ရက်နှင့် ကောဘိန်းကျေးရွာကို ဧပြီ ၂၅ ရက်တွင်လည်းကောင်း ပြန်လည် ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ၎င်းဒေသများမှ ယာယီနေရပ် စွန့်ခွာနေရသော ဒေသခံပြည်သူများကို ၎င်းတို့၏ ကျေးရွာများသို့ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက စည်းရုံးဆောင်ရွက်ခဲ့ရာ ဧပြီ ၂၇ ရက်အထိ မွန်ပြည်နယ် ဓမ္မသကျေးရွာ၊ တရနာကျေးရွာနှင့် ကောသတ်ကျေးရွာများသို့ အမျိုးသား ၉၆ ဦး၊ အမျိုးသမီး ၁၂၄ ဦး၊ စုစုပေါင်း ၂၂၀ ဦးနှင့် ကရင်ပြည်နယ် ကော့ဘိန်းကျေးရွာသို့ အမျိုးသား ၁၆၁ ဦး၊ အမျိုးသမီး ၃၂၄ ဦး၊ စုစုပေါင်း ၄၈၅ ဦးတို့ ပြန်လည်ဝင်ရောက် နေထိုင်လာကြောင်း နစက၏ ထုတ်ပြန်မှုအရ သိရသည်။

အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ကြိုဆို၍ စနစ်တကျလက်ခံလျက်ရှိပြီး လိုအပ်သည့် ကူညီစောင့်ရှောက်ရေးလုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။                   

ထို့အပြင် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာ ပစ္စည်းများနှင့် လိုအပ်သည့် ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ယာယီနေရပ်စွန့်ခွာနေရသော ဒေသခံပြည်သူများသည် ၎င်းတို့၏ နေရပ်အသီးသီးသို့ဆက်လက် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent