နမ့်စန်မြို့နယ်တွင် KNPP၊ KNDF၊ KNLA အဖွဲ့များထံသို့ ပို့ဆောင်မည့် လက်နက် ခဲယမ်းများနှင့်အတူ RCSS/SSA အဖွဲ့မှ စုမှူးအဆင့်ရှိသူ တစ်ဦး အပါအဝင် ငါးဦးအား ဖမ်းဆီးရမိ

နမ့်စန်မြို့နယ်တွင် KNPP၊ KNDF၊ KNLA အဖွဲ့များထံသို့ ပို့ဆောင်မည့် လက်နက် ခဲယမ်းများနှင့်အတူ RCSS/SSA အဖွဲ့မှ စုမှူးအဆင့်ရှိသူ တစ်ဦး အပါအဝင် ငါးဦးအား ဖမ်းဆီးရမိ
Published 14 July 2024

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်တွင် KNPP၊ KNDF၊ KNLA အဖွဲ့များထံသို့ ပို့ဆောင်မည့် လက်နက်/ခဲယမ်းများနှင့်အတူ RCSS/SSA အဖွဲ့မှ စုမှူးအဆင့်ရှိသူ တစ်ဦး အပါအဝင် ငါးဦးအား ဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

နမ့်စန်မြို့နယ်အတွင်းမှ တရားမဝင် လက်နက်/ခဲယမ်းများအား ကယားပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း သို့ သယ်ဆောင်ရန်ရှိကြောင်း သတင်းပေးပို့ချက်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပူးပေါင်းစစ်ဆေးဆောင်ရွက် မှုများကြောင့် ဇူလိုင် ၁၂ ရက်တွင် နမ့်စန်မြို့နယ်၊ မတ်ကျန်းကျေးရွာအနီး နားရိုင်းကျေးရွာလမ်းခွဲ၌ မတ်ကျန်းကျေးရွာဘက်မှ မောင်းနှင်လာသည့် ယာဉ်အမှတ် 2K-7178 Vigo(အနက်ရောင်)ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ RCSS/SSA အဖွဲ့မှ စုမှူးအဆင့်ရှိ စိုင်းနွံမိန်း၊ တပ်သားအဆင့်ရှိသူများဖြစ်ကြသည့် စိုင်းဆု(ခ)ဆုဇေယျ၊ စိုင်းကောင်၊ ဘိုဘိုဟန်နှင့် စိုင်းနွံလှိုင်း တို့ ငါးဦးအား KIA အဖွဲ့မှ ထုတ်လုပ်သည့် KA (၄၀ မမ) ငါးလက်၊ ၄၀ မမဆုံလည်(၆ လုံးတွဲ) ငါးလက်၊ ၄၀ မမ တစ်လုံးထိုး ငါးလက်၊ ၇ ဒသမ ၆၂ ကျည် ၄၃၇၆၅ တောင့်၊ ၄၀ မမ ဗုံးသီး ၄၅၀ လုံး၊ KA ကျည်အိမ် ၁၅ ခု၊ လွယ်ကြိုး ၁၅ ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစက မှ ထုတ်ပြန်သည်။

ဖမ်းဆီးရမိထားသူများ၏ ထွက်ဆိုချက်အရ စိုင်းနွံမိန်းသည် RCSS/SSA အဖွဲ့၊ တပ္မဟာ(၇၅၉)မွ စုမှူးအဆင့်ရှိသူဖြစ်ပြီး ကျန်လေးဦးသည် တပ်သားအဆင့်ရှိသူများ ဖြစ်ကြောင်း၊ ဖမ်းဆီးရမိ လက်နက်/ ခဲယမ်းများအား ဇူလိုင် ၁၂ ရက်တွင် နားရိုင်းကျေးရွာလမ်းခွဲ၌ PNLA အဖွဲ့ဝင် သထိုထံမွ လက်ခံရယူ၍ PNLA အဖွဲ့နှင့်ချိတ်ဆက်ထားသည့် ကယားပြည်နယ်အတွင်းရှိ KNPP၊ KNDF အဖွဲ့များထံသို့ လည်းကောင်း၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်၌ လှုပ်ရှားလျက်ရှိသည့် KNLA အဖွဲ့ထံသို့ လည်းကောင်း၊ ပို့ဆောင်ပေးရန်အတွက် သယ်ဆောင်လာစဉ် ဖမ်းဆီးခံရခြင်းကြောင်း နစကမွ ထုတ်ပြန်သည်။

ဖြစ်စဉ်တွင် ဖမ်းဆီးရမိသည့် လက်နက်/ခဲယမ်းများသည် KIA အဖွဲ့မှ ထုတ်လုပ်သည့် လက်နက်/ခဲယမ်း များဖြစ်ကြောင်း စိစစ်တွေ့ရှိရပြီး KIA အဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာ ထားသော PDF အဖွဲ့များထံသို့ လည်းကောင်း၊ အခြားလက်နက်ကိုင်အဖွဲ့များထံသို့ လည်းကောင်း၊ လက်နက်/ခဲယမ်းနှင့် ဖောက်ခွဲရေးပစ္စည်းများအား ထောက်ပံ့ကူညီခြင်း၊ ရောင်းချပေးခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ခြင်းဖြင့် အကြမ်းဖက်အဖွဲ့များနှင့် လက်နက်ကိုင်သောင်းကျန်းသူများမှ အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းများ အပါအဝင် ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင် လမ်း၊ တံတား၊ အဆောက်အဦများ အား ဖောက်ခွဲဖျက်ဆီးခြင်းများ ဆောင်ရွက်ရာတွင် အားပေးကူညီလျက်ရှိသည်ကို ဖော်ထုတ်တွေ့ရှိရကြောင်း နစက မှ  ထုတ်ပြန်သည်။

Most Read

Most Recent